မြန်မာနိုင်ငံ၏ လူဦးရေ (၅၅)သန်းကျော်ရှိသည့်အနက် ရန်ကုန်သည် လူဦးရေ (၈)သန်းခွဲကျော်ဖြင့် လူနေထူထပ်မှုအများဆုံးတိုင်းဖြစ်နေ

 4674

ဖူးပြည့် (NP News) - ဇွန် ၂၁
မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေသည် (၅၅ ဒသမ ၂)သန်းကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ သတင်းအ ချက်အလက်များအရသိရသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် လူဦးရေသန်းခေါင်စာရင်းများကို (၁ဝ)နှစ်တစ်ကြိမ်ကောက်ယူလေ့ရှိပြီး ကြားကာလ များတွင် လူဦးရေခန့်မှန်းခြင်းကို ဆောင်ရွက်ကြကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်လည်း ၂ဝ၁၄ ခုနှစ်၌ လူဦး ရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကောက်ယူခဲ့ပြီး ၂ဝ၂၄ ခုနှစ်တွင် နောက်တစ်ကြိမ်ထပ်မံကောက်ယူမည်ဖြစ်သည်။

ထို့ကြောင့် ပြည်သူ့အင်အားဦးစီးဌာနသည် သန်းခေါင်စာရင်းနောက်တစ်ကြိမ် မကောက်ယူမီ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများနှင့် လူဦးရေကိုအခြေခံရသော လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် လူဦးရေခန့်မှန်း ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လူဦးရေ ခန့်မှန်းခြင်းသည် အနာဂတ်တွင် ဖြစ်လာနိုင်မည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ပြည်တွင်း/ပြည်ပရွှေ့ပြောင်း သွားလာခြင်းများနှင့်သက်ဆိုင်သော ယူဆချက်များပေါ်တွင် အခြေခံကြောင်းသိရသည်။
လူဦးရေခန့်မှန်းရာတွင် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှအချက်အလက်များကို အခြေခံ၍ မြန်မာနိုင်ငံလူဦးရေကို ပြည်ထောင်စု၊ မြို့ပြ/ကျေးလက်နှင့် နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ် (၁၅)ခုတို့၏ ခန့်မှန်းလူဦးရေစာရင်းများကို ပြုစုခဲ့ရာ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင်ရှိသော တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေသည် စုစုပေါင်း (၅၅ ဒသမ ၂) သန်းကျော်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေ (၅၅ ဒသမ ၂)သန်းကျော်တွင် အမျိုးသား (၂၆ ဒသမ ၄)သန်းကျော်နှင့် အမျိုးသမီး (၂၈ ဒသမ ၈) သန်းကျော်ရှိကြောင်း သိရသည်။

ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေ (၈ ဒသမ ၆) သန်းကျော်ရှိပြီး လူဦးရေအထူထပ်ဆုံး တိုင်းဒေသကြီးဖြစ်ကာ မန္တလေး တိုင်းဒေသကြီးတွင် လူဦးရေ (၆ ဒသမ ၆) သန်းကျော်နေထိုင်ကာ ဒုတိ ယအများဆုံး တိုင်းဒေသကြီးဖြစ်သည်။ ရှမ်းပြည်နယ်တွင် လူဦးရေ (၆ ဒသမ ၅)သန်းကျော်နေထိုင်ပြီး တတိယအများဆုံးဖြစ်ကာ ဧရာဝတီ တိုင်းဒေသကြီးတွင် လူဦးရေ (၆ ဒသမ ၂)သန်းကျော်နေထိုင်ပြီး စတုတ္ထအများဆုံးဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက် ယူခဲ့ပြီး နောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း (၃ဝ)ကျော်ကြာ ၂ဝ၁၄ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင် ခဲ့သည်။ နိုင်ငံအတွင်း လူဦးရေဆိုင်ရာပြောင်းလဲမှုများလျင်မြန်စွာဖြစ်ပေါ်နေချိန်တွင် စာရင်းအင်းအချက်အ လက်များလိုအပ်နေမှုကို အချိန်နှင့်တပြေးညီဖြည့် ဆည်းနိုင်ရန်အတွက် ၂ဝ၁၉ ခုနှစ်တွင်လည်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူခဲ့သည်။

၂ဝ၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းစစ်၊ စာရင်းကောက်အင်အား (၄၂ဝဝဝ) ခန့်သည် ကောက်ကွက်ပေါင်း (၁၁ဝဝဝဝ)ကို CAPI စနစ် Mobile Phone/ Tablet အသုံးပြုကောက်ယူမည်ဖြစ်ကြောင်းသိရသည်။

https://npnewsmm.com/news/62b1b02780a3a736b43e0ae7

zawgyi version
ျမန္မာႏိုင္ငံ၏ လူဦးေရ (၅၅)သန္းေက်ာ္ရွိသည့္အနက္ ရန္ကုန္သည္ လူဦးေရ (၈)သန္းခြဲေက်ာ္ျဖင့္ လူေနထူထပ္မႈအမ်ားဆုံးတိုင္းျဖစ္ေန
ဖူးျပည့္ (NP News) - ဇြန္ ၂၁

ျမန္မာႏိုင္ငံ၏ ခန႔္မွန္းလူဦးေရသည္ (၅၅ ဒသမ ၂)သန္းေက်ာ္ရွိေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔ အင္အားဝန္ႀကီးဌာန၏ သတင္းအ ခ်က္အလက္မ်ားအရသိရသည္။

ကမာၻ႔ႏိုင္ငံအမ်ားစုတြင္ လူဦးေရသန္းေခါင္စာရင္းမ်ားကို (၁ဝ)ႏွစ္တစ္ႀကိမ္ေကာက္ယူေလ့ရွိၿပီး ၾကားကာလ မ်ားတြင္ လူဦးေရခန႔္မွန္းျခင္းကို ေဆာင္႐ြက္ၾကေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္လည္း ၂ဝ၁၄ ခုႏွစ္၌ လူဦး ေရႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ေကာက္ယူခဲ့ၿပီး ၂ဝ၂၄ ခုႏွစ္တြင္ ေနာက္တစ္ႀကိမ္ထပ္မံေကာက္ယူမည္ျဖစ္သည္။

ထို႔ေၾကာင့္ ျပည္သူ႔အင္အားဦးစီးဌာနသည္ သန္းေခါင္စာရင္းေနာက္တစ္ႀကိမ္ မေကာက္ယူမီ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္ေရး စီမံကိန္းမ်ားႏွင့္ လူဦးေရကိုအေျခခံရေသာ လုပ္ငန္းစဥ္မ်ားတြင္ အသုံးျပဳႏိုင္ရန္ လူဦးေရခန႔္မွန္း ျခင္းလုပ္ငန္းကို ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။

လူဦးေရ ခန႔္မွန္းျခင္းသည္ အနာဂတ္တြင္ ျဖစ္လာႏိုင္မည့္ ေမြးဖြားျခင္း၊ ေသဆုံးျခင္း၊ ျပည္တြင္း/ျပည္ပေ႐ႊ႕ေျပာင္း သြားလာျခင္းမ်ားႏွင့္သက္ဆိုင္ေသာ ယူဆခ်က္မ်ားေပၚတြင္ အေျခခံေၾကာင္းသိရသည္။
လူဦးေရခန႔္မွန္းရာတြင္ ၂ဝ၁၄ ခုႏွစ္ လူဦးေရႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းမွအခ်က္အလက္မ်ားကို အေျခခံ၍ ျမန္မာႏိုင္ငံလူဦးေရကို ျပည္ေထာင္စု၊ ၿမိဳ႕ျပ/ေက်းလက္ႏွင့္ ေနျပည္ေတာ္/တိုင္းေဒသႀကီး/ျပည္နယ္ (၁၅)ခုတို႔၏ ခန႔္မွန္းလူဦးေရစာရင္းမ်ားကို ျပဳစုခဲ့ရာ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္တြင္ရွိေသာ တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ ခန႔္မွန္းလူဦးေရသည္ စုစုေပါင္း (၅၅ ဒသမ ၂) သန္းေက်ာ္ရွိေၾကာင္း သိရသည္။

အဆိုပါ လူဦးေရ (၅၅ ဒသမ ၂)သန္းေက်ာ္တြင္ အမ်ိဳးသား (၂၆ ဒသမ ၄)သန္းေက်ာ္ႏွင့္ အမ်ိဳးသမီး (၂၈ ဒသမ ၈) သန္းေက်ာ္ရွိေၾကာင္း သိရသည္။

ယင္းတို႔အနက္ ရန္ကုန္တိုင္းေဒသႀကီးသည္ လူဦးေရ (၈ ဒသမ ၆) သန္းေက်ာ္ရွိၿပီး လူဦးေရအထူထပ္ဆုံး တိုင္းေဒသႀကီးျဖစ္ကာ မႏၲေလး တိုင္းေဒသႀကီးတြင္ လူဦးေရ (၆ ဒသမ ၆) သန္းေက်ာ္ေနထိုင္ကာ ဒုတိ ယအမ်ားဆုံး တိုင္းေဒသႀကီးျဖစ္သည္။ ရွမ္းျပည္နယ္တြင္ လူဦးေရ (၆ ဒသမ ၅)သန္းေက်ာ္ေနထိုင္ၿပီး တတိယအမ်ားဆုံးျဖစ္ကာ ဧရာဝတီ တိုင္းေဒသႀကီးတြင္ လူဦးေရ (၆ ဒသမ ၂)သန္းေက်ာ္ေနထိုင္ၿပီး စတုတၳအမ်ားဆုံးျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံတြင္ ျပည္လုံးကြၽတ္အဆင့္ သန္းေခါင္စာရင္းကို ၁၉၇၃ ခုႏွစ္ႏွင့္ ၁၉၈၃ ခုႏွစ္တို႔တြင္ ေကာက္ ယူခဲ့ၿပီး ေနာက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏွစ္ေပါင္း (၃ဝ)ေက်ာ္ၾကာ ၂ဝ၁၄ ခုႏွစ္တြင္ ေအာင္ျမင္စြာ ေကာက္ယူႏိုင္ ခဲ့သည္။ ႏိုင္ငံအတြင္း လူဦးေရဆိုင္ရာေျပာင္းလဲမႈမ်ားလ်င္ျမန္စြာျဖစ္ေပၚေနခ်ိန္တြင္ စာရင္းအင္းအခ်က္အ လက္မ်ားလိုအပ္ေနမႈကို အခ်ိန္ႏွင့္တေျပးညီျဖည့္ ဆည္းႏိုင္ရန္အတြက္ ၂ဝ၁၉ ခုႏွစ္တြင္လည္း ၾကားျဖတ္လူဦးေရသန္းေခါင္စာရင္းကို ေကာက္ယူခဲ့သည္။

၂ဝ၂၄ ခုႏွစ္တြင္ သန္းေခါင္စာရင္းေကာက္ယူေရးအတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ စာရင္းစစ္၊ စာရင္းေကာက္အင္အား (၄၂ဝဝဝ) ခန႔္သည္ ေကာက္ကြက္ေပါင္း (၁၁ဝဝဝဝ)ကို CAPI စနစ္ Mobile Phone/ Tablet အသုံးျပဳေကာက္ယူမည္ျဖစ္ေၾကာင္းသိရသည္။

https://npnewsmm.com/news/62b1b02780a3a736b43e0ae7

Related news

© 2021. All rights reserved.