မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိတာကို တွေ့မြင်လိုကြောင်း အိန္ဒိယအစိုးရ ပြော

 1246

ဂျန်ဇက် (NP News) - ဇွန် ၁၅
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီအခက်အခဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက် နေရသလို မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိစေဖို့ လိုလားကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အင်ဒရာမာနီ ပန်ဒေးက ဆိုပါတယ်။

အိန္ဒိယသံအမတ်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပတဲ့ အကြိမ် ၅ဝ မြောက် ကုလမသဂ္ဂလူအခွင့်အရေး ကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့လူအခွင့်အရေးအခြေအေနေနဲ့ပတ်သက်ပြီး ဆွေးနွေးချိန်အတွင်း အခု လိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

သံအမတ်ကြီး ပန်ဒေးက "အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံ မှာဖြစ်နေတဲ့မတည်ငြိမ်မှုတွေက စိုးရိမ်မှုဖြစ်ရသလို အိန္ဒိယနိုင်ငံအပေါ် တိုက်ရိုက်ဆက်နွယ်နေပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုဒဏ်ကို အဆိုးရွားဆုံးရင်ဆိုင်နေရတယ်။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ လူသားချင်းဆိုင်ရာစာနာမှုအကူညီ များနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ဆက်လက်ကူညီပံ့ပိုးမှာပါ။ အိန္ဒိယဟာ မြန်မာနိုင်ငံမှာ အစား စာလိုအပ်မှု မဖြစ်ရအောင်ဆန် နဲ့ ဂျုံ တန်ချိန် ၁ဝဝဝ ကူညီပေးထားတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဆေးတွေလည်း ကူညီပံ့ပိုးပေးထားပါတယ်" လို့ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယသံအမတ်ကြီးက မြန်မာပြည်သူတွေ ဘေးကင်းလုံခြုံရေးက အိန္ဒိယရဲ့အဓိကဦးစားပေး အစီ အစဉ်အဖြစ် ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယသံအမတ်ကြီးပန်ဒေးက "မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးပြီး၊ တွေ့ဆုံဆွေးနွေးမှုများလုပ်ကာ ဒီမိုကရေစီလမ်းကြောင်းအပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိဖို့ တွေ့မြင်လိုပါ တယ်။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အကြမ်းဖက်မှုတွေကိုလည်း အဆုံးသတ်စေလိုတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်နေတာတွေကို စိုးရိမ်မိတယ်။ မြန်မာနိုင်ငံရေးမှာပါဝင်တဲ့ အဖွဲ့အစည်း အားလုံးပါဝင်မယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ တွေ့ဆုံ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် ၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ လုပ်ငန်းစဉ်တွေမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်။ အာဆီယံသဘောတူညီချက်ငါးချက်ကို အခြေခံပြီး အပြုသဘော ဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး တိုးတက်အောင်လုပ်သင့်တယ်။ လူသားချင်း ဆိုင်ရာစာနာမှုအကူအညီများ တိုးတက်အောင်လုပ်ဆောင်ရမယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်း အားလုံးပါဝင်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေးရမှာဖြစ်သလို အိန္ဒိယက အဲဒီရည်မှန်းချက်များ ဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်ပေးသွားမှာပါ" လို့ပြောပါတယ်။

https://www.aninews.in/news/world/europe/india-expresses-concern-over-humanitarian-crisis-in-myanmar-calls-for-restoration-to-democracy20220614230014/

Zawgyi Version;
ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းအေပၚ အျမန္ဆုံးျပန္လည္ေရာက္ရွိတာကို ေတြ႕ျမင္လိုေၾကာင္း အိႏၵိယအစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၁၅
ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအခက္အခဲေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈျမင့္တက္ ေနရသလို ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းအေပၚ အျမန္ဆုံးျပန္လည္ေရာက္ရွိေစဖို႔ လိုလားေၾကာင္း ကုလသမဂၢဆိုင္ရာ အိႏၵိယသံအမတ္ႀကီး အင္ဒရာမာနီ ပန္ေဒးက ဆိုပါတယ္။

အိႏၵိယသံအမတ္ႀကီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပတဲ့ အႀကိမ္ ၅ဝ ေျမာက္ ကုလမသဂၢလူအခြင့္အေရး ေကာင္စီအစည္းအေဝးမွာ ျမန္မာႏိုင္ငံရဲ႕လူအခြင့္အေရးအေျခေအေနနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခ်ိန္အတြင္း အခု လိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

သံအမတ္ႀကီး ပန္ေဒးက "အိႏၵိယဟာ ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံ မွာျဖစ္ေနတဲ့မတည္ၿငိမ္မႈေတြက စိုးရိမ္မႈျဖစ္ရသလို အိႏၵိယႏိုင္ငံအေပၚ တိုက္႐ိုက္ဆက္ႏြယ္ေနပါတယ္။ အမ်ိဳးသမီးနဲ႔ ကေလးေတြဟာ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္မႈဒဏ္ကို အဆိုး႐ြားဆုံးရင္ဆိုင္ေနရတယ္။ ရခိုင္ျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံမွာ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီ မ်ားနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အိႏၵိယႏိုင္ငံက ဆက္လက္ကူညီပံ့ပိုးမွာပါ။ အိႏၵိယဟာ ျမန္မာႏိုင္ငံမွာ အစား စာလိုအပ္မႈ မျဖစ္ရေအာင္ဆန္ နဲ႔ ဂ်ဳံ တန္ခ်ိန္ ၁ဝဝဝ ကူညီေပးထားတယ္။ ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ ေဆးေတြလည္း ကူညီပံ့ပိုးေပးထားပါတယ္" လို႔ေျပာပါတယ္။

ဒါ့အျပင္ အိႏၵိယသံအမတ္ႀကီးက ျမန္မာျပည္သူေတြ ေဘးကင္းလုံၿခဳံေရးက အိႏၵိယရဲ႕အဓိကဦးစားေပး အစီ အစဥ္အျဖစ္ ဆက္လက္ရွိေနမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အိႏၵိယသံအမတ္ႀကီးပန္ေဒးက "ျမန္မာႏိုင္ငံမွာ ဖမ္းဆီး ထိန္းသိမ္းထားသူေတြကို ျပန္လႊတ္ေပးၿပီး၊ ေတြ႕ဆုံေဆြးေႏြးမႈမ်ားလုပ္ကာ ဒီမိုကေရစီလမ္းေၾကာင္းအေပၚ အျမန္ဆုံးျပန္လည္ေရာက္ရွိဖို႔ ေတြ႕ျမင္လိုပါ တယ္။ ျမန္မာႏိုင္ငံမွာလက္ရွိျဖစ္ေနတဲ့အၾကမ္းဖက္မႈေတြကိုလည္း အဆုံးသတ္ေစလိုတယ္။ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈမ်ား ဆက္လက္ျဖစ္ေနတာေတြကို စိုးရိမ္မိတယ္။ ျမန္မာႏိုင္ငံေရးမွာပါဝင္တဲ့ အဖြဲ႕အစည္း အားလုံးပါဝင္မယ့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ေတြ႕ဆုံ ေဆြးေႏြးရမွာ ျဖစ္ပါတယ္။ အိႏၵိယဟာ ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့အတြက္ ၂ဝ၁၁ ခုႏွစ္ေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ဒီမိုကေရစီ လုပ္ငန္းစဥ္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံခဲ့တယ္။ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အေျခခံၿပီး အျပဳသေဘာ ေဆာင္တဲ့ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ၿပီး တိုးတက္ေအာင္လုပ္သင့္တယ္။ လူသားခ်င္း ဆိုင္ရာစာနာမႈအကူအညီမ်ား တိုးတက္ေအာင္လုပ္ေဆာင္ရမယ္။ ျမန္မာႏိုင္ငံေရးမွာ ပါဝင္ေနတဲ့အဖြဲ႕အစည္း အားလုံးပါဝင္မယ့္ ႏိုင္ငံေရးလုပ္ငန္းစဥ္မ်ား ေတြ႕ဆုံေဆြးေႏြးရမွာျဖစ္သလို အိႏၵိယက အဲဒီရည္မွန္းခ်က္မ်ား ျဖစ္လာေအာင္ ပူးေပါင္းေဆာင္႐ြက္ေပးသြားမွာပါ" လို႔ေျပာပါတယ္။

https://www.aninews.in/news/world/europe/india-expresses-concern-over-humanitarian-crisis-in-myanmar-calls-for-restoration-to-democracy20220614230014/

Related news

© 2021. All rights reserved.