ကိုယ်က ကိုယ်ထင်ထားတာထက် ပိုပြီးဥာဏ်ရည်မြင့်မားနေကြောင်း သိနိုင်မယ့် အချက်တွေ

 1549

ဝတီ (NP News) - ဇွန် ၂၆
ကိုယ့်ကိုကိုယ် တော်လှတတ်လှပြီလို့ အထင်ရောက်ပြီး အခြောက်တိုက် ဘဝင်မြင့်နေတဲ့ လူတွေကို ပတ်ဝန်းကျင်မှာ အများကြီးတွေ့ဖူးကြမှာပါ။ ဒါပေမဲ့ ကိုယ်က ကိုယ်ထင်ထားတာထက် ပိုတော်နေပေမယ့် ကိုယ့်ကိုကိုယ်တော်လို့ တော်မှန်းမသိတဲ့ လူတချို့လည်း ရှိပါတယ်။ ကိုယ်က ဒီလို လူများဖြစ်နေလေမလား။ ဒါကြောင့် ဒီအချက်တွေနဲ့ တိုက်ကြည့်လိုက်ပါ။ ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ သင်ဟာ သင်ထင်ထားတာထက် ပိုပြီး ဥာဏ်ရည်မြင့်မားနေသူပါပဲ။ ကဲ..ဒီအချက်တွေကို ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
ကိုယ္က ကိုယ္ထင္ထားတာထက္ ပိုၿပီးဥာဏ္ရည္ျမင့္မားေနေၾကာင္း သိႏိုင္မယ့္ အခ်က္ေတြ
ဝတီ (NP News) - ဇြန္ ၂၆

ကိုယ့္ကိုကိုယ္ ေတာ္လွတတ္လွၿပီလို႔ အထင္ေရာက္ၿပီး အေျခာက္တိုက္ ဘဝင္ျမင့္ေနတဲ့ လူေတြကို ပတ္ဝန္းက်င္မွာ အမ်ားႀကီးေတြ႕ဖူးၾကမွာပါ။ ဒါေပမဲ့ ကိုယ္က ကိုယ္ထင္ထားတာထက္ ပိုေတာ္ေနေပမယ့္ ကိုယ့္ကိုကိုယ္ေတာ္လို႔ ေတာ္မွန္းမသိတဲ့ လူတခ်ိဳ႕လည္း ရွိပါတယ္။ ကိုယ္က ဒီလို လူမ်ားျဖစ္ေနေလမလား။ ဒါေၾကာင့္ ဒီအခ်က္ေတြနဲ႔ တိုက္ၾကည့္လိုက္ပါ။ ဒီအခ်က္ေတြနဲ႔ ကိုက္ညီေနရင္ေတာ့ သင္ဟာ သင္ထင္ထားတာထက္ ပိုၿပီး ဥာဏ္ရည္ျမင့္မားေနသူပါပဲ။ ကဲ..ဒီအခ်က္ေတြကို ၾကည့္လိုက္ၾကရေအာင္ပါ။

ဖန်တီးနိုင်စွမ်းမြင့်မားတယ်
ဥာဏ်ရည်ဥာဏ်သွေး မြင့်မားသူတွေဟာ ဖန်တီးနိုင်စွမ်းလည်း မြင့်မားတတ်ကြပါတယ်။ သေသေချာချာ လေးလေးနက်နက် စဉ်းစားတတ်မှ၊ လူအများစု မြင်လေ့မြင်ထ မရှိတဲ့ ရှုထောင့်ဘက်ကနေ မြင်တတ်မှ၊ ပုံစံခွက်ထဲကနေ ဖောက်ထွက်စဉ်းစားတတ်မှ သူများနဲ့ မတူတဲ့ ဖန်တီးမှုလက်ရာတွေ ဖြစ်လာတတ်တာကြောင့်မို့ ဒီလိုလူတွေဟာ ညာဏ်ရည်မြင့်မားကြတာပါ။ ကြော်ငြာတွေကို ဒါမှမဟုတ် MTV လို့ခေါ်တဲ့ တေးသရုပ် ဖော်တွေကို အမိုက်စားဖန်တီးရိုက်ကူးထားတာတွေဟာ ဖန်တီးနိုင်စွမ်းမြင့်မားသူတွေရဲ့ လက်ရာမွန်တွေပါပဲ။ နိုင်ငံခြားက အမိုက်စား ကြော်ငြာတွေ၊ MTV တွေဟာ သူတို့ကိုယ်ပိုင် စိတ်ကူးညာဏ်တွေဖြစ်ပြီး သူများဆီက ခိုးချထားတာတွေ မဟုတ်ပါဘူး။ သူများဆီက ပုံတူကူးချထားတာမျိုးဟာ ဖန်တီးနိုင်စွမ်း မြင့်မားတာ၊ ဥာဏ်ရည် ထက်မြက်တာ မဟုတ်ပါဘူး။

သင်ယူလေ့လာလိုစိတ်၊ သိချင်စိတ်ပြင်းပြတယ်။
သင်ယူလေ့လာလိုစိတ် ပြင်းပြတဲ့သူဟာ ပိုလေ့လာလေ ပိုထူးချွန်လာလေပါပဲ။ အချိန်အား၊ လူ အား စိုက်ထုတ်ပြီး လေ့လာဆည်းပူးတာဟာ သိမြင်နားလည်နိုင်စွမ်း ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိက ကျတယ်လို့ လေ့လာချက်တစ်ခုကလည်း ဆိုထားပါတယ်။ ဒါပေမဲ့ သမန်ကာလျှံကာ သင်ယူလေ့လာရုံနဲ့ တော်လာမှာ မဟုတ်ဘဲ သောက်လေ သောက်လေ ငတ်မပြေ ဆိုတဲ့အတိုင်း ကျေနပ်ရောင့်ရဲ တယ်လို့ မရှိဘဲ စဉ်ဆက်မပြတ် အားပါးတရ လေ့လာဆည်းပူးနေမှသာ တကယ့်လူတော် ဖြစ်လာမှာပါ။

ဥာဏ်ရည်မြင့်မားတဲ့လူတွေဟာ ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုတဲ့စကားလိုပဲ ပညာရပ်တစ်ခုကို လက်တစ်ဆုံး နှိုက်နိုင်အောင် အစွမ်းကုန် ကြိုးစားလေ့ရှိကြတာပါ။ IQ မြင့်တဲ့လူတွေဟာ သိလိုစိတ် ပြင်းပြလေ့ရှိတဲ့အပြင် အိုင်ဒီယာအသစ်တွေကိုလည်း ကြိုဆိုလေ့ရှိကြပါတယ်။

တစ် ယောက်တည်း စကားပြောတယ်။
တစ်ခါတလေ တစ်ယောက်တည်း စကားပြောတာမျိုးဟာ ရူးနေတယ်ဆိုတဲ့ အမှတ်လက္ခဏာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်အောင်၊ စကားစုတစ်ခု ကိုယ့်ခေါင်းထဲ စွဲမှတ်သွားအောင် အသံထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောတာဟာ ညာဏ်ရည်မြင့်မားသူတွေရဲ့ လက္ခဏာတစ်ခုပါ။ ဒါကြောင့် ပညာရှင်အဆင့် အားကစားသမားအများစုဟာ အားကစားပြိုင်ပွဲ ဝင်နေတုန်းမှာ အသံ ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောလေ့ရှိကြတာပါ။

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားတယ်။
အသံထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောတာပဲဖြစ်ဖြစ်၊ စိတ်ထဲကနေ ပြောတာပဲဖြစ်ဖြစ် ဒါဟာ ညာဏ်ရည်မြင့်မားမှု လက္ခဏာပါပဲ။ ၂ဝဝ၉ ခုနှစ်မှာ ယေးလ်တက္ကသိုလ်က IQ စမ်းသပ်တဲ့အနေနဲ့ စမ်းသပ်ချက်မှာ ပါတဲ့ လူတွေကို ဆုငွေပိုက်ဆံ ချက်ချင်းပေးတာကို ယူမလား၊ နောက်မှ ယူမလား၊ နောက်မှယူရင် ဆုငွေ ပိုရမယ်ဆိုပြီး ရွေးချယ်ခိုင်းလိုက်ပါတယ်။ နောက်မှ ယူမယ်ဆိုတဲ့လူတွေကို စစ်ဆေးကြည့်တော့ ဒီလူတွေဟာ အိုင်ကျူ အမှတ် ပိုများနေတာ တွေ့ရပါသတဲ့။ သူတို့က ချက်ချင်းလက်ငင်း လိုချင်တဲ့စိတ်ကို ထိန်းချုပ်နိုင်ကြတာပါ။

တစ်ယောက်တည်း နေနိုင်တယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်း နေရလည်း အဆင်ပြေတယ်ဆို တာဟာလည်း ညာဏ်ရည်မြင့်မားတဲ့လက္ခဏာပါပဲ။ တစ်ယောက်တည်း နေနိုင်တာဟာ ဥာဏ်ရည်မြင့်မားတာနဲ့ ဆက်စပ်နေတယ်လို့ စိတ်ပညာလေ့လာချက်တစ်ခုက ဆိုထားတာပါ။

zawgyi version
ဖန္တီးႏိုင္စြမ္းျမင့္မားတယ္
ဥာဏ္ရည္ဥာဏ္ေသြး ျမင့္မားသူေတြဟာ ဖန္တီးႏိုင္စြမ္းလည္း ျမင့္မားတတ္ၾကပါတယ္။ ေသေသခ်ာခ်ာ ေလးေလးနက္နက္ စဥ္းစားတတ္မွ၊ လူအမ်ားစု ျမင္ေလ့ျမင္ထ မရွိတဲ့ ရႈေထာင့္ဘက္ကေန ျမင္တတ္မွ၊ ပုံစံခြက္ထဲကေန ေဖာက္ထြက္စဥ္းစားတတ္မွ သူမ်ားနဲ႔ မတူတဲ့ ဖန္တီးမႈလက္ရာေတြ ျဖစ္လာတတ္တာေၾကာင့္မို႔ ဒီလိုလူေတြဟာ ညာဏ္ရည္ျမင့္မားၾကတာပါ။ ေၾကာ္ျငာေတြကို ဒါမွမဟုတ္ MTV လို႔ေခၚတဲ့ ေတးသ႐ုပ္ ေဖာ္ေတြကို အမိုက္စားဖန္တီး႐ိုက္ကူးထားတာေတြဟာ ဖန္တီးႏိုင္စြမ္းျမင့္မားသူေတြရဲ႕ လက္ရာမြန္ေတြပါပဲ။ ႏိုင္ငံျခားက အမိုက္စား ေၾကာ္ျငာေတြ၊ MTV ေတြဟာ သူတို႔ကိုယ္ပိုင္ စိတ္ကူးညာဏ္ေတြျဖစ္ၿပီး သူမ်ားဆီက ခိုးခ်ထားတာေတြ မဟုတ္ပါဘူး။ သူမ်ားဆီက ပုံတူကူးခ်ထားတာမ်ိဳးဟာ ဖန္တီးႏိုင္စြမ္း ျမင့္မားတာ၊ ဥာဏ္ရည္ ထက္ျမက္တာ မဟုတ္ပါဘူး။

သင္ယူေလ့လာလိုစိတ္၊ သိခ်င္စိတ္ျပင္းျပတယ္။
သင္ယူေလ့လာလိုစိတ္ ျပင္းျပတဲ့သူဟာ ပိုေလ့လာေလ ပိုထူးခြၽန္လာေလပါပဲ။ အခ်ိန္အား၊ လူ အား စိုက္ထုတ္ၿပီး ေလ့လာဆည္းပူးတာဟာ သိျမင္နားလည္ႏိုင္စြမ္း ဖြံ႕ၿဖိဳးတိုးတက္မႈမွာ အဓိက က်တယ္လို႔ ေလ့လာခ်က္တစ္ခုကလည္း ဆိုထားပါတယ္။ ဒါေပမဲ့ သမန္ကာလွ်ံကာ သင္ယူေလ့လာ႐ုံနဲ႔ ေတာ္လာမွာ မဟုတ္ဘဲ ေသာက္ေလ ေသာက္ေလ ငတ္မေျပ ဆိုတဲ့အတိုင္း ေက်နပ္ေရာင့္ရဲ တယ္လို႔ မရွိဘဲ စဥ္ဆက္မျပတ္ အားပါးတရ ေလ့လာဆည္းပူးေနမွသာ တကယ့္လူေတာ္ ျဖစ္လာမွာပါ။

ဥာဏ္ရည္ျမင့္မားတဲ့လူေတြဟာ ငုပ္မိသဲတိုင္၊ တက္ႏိုင္ဖ်ားေရာက္ဆိုတဲ့စကားလိုပဲ ပညာရပ္တစ္ခုကို လက္တစ္ဆုံး ႏႈိက္ႏိုင္ေအာင္ အစြမ္းကုန္ ႀကိဳးစားေလ့ရွိၾကတာပါ။ IQ ျမင့္တဲ့လူေတြဟာ သိလိုစိတ္ ျပင္းျပေလ့ရွိတဲ့အျပင္ အိုင္ဒီယာအသစ္ေတြကိုလည္း ႀကိဳဆိုေလ့ရွိၾကပါတယ္။

တစ္ ေယာက္တည္း စကားေျပာတယ္။
တစ္ခါတေလ တစ္ေယာက္တည္း စကားေျပာတာမ်ိဳးဟာ ႐ူးေနတယ္ဆိုတဲ့ အမွတ္လကၡဏာ မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္ေအာင္၊ စကားစုတစ္ခု ကိုယ့္ေခါင္းထဲ စြဲမွတ္သြားေအာင္ အသံထြက္ၿပီး ကိုယ့္ကိုယ္ကိုယ္ ေျပာတာဟာ ညာဏ္ရည္ျမင့္မားသူေတြရဲ႕ လကၡဏာတစ္ခုပါ။ ဒါေၾကာင့္ ပညာရွင္အဆင့္ အားကစားသမားအမ်ားစုဟာ အားကစားၿပိဳင္ပြဲ ဝင္ေနတုန္းမွာ အသံ ထြက္ၿပီး ကိုယ့္ကိုယ္ကိုယ္ ေျပာေလ့ရွိၾကတာပါ။

ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္စြမ္း ျမင့္မားတယ္။
အသံထြက္ၿပီး ကိုယ့္ကိုယ္ကိုယ္ ေျပာတာပဲျဖစ္ျဖစ္၊ စိတ္ထဲကေန ေျပာတာပဲျဖစ္ျဖစ္ ဒါဟာ ညာဏ္ရည္ျမင့္မားမႈ လကၡဏာပါပဲ။ ၂ဝဝ၉ ခုႏွစ္မွာ ေယးလ္တကၠသိုလ္က IQ စမ္းသပ္တဲ့အေနနဲ႔ စမ္းသပ္ခ်က္မွာ ပါတဲ့ လူေတြကို ဆုေငြပိုက္ဆံ ခ်က္ခ်င္းေပးတာကို ယူမလား၊ ေနာက္မွ ယူမလား၊ ေနာက္မွယူရင္ ဆုေငြ ပိုရမယ္ဆိုၿပီး ေ႐ြးခ်ယ္ခိုင္းလိုက္ပါတယ္။ ေနာက္မွ ယူမယ္ဆိုတဲ့လူေတြကို စစ္ေဆးၾကည့္ေတာ့ ဒီလူေတြဟာ အိုင္က်ဴ အမွတ္ ပိုမ်ားေနတာ ေတြ႕ရပါသတဲ့။ သူတို႔က ခ်က္ခ်င္းလက္ငင္း လိုခ်င္တဲ့စိတ္ကို ထိန္းခ်ဳပ္ႏိုင္ၾကတာပါ။

တစ္ေယာက္တည္း ေနႏိုင္တယ္။ ကိုယ့္ဘာသာ တစ္ေယာက္တည္း ေနရလည္း အဆင္ေျပတယ္ဆို တာဟာလည္း ညာဏ္ရည္ျမင့္မားတဲ့လကၡဏာပါပဲ။ တစ္ေယာက္တည္း ေနႏိုင္တာဟာ ဥာဏ္ရည္ျမင့္မားတာနဲ႔ ဆက္စပ္ေနတယ္လို႔ စိတ္ပညာေလ့လာခ်က္တစ္ခုက ဆိုထားတာပါ။

ဟာသဥာဏ် ရှိတယ်
အောင်မြင်ကျော်ကြားတဲ့ ဟာသသရုပ်ဆောင်တွေ၊ ထိထိမိမိနဲ့ ရယ်ရတဲ့ အဆင့်မြင့် ကာတွန်းကွက်တွေ ရေးနိုင်တဲ့ ကာတွန်းဆရာတွေဟာ ဥာဏ်ရည် မြင့်မားကြတယ်လို့ နယူးမက္ကဆီကိုတက္ကသိုလ်က ၂ဝ၁၁ ခုနှစ်မှာ ပြု စုတဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

တစ်ဖက်ပိတ် မဟုတ်ဘဲ သူ များပြောတာ လက်ခံတတ်တယ်။
ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်လှတဲ့လူတွေဟာ သူတစ်ပါးရဲ့ အမြင်သဘောထားကို စိတ်ဝင်တစားနားထောင် ပေးလေ့ရှိတယ်။ တခြားလူတွေရဲ့ အမြင်တွေကို စုံအောင် နားထောင်ပြီးမှ အဲဒီအမြင်တွေပေါ် မူတည်ပြီး ကောက်ချက်ဆွဲလေ့ရှိပါတယ်။ သူတို့တွေဟာ ဘက်စုံအောင် နားထောင်ပြီး၊ စုံစမ်းပြီး၊ အချိန်ယူပြီးမှ ခိုင်ခိုင်မာမာ ကောက်ချက်ချကြတာပါ။ ဒါ့အပြင် အတွေးအခေါ်သစ်တွေကို လက်ခံဖို့လည်း ဝန်မလေးတတ်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် တော်လှတတ်လှပြီလို့ မအောက်မေ့ဘူး။ ဘာမှမဟုတ်တဲ့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် အကုန်သိ၊ အကုန်တတ် တယ်လို့ အောက်မေ့တတ်ကြပြီး တကယ့်လူတော်တွေကတော့ ဒီလိုမအောက်မေ့ တတ်ကြဘဲ ငါ အကုန် မသိဘူး၊ ငါ သိတာ တတ်တာဟာ အကန့်အသတ်နဲ့ပဲလို့ တွေးတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ထက် တော်တဲ့တတ်တဲ့ ဆရာ စစ်၊ ဆရာမှန်တွေကို ဆည်းပူးပါတယ်။ ဒီတော့ ဒီလိုလူမျိုးဟာ ပိုပိုပြီး တတ်ချင်လာပါတယ်။ ပိုတတ်ချင်လို့ ပိုကြိုးစားတော့ ပိုတော် လာတော့တာပေါ့။ "ဘာမှ မတတ်တဲ့လူတွေက ကိုယ့်ကိုယ်ကိုယ် လူတတ်ကြီးလို့ ထင်ကြပြီး တတ်တဲ့လူတွေကတော့ ငါ ဘာမှ မတတ်သေးပါလားလို့ မှတ်ယူကြတယ်"လို့ ရှိတ်စပီးယားကလည်း ဆိုခဲ့ပါတယ်။

ရှုပ်ရှုပ်ပွပွ နေတတ်တယ်။
ရှုပ်ရှုပ်ပွေပွေ နေတတ်လေ ပိုတော်လေပဲလို့ မင်နီဆိုးတားတက္ကသိုလ်က ကက်သ်လင်းဗိုစ်က ဆိုပါတယ်။ ပင်ပေါင်ဘောလုံးတွေကို ဆန်းဆန်းပြားပြား အသုံးပြုနည်း တီထွင်ခိုင်းတော့ ရှုပ်ပွနေတဲ့အခန်းထဲမှာ အလုပ်လုပ်ရတဲ့ အုပ်စုက သန့်ရှင်းသပ်ရပ်နေတဲ့အခန်းထဲမှာ အလုပ်လုပ်ရတဲ့ အုပ်စုထက် ပိုပြီး စိတ်ကူးညာဏ် ကွန့်မြူးတာ တွေ့ရတယ်လို့ ကလက်သ်လင်းဗိုစ် ပြုစုထုတ်ပြန်တဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ရှုပ်ရှုပ်ပွပွ နေတတ်လှချည်ရဲ့လို့ ပြစ်တင်စကား ဆိုမနေပါနဲ့တော့။

zawgyi version
ဟာသဥာဏ္ ရွိတယ္
ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဟာသသ႐ုပ္ေဆာင္ေတြ၊ ထိထိမိမိနဲ႔ ရယ္ရတဲ့ အဆင့္ျမင့္ ကာတြန္းကြက္ေတြ ေရးႏိုင္တဲ့ ကာတြန္းဆရာေတြဟာ ဥာဏ္ရည္ ျမင့္မားၾကတယ္လို႔ နယူးမကၠဆီကိုတကၠသိုလ္က ၂ဝ၁၁ ခုႏွစ္မွာ ျပဳ စုတဲ့ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။

တစ္ဖက္ပိတ္ မဟုတ္ဘဲ သူ မ်ားေျပာတာ လက္ခံတတ္တယ္။
ဥာဏ္ရည္ဥာဏ္ေသြး ထက္ျမက္လွတဲ့လူေတြဟာ သူတစ္ပါးရဲ႕ အျမင္သေဘာထားကို စိတ္ဝင္တစားနားေထာင္ ေပးေလ့ရွိတယ္။ တျခားလူေတြရဲ႕ အျမင္ေတြကို စုံေအာင္ နားေထာင္ၿပီးမွ အဲဒီအျမင္ေတြေပၚ မူတည္ၿပီး ေကာက္ခ်က္ဆြဲေလ့ရွိပါတယ္။ သူတို႔ေတြဟာ ဘက္စုံေအာင္ နားေထာင္ၿပီး၊ စုံစမ္းၿပီး၊ အခ်ိန္ယူၿပီးမွ ခိုင္ခိုင္မာမာ ေကာက္ခ်က္ခ်ၾကတာပါ။ ဒါ့အျပင္ အေတြးအေခၚသစ္ေတြကို လက္ခံဖို႔လည္း ဝန္မေလးတတ္ၾကပါဘူး။ ကိုယ့္ကိုယ္ကိုယ္ ေတာ္လွတတ္လွၿပီလို႔ မေအာက္ေမ့ဘူး။ ဘာမွမဟုတ္တဲ့ လူေတြဟာ ကိုယ့္ကိုယ္ကိုယ္ အကုန္သိ၊ အကုန္တတ္ တယ္လို႔ ေအာက္ေမ့တတ္ၾကၿပီး တကယ့္လူေတာ္ေတြကေတာ့ ဒီလိုမေအာက္ေမ့ တတ္ၾကဘဲ ငါ အကုန္ မသိဘူး၊ ငါ သိတာ တတ္တာဟာ အကန႔္အသတ္နဲ႔ပဲလို႔ ေတြးတတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္ထက္ ေတာ္တဲ့တတ္တဲ့ ဆရာ စစ္၊ ဆရာမွန္ေတြကို ဆည္းပူးပါတယ္။ ဒီေတာ့ ဒီလိုလူမ်ိဳးဟာ ပိုပိုၿပီး တတ္ခ်င္လာပါတယ္။ ပိုတတ္ခ်င္လို႔ ပိုႀကိဳးစားေတာ့ ပိုေတာ္ လာေတာ့တာေပါ့။ "ဘာမွ မတတ္တဲ့လူေတြက ကိုယ့္ကိုယ္ကိုယ္ လူတတ္ႀကီးလို႔ ထင္ၾကၿပီး တတ္တဲ့လူေတြကေတာ့ ငါ ဘာမွ မတတ္ေသးပါလားလို႔ မွတ္ယူၾကတယ္"လို႔ ရွိတ္စပီးယားကလည္း ဆိုခဲ့ပါတယ္။

ရႈပ္ရႈပ္ပြပြ ေနတတ္တယ္။
ရႈပ္ရႈပ္ေပြေပြ ေနတတ္ေလ ပိုေတာ္ေလပဲလို႔ မင္နီဆိုးတားတကၠသိုလ္က ကက္သ္လင္းဗိုစ္က ဆိုပါတယ္။ ပင္ေပါင္ေဘာလုံးေတြကို ဆန္းဆန္းျပားျပား အသုံးျပဳနည္း တီထြင္ခိုင္းေတာ့ ရႈပ္ပြေနတဲ့အခန္းထဲမွာ အလုပ္လုပ္ရတဲ့ အုပ္စုက သန႔္ရွင္းသပ္ရပ္ေနတဲ့အခန္းထဲမွာ အလုပ္လုပ္ရတဲ့ အုပ္စုထက္ ပိုၿပီး စိတ္ကူးညာဏ္ ကြန႔္ျမဴးတာ ေတြ႕ရတယ္လို႔ ကလက္သ္လင္းဗိုစ္ ျပဳစုထုတ္ျပန္တဲ့ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ရႈပ္ရႈပ္ပြပြ ေနတတ္လွခ်ည္ရဲ႕လို႔ ျပစ္တင္စကား ဆိုမေနပါနဲ႔ေတာ့။

https://www.inc.com/scott-mautz/9-signs-youre-more-intelligent-than-you-think-according-to-science.html?

Related news

© 2021. All rights reserved.