လကမ္ဘာပေါ်တွင် “ရေ” ရှိကြောင်း တရုတ်နိုင်ငံအတည်ပြု

 5097

Htay Oung (NP News) - ဇွန် ၁၆
လကမ္ဘာပေါ်ကို ဆင်းသက်ခဲ့တဲ့ Chang'e 5 “ချန်အိ-၅” လဆင်းယာဉ်က စုဆောင်းခဲ့တဲ့ ကျောက်တုံးများကို ကမ္ဘာမြေပေါ်ပြန်ရောက်လို့ စစ် ဆေးကြည့်တဲ့အခါ "ရေ"ရှိနေနိုင်တာကို ညွှန်ပြနေတယ်လို့ တရုတ်သိပ္ပံ ပညာရှင်များက အစီရင်ခံလိုက်ပါတယ်။ ယခုရက်သတ္တပတ်ထုတ်ဝေတဲ့ Nature Communications မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်မှာ အဲ့ဒီတွေ့ရှိချက်ကို မျှဝေထားကြောင်း RT က ဇွန်လ ၁၅ ရက်မှာ ရေးသားပါတယ်။

တရုတ်သိပ္ပံပညာရှင်များဟာ ကမ္ဘာမြေရဲ့ ဆွဲငင်အားနိမ့်ပတ်ဝန်းကျင်မှာ "လ"အတု တစ်စင်းဖန်တီးရန် ပြင်ဆင်နေကြပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလမှာ ကမ္ဘာမြေပေါ်ကို ပြန်လည်ရောက်ရှိခဲ့တဲ့ လဆင်းယာဉ်ဟာ "ရီဂိုလစ်"လို့ သိထားကြတဲ့ ကျောက်သားနဲ့မြေသား ၁.၇ ကီလိုဂ ရမ် (၃.၅ ပေါင်ကျော်)ကို သယ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

(ဂရိဘာသာ “ကျောက်ကဗ္ဗလာ” လို့ အဓိပ္ပါယ်ရတဲ့ “ ရီဂိုလစ်” ဆိုတာ ပေါင်းစုထားခြင်း မရှိတဲ့ ကျောက်တုံးများနဲ့ အမှုန်အမွှားများပါဝင်ပြီး မြေလွှာအောက်မှာ တည်ရှိတဲ့ “ မြေဆီလွှာ” ဖြစ်ပါတယ်။ကမ္ဘာမြေရဲ့ ရီဂိုလစ်မှာ ဇီဝကိုယ်စားပြုတို့ လွန်ကဲစွာပါဝင်ပြီး အပင်များကြီးထွားဖို့အ တွက် အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ အလူမီနီယံ၊ သံ၊ ရွှံစေး၊ စိန်နဲ့ မြေရှားဒြပ်စင်တွေလို အခြားဘူမိဗေဒအရင်းအမြစ်များလည်း တည်ရှိနေပါတယ်။ လကမ္ဘာ နဲ့ အခြားဂြိုလ်များရဲ့ မြေလွှာမှာလည်း ရီဂိုလစ်တို့ ရှိနေတတ်ပြီး သိရှိထားသမျှမှာ ကမ္ဘာမြေလို မြေဆီလွှာပါဝင်တာ မတွေ့ရဘူးလို့ ယခုအချိန်ထိ အတည်ပြုထားကြပါတယ်။)

ကောက်ယူစုဆောင်းခဲ့တဲ့ မြေသားနမူနာတွေရဲ့ ဓာတုပါဝင်မှုကို တိုင်း တာတဲ့အခါ လဆင်းယာဉ်မှာ ပါရှိတဲ့ စမ်းသပ်ကိရိယာများကိုလည်း အ သုံးပြုခဲ့ကြောင်း သိရှိရပါတယ်။

တရုတ်သိပ္ပံပညာရှင်များ စမ်းသပ်ဆေးခဲ့တဲ့ လကျောက်အမျိုးအစားအချို့မှာ “ ရေမော်လီကျုး” ပါဝင်မှုဟာ အပုံတစ်သန်းလျှင် ၁၂ဝ ပုံခန့် (ppm) နဲ့ အချို့မှာ အပုံ ၁၈ဝ ppm ခန့် ရှိနေပါတယ်။ အဲ့ဒါကို တိုက် ရိုက်လေ့လာခဲ့တဲ့ တရုတ်သိပ္ပံ အကယ်ဒမီအဖွဲ့ဟာ ချိန်အိ-၅ က ကမ္ဘာမြေကို ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ မြေသားနမူနာများမှာ ရေပါဝင်ကြောင်း အတည်ပြုလိုက်ပါတယ်။

သိပ္ပံပညာရှင်များ ခွဲခြမ်းစိတ်ဖြာခဲ့ဖူးတဲ့ မြေဆီလွှာရဲ့ ရေပါဝင်မှုဟာ အ ပုံ (၁)သန်းလျှင် ၂၈.၅ ပုံမျှသာရှိတဲ့အတွက် လကမ္ဘာရဲ့ စံနှုန်းအရပင် ခြောက်သွေ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အက်ပတိုက်သတ္တုဓါတ်ကိုလည်းတွေရှိရပြီး H2O ပါဝင်မှုဟာ စောစောပိုင်းခန့်မှန်းထားခဲ့သလို အပုံတစ်သန်းလျှင် ၁၇၉ ပုံအထိ ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ကမ္ဘာမြေပေါ်မှာရှိတဲ့ တယ်လီစကုပ်နဲ့ အာသာသဂြိုလ်တုထောက်လှမ်းမှုများအရ လကမ္ဘာရဲ့ ကျောက်သားများ မှာ ဟိုက်ဒရိုအောက်ဆိုင် သို့ မဟုတ် H20 ကဲ့သို့ ရေပါဝင်နေကြောင်း သိပ္ပံပညာရှင်များအနေနဲ့ သံ သယဝင်ခဲ့တာ ကြာပါပြီ။

အနာဂတ်ကာလမှာ အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်မော်လီကျူးများကို ဖမ်းယူပြီး အာကာသယာဉ်မှူးများအတွက် ရောက်ရာနေရာမှာ ရေနဲ့ သန့်စင်တဲ့ အောက်ဆီဂျင်ကို ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ရတဲ့အ တွက် ကမ္ဘာမြေက လွှတ်တင်ထားတဲ့ ဂြိုလ်တုရဲ့ နယ်မြေဟာလဲ ကျယ်ဝန်းလာမှာဖြစ်ပါတယ်။

https://www.rt.com/news/557217-china-moon-water-study/

zawgyi version
လကမာၻေပၚတြင္ “ေရ” ရွိေၾကာင္း တ႐ုတ္ႏိုင္ငံအတည္ျပဳ
Htay Oung (NP News) - ဇြန္ ၁၆

လကမာၻေပၚကို ဆင္းသက္ခဲ့တဲ့ Chang'e 5 “ခ်န္အိ-၅” လဆင္းယာဥ္က စုေဆာင္းခဲ့တဲ့ ေက်ာက္တုံးမ်ားကို ကမာၻေျမေပၚျပန္ေရာက္လို႔ စစ္ ေဆးၾကည့္တဲ့အခါ "ေရ"ရွိေနႏိုင္တာကို ၫႊန္ျပေနတယ္လို႔ တ႐ုတ္သိပၸံ ပညာရွင္မ်ားက အစီရင္ခံလိုက္ပါတယ္။ ယခုရက္သတၱပတ္ထုတ္ေဝတဲ့ Nature Communications မဂၢဇင္းပါ ေဆာင္းပါးတစ္ပုဒ္မွာ အဲ့ဒီေတြ႕ရွိခ်က္ကို မွ်ေဝထားေၾကာင္း RT က ဇြန္လ ၁၅ ရက္မွာ ေရးသားပါတယ္။

တ႐ုတ္သိပၸံပညာရွင္မ်ားဟာ ကမာၻေျမရဲ႕ ဆြဲငင္အားနိမ့္ပတ္ဝန္းက်င္မွာ "လ"အတု တစ္စင္းဖန္တီးရန္ ျပင္ဆင္ေနၾကပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္ ဒီဇင္ဘာလမွာ ကမာၻေျမေပၚကို ျပန္လည္ေရာက္ရွိခဲ့တဲ့ လဆင္းယာဥ္ဟာ "ရီဂိုလစ္"လို႔ သိထားၾကတဲ့ ေက်ာက္သားနဲ႔ေျမသား ၁.၇ ကီလိုဂ ရမ္ (၃.၅ ေပါင္ေက်ာ္)ကို သယ္ေဆာင္လာခဲ့တယ္လို႔ ဆိုပါတယ္။

(ဂရိဘာသာ “ေက်ာက္ကဗၺလာ” လို႔ အဓိပၸါယ္ရတဲ့ “ ရီဂိုလစ္” ဆိုတာ ေပါင္းစုထားျခင္း မရွိတဲ့ ေက်ာက္တုံးမ်ားနဲ႔ အမႈန္အမႊားမ်ားပါဝင္ၿပီး ေျမလႊာေအာက္မွာ တည္ရွိတဲ့ “ ေျမဆီလႊာ” ျဖစ္ပါတယ္။ကမာၻေျမရဲ႕ ရီဂိုလစ္မွာ ဇီဝကိုယ္စားျပဳတို႔ လြန္ကဲစြာပါဝင္ၿပီး အပင္မ်ားႀကီးထြားဖို႔အ တြက္ အဓိကအစိတ္အပိုင္းျဖစ္ပါတယ္။ အလူမီနီယံ၊ သံ၊ ႐ႊံေစး၊ စိန္နဲ႔ ေျမရွားျဒပ္စင္ေတြလို အျခားဘူမိေဗဒအရင္းအျမစ္မ်ားလည္း တည္ရွိေနပါတယ္။ လကမာၻ နဲ႔ အျခားၿဂိဳလ္မ်ားရဲ႕ ေျမလႊာမွာလည္း ရီဂိုလစ္တို႔ ရွိေနတတ္ၿပီး သိရွိထားသမွ်မွာ ကမာၻေျမလို ေျမဆီလႊာပါဝင္တာ မေတြ႕ရဘူးလို႔ ယခုအခ်ိန္ထိ အတည္ျပဳထားၾကပါတယ္။)

ေကာက္ယူစုေဆာင္းခဲ့တဲ့ ေျမသားနမူနာေတြရဲ႕ ဓာတုပါဝင္မႈကို တိုင္း တာတဲ့အခါ လဆင္းယာဥ္မွာ ပါရွိတဲ့ စမ္းသပ္ကိရိယာမ်ားကိုလည္း အ သုံးျပဳခဲ့ေၾကာင္း သိရွိရပါတယ္။

တ႐ုတ္သိပၸံပညာရွင္မ်ား စမ္းသပ္ေဆးခဲ့တဲ့ လေက်ာက္အမ်ိဳးအစားအခ်ိဳ႕မွာ “ ေရေမာ္လီက်ဳး” ပါဝင္မႈဟာ အပုံတစ္သန္းလွ်င္ ၁၂ဝ ပုံခန႔္ (ppm) နဲ႔ အခ်ိဳ႕မွာ အပုံ ၁၈ဝ ppm ခန႔္ ရွိေနပါတယ္။ အဲ့ဒါကို တိုက္ ႐ိုက္ေလ့လာခဲ့တဲ့ တ႐ုတ္သိပၸံ အကယ္ဒမီအဖြဲ႕ဟာ ခ်ိန္အိ-၅ က ကမာၻေျမကို ျပန္လည္ပို႔ေဆာင္ေပးခဲ့တဲ့ ေျမသားနမူနာမ်ားမွာ ေရပါဝင္ေၾကာင္း အတည္ျပဳလိုက္ပါတယ္။

သိပၸံပညာရွင္မ်ား ခြဲျခမ္းစိတ္ျဖာခဲ့ဖူးတဲ့ ေျမဆီလႊာရဲ႕ ေရပါဝင္မႈဟာ အ ပုံ (၁)သန္းလွ်င္ ၂၈.၅ ပုံမွ်သာရွိတဲ့အတြက္ လကမာၻရဲ႕ စံႏႈန္းအရပင္ ေျခာက္ေသြ႕တယ္လို႔ ဆိုႏိုင္ပါတယ္။

ဒါေပမဲ့ အက္ပတိုက္သတၱဳဓါတ္ကိုလည္းေတြရွိရၿပီး H2O ပါဝင္မႈဟာ ေစာေစာပိုင္းခန႔္မွန္းထားခဲ့သလို အပုံတစ္သန္းလွ်င္ ၁၇၉ ပုံအထိ ရွိေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

ကမာၻေျမေပၚမွာရွိတဲ့ တယ္လီစကုပ္နဲ႔ အာသာသၿဂိဳလ္တုေထာက္လွမ္းမႈမ်ားအရ လကမာၻရဲ႕ ေက်ာက္သားမ်ား မွာ ဟိုက္ဒ႐ိုေအာက္ဆိုင္ သို႔ မဟုတ္ H20 ကဲ့သို႔ ေရပါဝင္ေနေၾကာင္း သိပၸံပညာရွင္မ်ားအေနနဲ႔ သံ သယဝင္ခဲ့တာ ၾကာပါၿပီ။

အနာဂတ္ကာလမွာ ေအာက္ဆီဂ်င္နဲ႔ ဟိုက္ဒ႐ိုဂ်င္ေမာ္လီက်ဴးမ်ားကို ဖမ္းယူၿပီး အာကာသယာဥ္မႉးမ်ားအတြက္ ေရာက္ရာေနရာမွာ ေရနဲ႔ သန႔္စင္တဲ့ ေအာက္ဆီဂ်င္ကို ထုတ္လုပ္ႏိုင္မည္ဟု ေမွ်ာ္လင့္ရတဲ့အ တြက္ ကမာၻေျမက လႊတ္တင္ထားတဲ့ ၿဂိဳလ္တုရဲ႕ နယ္ေျမဟာလဲ က်ယ္ဝန္းလာမွာျဖစ္ပါတယ္။

https://www.rt.com/news/557217-china-moon-water-study/

Picture

Chan Kyi Ko

16/06/2022 14:42

good

Related news

© 2021. All rights reserved.