တရုတ်နိုင်ငံ၊ တောင်ပိုင်းမှာ စံချိန်တင် မိုးရွာသွန်းမှု၊ အပူလှိုင်းနဲ့ ရှားပါးသော လေဆင်နှာမောင်း တိုက်ခတ်မှုများကြောင့် လူသန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်နေ

 855

ရောင်နီ (NP News) - ဇွန် ၁၈
တရုတ်နိုင်ငံမှာ ယခုသီတင်းပတ်အတွင်း စံချိန်တင် မိုးရွာသွန်းမှု၊ အပူ လှိုင်းနဲ့ လေဆင်နှာမောင်းတိုက်ခတ်မှုတို့ကြောင့် ကွမ်ကျိုးမြို့တောင်ပိုင်းမှာ အိုးအိမ်၊ လယ်မြေများ ပျက်စီးခဲ့ခြင်းကြောင့် လူသန်းပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းမှာ နောက်တစ်ပတ် အင်္ဂါနေ့ (ဇွန်လ ၂၁ ရက်အ ထိ) မိုးသည်းထန်စွာရွာသွန်းနိုင်ဖွယ်ရှိကြောင်း တရုတ်အစိုးရ ရုပ်မြင်သံ ကြားက သောကြာနေ့(ဇွန်လ ၁၇ ရက်)မှာ ဖော်ပြခဲ့ပါတယ်။ အာဏာ ပိုင်များဟာ နွေဦးမှ ဇွန်လ မိုးဦးရာသီသို့ ကူးပြောင်းချိန်မတိုင်မီ ဧပြီလ အစောပိုင်းမှာ ရာသီဥတုနဲ့ပတ်သတ်တဲ့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ သမိုင်းကြောင်းအရ ရေကြီးမှုများ၊ မြေပြိုမှုများနဲ့ လယ်မြေဧကများစွာ နစ်မြုပ်မှုများ ဖြစ်ပွားလေ့ ရှိပြီး မကြာသေးမီ အချိန်များက သစ်တောပြုန်းတီးမှု၊ စိုစွတ်သောမြေများ ပြန်လည်နေရာယူမှုနဲ့ လျှပ်စစ်ထုတ်လုပ်ရေး၊ ဆည်မြောင်းများအတွက် ရေသိုလှောင်မှုတို့ကြောင့် သစ်တောပြုန်းတီးမှု ပိုမိုကြီးထွားလာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ရာသီဥတုဖောက်ပြန်မှုနဲ့ လွန်ကဲသော ရာသီဥတုဖြစ် စဉ်များတိုးမြင့်လာမှုကိုလည်း အပြစ်တင်ထားပါတယ်။ ကြာသပတေး နေ့နှောင်းပိုင်းကလည်း ကွမ်ကျိုးပြည်နယ်ရဲ့ အစိတ်အပိုင်းအချို့မှာ မိုး သည်းထန်စွာ ရွာသွန်းနေစဉ် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်ပေါင်း ၅၄ဝဝ ကျော် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ရပါတယ်။

ပုလဲမြစ်ဝှမ်း တစ်လျှောက် မိုးရွာသွန်းမှုကြောင့် ကွန်ဒေါင်း၊ ကွမ်ရှီ၊ ဂျန်ရှီ၊ ဟူနမ်၊ ကွာဟို နဲ့ ယူနန် အစိတ်အပိုင်းများကို လွှမ်းခြုံထားသော ကျယ်ပြန့်တဲ့ မြစ်ဟာ ၁၉၆၁ ခုနှစ်နောက်ပိုင်း ပြီးခဲ့တဲ့ မေလကမြစ်ရေအမြင့်ဆုံးထိ မြင့်တက်လာခဲ့ကြောင်း တရုတ်အမျိုးသား ရာသီဥတုဗဟိုဌာနက ဆိုပါတယ်။ မြစ်ဝှမ်းမြောက်ဘက် ဖူကျန့်ပြည်နယ်မှာ မကြာသေးမီက စံချိန်တင် မိုးရွာသွန်းမှုများဟာ လာမယ့် သီတင်းပတ်အထိ ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်မြင့်မားလာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားပါတယ်။

ယင်းအတောအတွင်း တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အပူချိန် ပုံမှန်မဟုတ်ဘဲ အမြင့်ဆုံး ၄ဝ ဒီဂရီစင်တီဂရိတ်သို့ ကျော်လွန်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

https://www.channelnewsasia.com/asia/china-record-rainfall-heatwaves-tornado-weather-2753091?fbclid=IwAR3s9e5FE-l8fzZS9surD-0pvsz0uZFQDcmeJC7o36XoFKrZ0uW5viG-Pnc

zawgyi version
တ႐ုတ္ႏိုင္ငံ၊ ေတာင္ပိုင္းမွာ စံခ်ိန္တင္ မိုး႐ြာသြန္းမႈ၊ အပူလႈိင္းနဲ႔ ရွားပါးေသာ ေလဆင္ႏွာေမာင္း တိုက္ခတ္မႈမ်ားေၾကာင့္ လူသန္းနဲ႔ခ်ီ အိုးမဲ့အိမ္မဲ့ျဖစ္ေန
ေရာင္နီ (NP News) - ဇြန္ ၁၈

တ႐ုတ္ႏိုင္ငံမွာ ယခုသီတင္းပတ္အတြင္း စံခ်ိန္တင္ မိုး႐ြာသြန္းမႈ၊ အပူ လႈိင္းနဲ႔ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈတို႔ေၾကာင့္ ကြမ္က်ိဳးၿမိဳ႕ေတာင္ပိုင္းမွာ အိုးအိမ္၊ လယ္ေျမမ်ား ပ်က္စီးခဲ့ျခင္းေၾကာင့္ လူသန္းေပါင္းမ်ားစြာ အိုးအိမ္မဲ့ျဖစ္ခဲ့ရပါတယ္။

တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းမွာ ေနာက္တစ္ပတ္ အဂၤါေန႔ (ဇြန္လ ၂၁ ရက္အ ထိ) မိုးသည္းထန္စြာ႐ြာသြန္းႏိုင္ဖြယ္ရွိေၾကာင္း တ႐ုတ္အစိုးရ ႐ုပ္ျမင္သံ ၾကားက ေသာၾကာေန႔(ဇြန္လ ၁၇ ရက္)မွာ ေဖာ္ျပခဲ့ပါတယ္။ အာဏာ ပိုင္မ်ားဟာ ေႏြဦးမွ ဇြန္လ မိုးဦးရာသီသို႔ ကူးေျပာင္းခ်ိန္မတိုင္မီ ဧၿပီလ အေစာပိုင္းမွာ ရာသီဥတုနဲ႔ပတ္သတ္တဲ့ သတိေပးခ်က္ထုတ္ျပန္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ သမိုင္းေၾကာင္းအရ ေရႀကီးမႈမ်ား၊ ေျမၿပိဳမႈမ်ားနဲ႔ လယ္ေျမဧကမ်ားစြာ နစ္ျမဳပ္မႈမ်ား ျဖစ္ပြားေလ့ ရွိၿပီး မၾကာေသးမီ အခ်ိန္မ်ားက သစ္ေတာျပဳန္းတီးမႈ၊ စိုစြတ္ေသာေျမမ်ား ျပန္လည္ေနရာယူမႈနဲ႔ လွ်ပ္စစ္ထုတ္လုပ္ေရး၊ ဆည္ေျမာင္းမ်ားအတြက္ ေရသိုေလွာင္မႈတို႔ေၾကာင့္ သစ္ေတာျပဳန္းတီးမႈ ပိုမိုႀကီးထြားလာခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ရာသီဥတုေဖာက္ျပန္မႈနဲ႔ လြန္ကဲေသာ ရာသီဥတုျဖစ္ စဥ္မ်ားတိုးျမင့္လာမႈကိုလည္း အျပစ္တင္ထားပါတယ္။ ၾကာသပေတး ေန႔ေႏွာင္းပိုင္းကလည္း ကြမ္က်ိဳးျပည္နယ္ရဲ႕ အစိတ္အပိုင္းအခ်ိဳ႕မွာ မိုး သည္းထန္စြာ ႐ြာသြန္းေနစဥ္ ေလဆင္ႏွာေမာင္း တိုက္ခတ္မႈေၾကာင့္ ေနအိမ္ေပါင္း ၅၄ဝဝ ေက်ာ္ လွ်ပ္စစ္ဓာတ္အား ျဖတ္ေတာက္ခဲ့ရပါတယ္။

ပုလဲျမစ္ဝွမ္း တစ္ေလွ်ာက္ မိုး႐ြာသြန္းမႈေၾကာင့္ ကြန္ေဒါင္း၊ ကြမ္ရွီ၊ ဂ်န္ရွီ၊ ဟူနမ္၊ ကြာဟို နဲ႔ ယူနန္ အစိတ္အပိုင္းမ်ားကို လႊမ္းၿခဳံထားေသာ က်ယ္ျပန႔္တဲ့ ျမစ္ဟာ ၁၉၆၁ ခုႏွစ္ေနာက္ပိုင္း ၿပီးခဲ့တဲ့ ေမလကျမစ္ေရအျမင့္ဆုံးထိ ျမင့္တက္လာခဲ့ေၾကာင္း တ႐ုတ္အမ်ိဳးသား ရာသီဥတုဗဟိုဌာနက ဆိုပါတယ္။ ျမစ္ဝွမ္းေျမာက္ဘက္ ဖူက်န႔္ျပည္နယ္မွာ မၾကာေသးမီက စံခ်ိန္တင္ မိုး႐ြာသြန္းမႈမ်ားဟာ လာမယ့္ သီတင္းပတ္အထိ ဆက္လက္တည္ရွိေနဦးမည္ျဖစ္ၿပီး သဘာဝေဘး အႏၲရာယ္ျမင့္မားလာႏိုင္ေၾကာင္း အာဏာပိုင္မ်ားက သတိေပးထားပါတယ္။

ယင္းအေတာအတြင္း တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းတို႔မွာ အပူခ်ိန္ ပုံမွန္မဟုတ္ဘဲ အျမင့္ဆုံး ၄ဝ ဒီဂရီစင္တီဂရိတ္သို႔ ေက်ာ္လြန္သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

https://www.channelnewsasia.com/asia/china-record-rainfall-heatwaves-tornado-weather-2753091?fbclid=IwAR3s9e5FE-l8fzZS9surD-0pvsz0uZFQDcmeJC7o36XoFKrZ0uW5viG-Pnc

Picture

Kyaw Kyaw

18/06/2022 18:59

ရာသီ ဥတု က လည္းအေတာ္ေဖါက္ ျပန္ တယ္ ။ covid ၿစ္လ်ဳက္ ရာသီဥတု က ေဖါကၤ ျပန္လိုက္ နဲ႔ လူေတြ လည္း အေတာ္ ဒုက္ခ ေရာက္ေန ပါ ၿပီ ။ ေတာ္ေသးတာ က စီးပြားေရး ေတာင့္တင္းတဲ့ ႏိူင္ ငံ မို႔လို႔ ေပါ့ ။

Picture

SON son

18/06/2022 20:28

ဟုတိတယ္.... ကမၻာမွာ အခုက ကပ္ေဘးေတြကတစ္ခု မ႐ိုးရေအာင္လာေနၾကတာ... အခုလည္း စစ္ျဖစ္ၾကဦးမယြအရိပ္အေယာင္ေတြကမၻာ့ႏိုင္ငံေတာ္ေတာ္မ်ာမ်ားမ်ာ စေနတာေတြ႔ရတယ္။

Related news

© 2021. All rights reserved.