သံလွင်တံတား(တာဆန်း) စီမံကိန်းပြီးဆုံးပါက တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံသို့ ပြည်တွင်းထုတ်ကုန်များ လျင်မြန်စွာတင်ပို့နိုင်မည်

5117

ရဲပြည့် (NP News) - ဇွန် ၂၄
သံလွင်တံတားသစ်(တာဆန်း)စီမံကိန်းပြီးဆုံးပါက မြန်မာနိုင်ငံအလယ်ပိုင်းမှ ဒေသထွက်ကုန်များ၊ ကုန်စည်များကို ရှမ်းပြည်နယ်အရှေ့ပိုင်းသို့သာမက အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံများသို့ လွယ် ကူလျင်မြန်စွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း အဆိုပါ တံတားတာဝန်ယူတည် ဆောက်နေသည့် တံတားအထူးအဖွဲ့(၄)မှသိရသည်။
သံလွင်မြစ်ကူးတံတား(တာဆန်း) တံတားဟောင်းကို အသုံးပြုခဲ့ခြင်းမှာ နှစ်(၂ဝ)ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် သံလွင်တံတားသစ် (တာဆန်း)အား တံတားအဟောင်းနှင့်ကပ်လျက်တွင် ၂ဝ၁၉ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတည်ဆောက်နေသည့် သံလွင်တံတား(တာဆန်း)သည် ရှမ်း ပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားသည့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်တွင်တည်ရှိပြီး နယ် စပ်မြို့များကို အဓိကဆက်သွယ်သွားလာနိုင်သည့်အတွက် အထူးအရေးပါသည့် တံတားတစ်စင်းလည်းဖြစ်သည်။
ယခုတည်ဆောက်နေသည့် ကြိုးတံတားသည် HS.25 Load Class အ မျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအလေးချိန် ၇၅ တန်ရှိပြီး လူသွားလမ်းအကျယ်(၁ မီတာ)တစ်ဖက်လျှင် ၃ ပေစီပါရှိပြီး ၂ဝ၂၄ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်ကူးတံတားသစ်(တာဆန်း) ကြိုးတံတားတည်ဆောက်ရေးစီမံကိန်းအတွက် သြစတြီးယားနိုင်ငံ၊ UniCredit Bank မှ ယူရို ၈ ဒသမ ၄ သန်း ချေးယူရေးအတွက် ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်ကပြု လုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ချေးငွေဆိုင်ရာစည်းကမ်းချက်များအရ ချေးငွေသက်တမ်း ၂၈ နှစ်ဖြစ်ကာ ဆိုင်းငံ့ကာလ ၁၄ နှစ်၊ ပြန်ဆပ်ကာလ ၁၄ နှစ် ခြောက်လဖြစ်ကာ အတိုးနှုန်းမဲ့ဖြစ်ကြောင်း သိရသည်။
နမ့်စန်- မိုးနဲ- မိုင်းတုံ-မိုင်းဆတ် လမ်းမကြီးပေါ်တွင် တန် ၃ဝ အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာ လျက် ရှိသည့်အတွက် လမ်းပေါ်ရှိတံတားများခံနိုင်ဝန်ကိုလည်း တန် ၆ဝ အထိ အဆင့်မြှင့်တင်တည် ဆောက်ခြင်းလုပ်ငန်းများအား စီမံချက်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://npnewsmm.com/news/62b540872797db054d644864

zawgyi version
သံလြင္တံတား(တာဆန္း) စီမံကိန္းၿပီးဆုံးပါက တ႐ုတ္၊ ထိုင္းႏွင့္ လာအိုႏိုင္ငံသို႔ ျပည္တြင္းထုတ္ကုန္မ်ား လ်င္ျမန္စြာတင္ပို႔ႏိုင္မည္
ရဲျပည့္ (NP News) - ဇြန္ ၂၄
သံလြင္တံတားသစ္(တာဆန္း)စီမံကိန္းၿပီးဆုံးပါက ျမန္မာႏိုင္ငံအလယ္ပိုင္းမွ ေဒသထြက္ကုန္မ်ား၊ ကုန္စည္မ်ားကို ရွမ္းျပည္နယ္အေရွ႕ပိုင္းသို႔သာမက အိမ္နီးခ်င္း ထိုင္းႏိုင္ငံ၊ လာအိုႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံမ်ားသို႔ လြယ္ ကူလ်င္ျမန္စြာ တင္ပို႔ႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါ တံတားတာဝန္ယူတည္ ေဆာက္ေနသည့္ တံတားအထူးအဖြဲ႕(၄)မွသိရသည္။
သံလြင္ျမစ္ကူးတံတား(တာဆန္း) တံတားေဟာင္းကို အသုံးျပဳခဲ့ျခင္းမွာ ႏွစ္(၂ဝ)ေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္သည့္အတြက္ သံလြင္တံတားသစ္ (တာဆန္း)အား တံတားအေဟာင္းႏွင့္ကပ္လ်က္တြင္ ၂ဝ၁၉ ခုႏွစ္မွစတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတည္ေဆာက္ေနသည့္ သံလြင္တံတား(တာဆန္း)သည္ ရွမ္း ျပည္နယ္(ေတာင္ပိုင္း)ႏွင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တို႔ကို ဆက္သြယ္ထားသည့္ နမ့္စန္-မိုးနဲ-မိုင္းတုံ-မိုင္းဆတ္လမ္းေပၚတြင္တည္ရွိၿပီး နယ္ စပ္ၿမိဳ႕မ်ားကို အဓိကဆက္သြယ္သြားလာႏိုင္သည့္အတြက္ အထူးအေရးပါသည့္ တံတားတစ္စင္းလည္းျဖစ္သည္။
ယခုတည္ေဆာက္ေနသည့္ ႀကိဳးတံတားသည္ HS.25 Load Class အ မ်ိဳးအစားျဖစ္ၿပီး တံတားခံႏိုင္ဝန္မွာ ယာဥ္တစ္စီးခ်င္းအေလးခ်ိန္ ၇၅ တန္ရွိၿပီး လူသြားလမ္းအက်ယ္(၁ မီတာ)တစ္ဖက္လွ်င္ ၃ ေပစီပါရွိၿပီး ၂ဝ၂၄ ခုႏွစ္တြင္ ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။
သံလြင္ျမစ္ကူးတံတားသစ္(တာဆန္း) ႀကိဳးတံတားတည္ေဆာက္ေရးစီမံကိန္းအတြက္ ၾသစႀတီးယားႏိုင္ငံ၊ UniCredit Bank မွ ယူ႐ို ၈ ဒသမ ၄ သန္း ေခ်းယူေရးအတြက္ ၂ဝ၂ဝ ျပည့္ႏွစ္ ၾသဂုတ္လ ၂၈ ရက္ကျပဳ လုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ အတည္ျပဳခဲ့သည္။ ေခ်းေငြဆိုင္ရာစည္းကမ္းခ်က္မ်ားအရ ေခ်းေငြသက္တမ္း ၂၈ ႏွစ္ျဖစ္ကာ ဆိုင္းငံ့ကာလ ၁၄ ႏွစ္၊ ျပန္ဆပ္ကာလ ၁၄ ႏွစ္ ေျခာက္လျဖစ္ကာ အတိုးႏႈန္းမဲ့ျဖစ္ေၾကာင္း သိရသည္။
နမ့္စန္- မိုးနဲ- မိုင္းတုံ-မိုင္းဆတ္ လမ္းမႀကီးေပၚတြင္ တန္ ၃ဝ အထက္ ယာဥ္ႀကီးမ်ား ျဖတ္သန္းသြားလာ လ်က္ ရွိသည့္အတြက္ လမ္းေပၚရွိတံတားမ်ားခံႏိုင္ဝန္ကိုလည္း တန္ ၆ဝ အထိ အဆင့္ျမႇင့္တင္တည္ ေဆာက္ျခင္းလုပ္ငန္းမ်ားအား စီမံခ်က္ေရးဆြဲ၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
https://npnewsmm.com/news/62b540872797db054d644864