ရုပ်ရှင်သရုပ်ဆောင်ယဉ်လတ် သုံးကြိမ်မြောက် ခြိမ်းခြောက်လုပ်ကြံခံရ

7193

အိဖြူ (NP News) - ဇွန် ၁၇
ရုပ်ရှင်သရုပ်ဆောင် ယဉ်လတ်၏ နေအိမ်ရှေ့တွင် ဒုတိယအကြိမ်မြောက် ဗုံးဖောက်ခွဲခံခဲ့ရသည့်ဖြစ်စဉ်သည် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယဉ်လတ်သည် ၎င်းကိုယ်တိုင်အသုံးပြုသည့် ဖေ့ဘွတ်စ်လူမှုကွန်ရက်တွင် အသိပေးဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
ယဉ်လတ်၏ ရေးသားဖော်ပြချက်အရ “ဇွန်လ ၁၃ ရက်နေ့က မိုးသာ မရွာခဲ့လျှင် (သို့) မိသားစုသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အာဝါသအောက်တွင်သာ ရှိမနေခဲ့လျှင် တစ်မိသားစုလုံး သေကွဲကွဲရပြီး လာမယ့် တနင်္ဂနွေက မိသားစုဝင်များ၏ ရက်လည်ဆွမ်းကပ်ရသည့် နေ့ဖြစ်ခဲ့မှာ။ မိသားစုဝင်အားလုံး၏ သံပြိုင်ရွတ်ဖတ်ပူဇော်ခဲ့သည့် တရားတော်များ၏ တန်ခိုးများ၊ ဘဝတစ်လျှောက်လုံး ထိန်းသိမ်းတည်ဆောက်ခဲ့သည့် သီလ သစ္စာကံ၊ ဘုန်းတန်ခိုးတို့အပြင် ယခုအချိန်ထိ မိဘကို လုပ်ကျွေးပြုစုလို့ ရသည့် ကုသိုလ်ကံများကြောင့် သူတစ်ပါး လုပ်ကြံသတ်ဖြတ်၍ သေရခြင်းကံနှင့် ယခုတစ်ခါတွင်လည်း ကင်းလွတ်ခဲ့ပြန်သည်” ဟု ရေးသားဖော်ပြထား သည်ကို တွေ့ရသည်။
လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလပိုင်းအတွင်းကလည်း သရုပ်ဆောင်ယဉ်လတ်၏ နေအိမ် ခြံနောက်ဘက်ခြမ်းသို့ လူတစ်ဦးမှ လက်လုပ်မိုင်းတစ်လုံး ပစ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေအိမ်ရှိ ရေတိုင်ကီစင် ကြိုးပဲ့ပျက်စီးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
အဆိုပါလုပ်ရပ်များနှင့်ပတ်သက်၍ ယဉ်လတ်သည် မိမိအမှားမရှိဘဲ ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခြင်းခံရမည့် ဝဋ်ကြွေးရှိခဲ့ပါက ဆပ်ရမည့်တစ်နေ့ရောက်လာခဲ့ပါလျှင် မလွဲမသွေဆပ်ရမည်ဖြစ်ကြောင်းနှင့် သို့သော် အဆိုပါဝဋ်ကြွေးအကုန်ကြေမည့်နေ့ရက်သည် မရောက်သေးခြင်းသာဖြစ်ကြောင်း၊ သေခြင်းတရားနှင့် တတိယအကြိမ်မြောက် လွဲချော်ခဲ့ပြန်ပြီဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။
ထိုနည်းတူ ပြီးခဲ့သည့် သီတင်းနှစ်ပတ်ခန့်က Myanmar Idol ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ အဆိုတော်ဇင်ကြီး သည်လည်း အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၎င်းသေဆုံးပြီးနောက် လူမှုကွန်ရက်တခွင်တွင် ဇင်ကြီးအား ဒလန် ဟူ၍ ခေါင်းစဉ်တပ်ကာ စွပ်စွဲပြောဆို ရေးသားခဲ့ကြသည်ကို တွေ့ရသည်။
https://npnewsmm.com/news/62ac0ee4d9ae6a6f2747e1f4

Zawgyi Version;
႐ုပ္ရွင္သ႐ုပ္ေဆာင္ယဥ္လတ္ သုံးႀကိမ္ေျမာက္ ၿခိမ္းေျခာက္လုပ္ႀကံခံရ
အိျဖဴ (NP News) - ဇြန္ ၁၇
႐ုပ္ရွင္သ႐ုပ္ေဆာင္ ယဥ္လတ္၏ ေနအိမ္ေရွ႕တြင္ ဒုတိယအႀကိမ္ေျမာက္ ဗုံးေဖာက္ခြဲခံခဲ့ရသည့္ျဖစ္စဥ္သည္ ၿပီးခဲ့သည့္ ဇြန္လ ၁၃ ရက္က ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ယဥ္လတ္သည္ ၎ကိုယ္တိုင္အသုံးျပဳသည့္ ေဖ့ဘြတ္စ္လူမႈကြန္ရက္တြင္ အသိေပးေဖာ္ျပထားသည္ကိုလည္း ေတြ႕ရသည္။
ယဥ္လတ္၏ ေရးသားေဖာ္ျပခ်က္အရ “ဇြန္လ ၁၃ ရက္ေန႔က မိုးသာ မ႐ြာခဲ့လွ်င္ (သို႔) မိသားစုသည္ ဗုဒၶျမတ္စြာ ဘုရား၏ အရိပ္အာဝါသေအာက္တြင္သာ ရွိမေနခဲ့လွ်င္ တစ္မိသားစုလုံး ေသကြဲကြဲရၿပီး လာမယ့္ တနဂၤေႏြက မိသားစုဝင္မ်ား၏ ရက္လည္ဆြမ္းကပ္ရသည့္ ေန႔ျဖစ္ခဲ့မွာ။ မိသားစုဝင္အားလုံး၏ သံၿပိဳင္႐ြတ္ဖတ္ပူေဇာ္ခဲ့သည့္ တရားေတာ္မ်ား၏ တန္ခိုးမ်ား၊ ဘဝတစ္ေလွ်ာက္လုံး ထိန္းသိမ္းတည္ေဆာက္ခဲ့သည့္ သီလ သစၥာကံ၊ ဘုန္းတန္ခိုးတို႔အျပင္ ယခုအခ်ိန္ထိ မိဘကို လုပ္ေကြၽးျပဳစုလို႔ ရသည့္ ကုသိုလ္ကံမ်ားေၾကာင့္ သူတစ္ပါး လုပ္ႀကံသတ္ျဖတ္၍ ေသရျခင္းကံႏွင့္ ယခုတစ္ခါတြင္လည္း ကင္းလြတ္ခဲ့ျပန္သည္” ဟု ေရးသားေဖာ္ျပထား သည္ကို ေတြ႕ရသည္။
လြန္ခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလပိုင္းအတြင္းကလည္း သ႐ုပ္ေဆာင္ယဥ္လတ္၏ ေနအိမ္ ၿခံေနာက္ဘက္ျခမ္းသို႔ လူတစ္ဦးမွ လက္လုပ္မိုင္းတစ္လုံး ပစ္ခဲ့ရာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေနအိမ္ရွိ ေရတိုင္ကီစင္ ႀကိဳးပဲ့ပ်က္စီးသြားခဲ့ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။
အဆိုပါလုပ္ရပ္မ်ားႏွင့္ပတ္သက္၍ ယဥ္လတ္သည္ မိမိအမွားမရွိဘဲ ယခုကဲ့သို႔ လုပ္ႀကံသတ္ျဖတ္ျခင္းခံရမည့္ ဝဋ္ေႂကြးရွိခဲ့ပါက ဆပ္ရမည့္တစ္ေန႔ေရာက္လာခဲ့ပါလွ်င္ မလြဲမေသြဆပ္ရမည္ျဖစ္ေၾကာင္းႏွင့္ သို႔ေသာ္ အဆိုပါဝဋ္ေႂကြးအကုန္ေၾကမည့္ေန႔ရက္သည္ မေရာက္ေသးျခင္းသာျဖစ္ေၾကာင္း၊ ေသျခင္းတရားႏွင့္ တတိယ အႀကိမ္ေျမာက္ လြဲေခ်ာ္ခဲ့ျပန္ၿပီျဖစ္ေၾကာင္း ထည့္သြင္းေရးသားထားသည္။
ထိုနည္းတူ ၿပီးခဲ့သည့္ သီတင္းႏွစ္ပတ္ခန႔္က Myanmar Idol ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္သူ အဆိုေတာ္ဇင္ႀကီး သည္လည္း အၾကမ္းဖက္သမားမ်ား၏ ေသနတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္သတ္ျဖတ္ျခင္းကို ခံခဲ့ရၿပီး ၎ေသဆုံးၿပီးေနာက္ လူမႈကြန္ရက္တခြင္တြင္ ဇင္ႀကီးအား ဒလန္ ဟူ၍ ေခါင္းစဥ္တပ္ကာ စြပ္စြဲေျပာဆို ေရးသားခဲ့ၾကသည္ကို ေတြ႕ရသည္။
https://npnewsmm.com/news/62ac0ee4d9ae6a6f2747e1f4