စိုက်ပျိုးရေးသုံး မြေသြဇာတစ်အိတ်ကို မြို့အလိုက် ငွေကျပ် (၈ဝဝဝဝ)ကျော်မှ တစ်သိန်းဝန်းကျင်အထိ နစက ဈေးနှုန်းသတ်မှတ်

 1028

မျိုးကြီး (NP News) - ဇွန် ၁၅
စိုက်ပျိုးရေးသုံး ယူရီးယားမြေသြဇာတစ်အိတ်ကို မြို့အလိုက် ငွေကျပ် (၈ဝဝဝဝ)ကျော်မှ တစ်သိန်းဝန်းကျင်အထိ ဈေးနှုန်းသတ်မှတ်ထားကြောင်း ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်နေသော ယူရီးယားမြေသြဇာများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစက၏ ယူရီးယားမြေသြဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီက ဆိုသည်။

ထို့ပြင် တောင်သူများအနေဖြင့် ယူရီးယားမြေသြဇာများကို သက်ဆိုင်ရာကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ဝယ်ယူခွင့်လက်မှတ်များကို အခမဲ့ရယူကာ မြို့နယ်များရှိ အရောင်းဆိုင်များတွင် ကော်မတီက ထုတ်ပြန်ထားသော ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်မည်ဟု ဆို သည်။

ယူရီးယားမြေသြဇာတစ်အိတ်လျှင် ရန်ကုန်မြို့ ဂိုဒေါင်ဈေးနှုန်းအဖြစ် ၈၆ဝဝဝ ကျပ်သတ်မှတ်ထားပြီး ပဲခူးတိုင်း၊ ပြည်မြို့တွင် ၈၈၆ဝဝ ကျပ်၊ ရခိုင်ပြည်နယ်၊ မောင်တောတွင် ၉၉၄ဝဝ ကျပ်အဖြစ် ဈေးနှုန်းသတ်မှတ်ထားသည်။

ထို့အတူ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် မြေသြဇာတစ်အိတ်လျှင် ၈၈၂ဝဝ ကျပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ၁ဝဝ၈ဝဝ ကျပ်အဖြစ် ယူရီးယားမြေသြဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီက ဈေးနှုန်းသတ်မှတ်ရောင်းချပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်းက ယူရီးယားမြေသြဇာတစ်အိတ်လျှင် ငွေကျပ် လေးသောင်းဝန်ကျင်းခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် မြေသြဇာဈေးနှုန်းများကြီးမြင့်လာနေသည့်အတွက် စိုက်ပျိုးလုပ်ငန်းများတွင် ပိုမိုခက်ခဲ့လာကြောင်း တောင်သူများက ပြောသည်။

“မြေဆီတစ်အိတ်ဈေးနှုန်းကတော့ တစ်သိန်းလောက်ပေးဝယ်နေရတယ်။ အရင်နှစ်တွေထက်စာရင် ဈေးအများကြီးတက် လာတာပေါ့။ အခုနှစ်ဆိုရင် ဦးလေးတို့က နွေးစပါးစိုက်တယ်။ နွေးစပါးက မြေဆီကြိုက်တယ်လေ။ မြေဆီဈေးကလည်း ဈေးကြီးနေတော့ ထိထိရောက်ရောက်မပတ်နိုင်ဘူး။ မြေဆီမသုံးနိုင်တော့ ဘာဖြစ်လဲဆိုတော့ စပါးအထွက်နည်းသွားတာ ပေါ့။ မြေဆီသေချာသုံးနိုင်ရင် တစ်ဧကကို စပါးက တင်း ၈ဝ၊ ၉ဝ လောက်ရတယ်။ အခုဆိုရင် ၅ဝ ဝန်းကျင်လောက်ပဲရ တယ်” ဟု ပဲခူးတိုင်းအတွင်းရှိ တောင်သူတစ်ဦးက ပြောသည်။

ယူရီးယားမြေသြဇာ တန်ချိန် ၇၅ဝဝဝ ကို တင်သွင်းထားပြီး တိုင်းနှင့်ပြည်နယ်များရှိ အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ဇွန်လ ၁၁ ရက်မှစ၍ ရောင်းချပေးလျက်ရှိကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။

zawgyi version
စိုက္ပ်ိဳးေရးသုံး ေျမၾသဇာတစ္အိတ္ကို ၿမိဳ႕အလိုက္ ေငြက်ပ္ (၈ဝဝဝဝ)ေက်ာ္မွ တစ္သိန္းဝန္းက်င္အထိ နစက ေဈးႏႈန္းသတ္မွတ္
မ်ိဳးႀကီး (NP News) - ဇြန္ ၁၅

စိုက္ပ်ိဳးေရးသုံး ယူရီးယားေျမၾသဇာတစ္အိတ္ကို ၿမိဳ႕အလိုက္ ေငြက်ပ္ (၈ဝဝဝဝ)ေက်ာ္မွ တစ္သိန္းဝန္းက်င္အထိ ေဈးႏႈန္းသတ္မွတ္ထားေၾကာင္း ယူရီးယားေျမၾသဇာဝယ္ယူျဖန႔္ျဖဴးေရာင္းခ်ေရးဦးေဆာင္ေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ေတာင္သူမ်ား စိုက္ပ်ိဳးေရးလုပ္ငန္းခြင္တြင္ အသုံးျပဳရန္ လိုအပ္ေနေသာ ယူရီးယားေျမၾသဇာမ်ားကို ျပင္ပေပါက္ေဈးထက္ ေဈးႏႈန္းသက္သာစြာျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက၏ ယူရီးယားေျမၾသဇာဝယ္ယူ ျဖန႔္ျဖဴးေရာင္းခ်ေရးဦးေဆာင္ေကာ္မတီက ဆိုသည္။

ထို႔ျပင္ ေတာင္သူမ်ားအေနျဖင့္ ယူရီးယားေျမၾသဇာမ်ားကို သက္ဆိုင္ရာေက်း႐ြာအုပ္စုလယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕ထံမွ ဝယ္ယူခြင့္လက္မွတ္မ်ားကို အခမဲ့ရယူကာ ၿမိဳ႕နယ္မ်ားရွိ အေရာင္းဆိုင္မ်ားတြင္ ေကာ္မတီက ထုတ္ျပန္ထားေသာ ေဈးႏႈန္းမ်ားအတိုင္း ဝယ္ယူရရွိႏိုင္မည္ဟု ဆို သည္။

ယူရီးယားေျမၾသဇာတစ္အိတ္လွ်င္ ရန္ကုန္ၿမိဳ႕ ဂိုေဒါင္ေဈးႏႈန္းအျဖစ္ ၈၆ဝဝဝ က်ပ္သတ္မွတ္ထားၿပီး ပဲခူးတိုင္း၊ ျပည္ၿမိဳ႕တြင္ ၈၈၆ဝဝ က်ပ္၊ ရခိုင္ျပည္နယ္၊ ေမာင္ေတာတြင္ ၉၉၄ဝဝ က်ပ္အျဖစ္ ေဈးႏႈန္းသတ္မွတ္ထားသည္။

ထို႔အတူ ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕တြင္ ေျမၾသဇာတစ္အိတ္လွ်င္ ၈၈၂ဝဝ က်ပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတုံၿမိဳ႕တြင္ ၁ဝဝ၈ဝဝ က်ပ္အျဖစ္ ယူရီးယားေျမၾသဇာဝယ္ယူ ျဖန႔္ျဖဴးေရာင္းခ်ေရးဦးေဆာင္ေကာ္မတီက ေဈးႏႈန္းသတ္မွတ္ေရာင္းခ်ေပးေနျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ႏွစ္မ်ားအတြင္းက ယူရီးယားေျမၾသဇာတစ္အိတ္လွ်င္ ေငြက်ပ္ ေလးေသာင္းဝန္က်င္းခန႔္သာရွိခဲ့ေသာ္လည္း လက္ရွိတြင္ ေျမၾသဇာေဈးႏႈန္းမ်ားႀကီးျမင့္လာေနသည့္အတြက္ စိုက္ပ်ိဳးလုပ္ငန္းမ်ားတြင္ ပိုမိုခက္ခဲ့လာေၾကာင္း ေတာင္သူမ်ားက ေျပာသည္။

“ေျမဆီတစ္အိတ္ေဈးႏႈန္းကေတာ့ တစ္သိန္းေလာက္ေပးဝယ္ေနရတယ္။ အရင္ႏွစ္ေတြထက္စာရင္ ေဈးအမ်ားႀကီးတက္ လာတာေပါ့။ အခုႏွစ္ဆိုရင္ ဦးေလးတို႔က ေႏြးစပါးစိုက္တယ္။ ေႏြးစပါးက ေျမဆီႀကိဳက္တယ္ေလ။ ေျမဆီေဈးကလည္း ေဈးႀကီးေနေတာ့ ထိထိေရာက္ေရာက္မပတ္ႏိုင္ဘူး။ ေျမဆီမသုံးႏိုင္ေတာ့ ဘာျဖစ္လဲဆိုေတာ့ စပါးအထြက္နည္းသြားတာ ေပါ့။ ေျမဆီေသခ်ာသုံးႏိုင္ရင္ တစ္ဧကကို စပါးက တင္း ၈ဝ၊ ၉ဝ ေလာက္ရတယ္။ အခုဆိုရင္ ၅ဝ ဝန္းက်င္ေလာက္ပဲရ တယ္” ဟု ပဲခူးတိုင္းအတြင္းရွိ ေတာင္သူတစ္ဦးက ေျပာသည္။

ယူရီးယားေျမၾသဇာ တန္ခ်ိန္ ၇၅ဝဝဝ ကို တင္သြင္းထားၿပီး တိုင္းႏွင့္ျပည္နယ္မ်ားရွိ အေရာင္းဆိုင္ ၂၉၁ ဆိုင္တြင္ ဇြန္လ ၁၁ ရက္မွစ၍ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း ေကာ္မတီက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.