အဆိုတော် Double J (စိစစ်ဆဲ)အပါအဝင် ၉ ဦးကို ဖေ့စ်ဘုတ်ပေါ်တွင် ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့မှုဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း နစကထုတ်ပြန်

 3145

ဟိန်း (NP News) - ဇွန် ၂၆
အဆိုတော် Double J အပါအဝင် ၉ ဦးကို ဖေ့စ်ဘုတ်ပေါ်တွင် ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့မှုဖြင့် ဖမ်းဆီးအရေးယူခဲ့ ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါဖမ်းဆီးခံရသူများသည် ဖေ့စ်ဘုတ်အကောင့်မှတဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေ ရန်ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအရေးယူခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖမ်းဆီးခံရသူ ၉ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မီးရထားရပ်ကွက်နေ မေထက်ခိုင်သည် ၎င်းအသုံးပြုသည့် “ May Htet Khaing ” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် နေ အဆိုတော်ဖြစ်သူ Double J (စိစစ်ဆဲ) သည် ၎င်းအသုံးပြုသည့် “ Double J ” Facebook အကောင့်၊ ဝမ်းတွင်းမြို့နယ်၊ သဲတော (၃) ရပ်ကွက်နေ သိန်းတန်သည် ၎င်းအသုံးပြုသည့် “ Thein Tan ” Facebook အကောင့်၊ မြစ်သားမြို့နယ်၊ သပြေသာရပ်ကွက်နေ စိုးသူသည် ၎င်းအသုံးပြုသည့် “ Soe Thu ” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရှမ်းစုကျေးရွာနေ သူရိန်ဝင်းသည် ၎င်းအသုံးပြုသည့် “ Sai Thurein Win ” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အရာထမ်းအိမ်ရာ၊ ပုရွက်ဆိပ်ကုန်း၊ အမှတ် (D-1)နေ ဝင်းမော်သည် ၎င်းအသုံးပြုသည့် “ Win Maw ” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မြို့သစ်(ဃ)ရပ်ကွက်နေ လှိုင်လှိုင်မြင့်နှင့် လိပ်ပြာကန်ရပ်ကွက်နေ ဧကရီညီညီ တို့သည် ၎င်းတို့အသုံးပြုသည့် “ Hlaing Hlaing Myint ” Facebook အကောင့်နှင့် “ Eakhaye Nyi Nyi ” Facebook အကောင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်နေ မောင်မောင်သန်း(ခ)ဖိုးခွားသည် ၎င်းအသုံးပြုသည့် “ Phoe Khwar ” Facebook အကောင့်တို့ ဖြစ်ကြောင်း သိရသည်။

နစက က CRPH၊ NUG နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများမှ လူမှုကွန်ယက်တွင်လှုပ်ရှားမှုများနှင့် ပတ်သက်၍ လိုက်ပါလုပ်ဆောင်ခြင်း၊ ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပ‌ဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅ဝ၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကိုလည်း သိမ်းဆည်းခံရနိုင်ကြောင်း ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားခဲ့သည်။

Zawgyi Version;
အဆိုေတာ္ Double J (စိစစ္ဆဲ) အပါအဝင္ ၉ ဦးကို ေဖ့စ္ဘုတ္ေပၚတြင္ ဝါဒျဖန႔္မႈမ်ား ျပဳလုပ္ခဲ့မႈျဖင့္ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း နစကထုတ္ျပန္
ဟိန္း (NP News) - ဇြန္ ၂၆
အဆိုေတာ္ Double J အပါအဝင္ ၉ ဦးကို ေဖ့စ္ဘုတ္ေပၚတြင္ ဝါဒျဖန႔္မႈမ်ား ျပဳလုပ္ခဲ့မႈျဖင့္ ဖမ္းဆီးအေရးယူခဲ့ ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ဇြန္လ ၂၆ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

အဆိုပါဖမ္းဆီးခံရသူမ်ားသည္ ေဖ့စ္ဘုတ္အေကာင့္မွတဆင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစ ရန္ရည္႐ြယ္၍ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ား ျပဳမူလုပ္ေဆာင္ခဲ့သည့္အတြက္ တရားဥပေဒႏွင့္အညီ ဖမ္းဆီး ထိန္းသိမ္းအေရးယူျခင္းမ်ား ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ဖမ္းဆီးခံရသူ ၉ ဦးမွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္၊ မီးရထားရပ္ကြက္ေန ေမထက္ခိုင္သည္ ၎အသုံးျပဳသည့္ “ May Htet Khaing ” Facebook အေကာင့္၊ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ ေန အဆိုေတာ္ျဖစ္သူ Double J (စိစစ္ဆဲ) သည္ ၎အသုံးျပဳသည့္ “ Double J ” Facebook အေကာင့္၊ ဝမ္းတြင္းၿမိဳ႕နယ္၊ သဲေတာ (၃) ရပ္ကြက္ေန သိန္းတန္သည္ ၎အသုံးျပဳသည့္ “ Thein Tan ” Facebook အေကာင့္၊ ျမစ္သားၿမိဳ႕နယ္၊ သေျပသာရပ္ကြက္ေန စိုးသူသည္ ၎အသုံးျပဳသည့္ “ Soe Thu ” Facebook အေကာင့္၊ မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္၊ ရွမ္းစုေက်း႐ြာေန သူရိန္ဝင္းသည္ ၎အသုံးျပဳသည့္ “ Sai Thurein Win ” Facebook အေကာင့္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ အရာထမ္းအိမ္ရာ၊ ပု႐ြက္ဆိပ္ကုန္း၊ အမွတ္ (D-1)ေန ဝင္းေမာ္သည္ ၎အသုံးျပဳသည့္ “ Win Maw ” Facebook အေကာင့္၊ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္၊ ၿမိဳ႕သစ္(ဃ)ရပ္ကြက္ေန လႈိင္လႈိင္ျမင့္ႏွင့္ လိပ္ျပာကန္ရပ္ကြက္ေန ဧကရီညီညီ တို႔သည္ ၎တို႔အသုံးျပဳသည့္ “ Hlaing Hlaing Myint ” Facebook အေကာင့္ႏွင့္ “ Eakhaye Nyi Nyi ” Facebook အေကာင့္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္ေန ေမာင္ေမာင္သန္း(ခ)ဖိုးခြားသည္ ၎အသုံးျပဳသည့္ “ Phoe Khwar ” Facebook အေကာင့္တို႔ ျဖစ္ေၾကာင္း သိရသည္။

နစက က CRPH၊ NUG ႏွင့္ ၎တို႔၏ လက္ေအာက္ခံအဖြဲ႕အစည္းမ်ားမွ လူမႈကြန္ယက္တြင္လႈပ္ရွားမႈမ်ားႏွင့္ ပတ္သက္၍ လိုက္ပါလုပ္ေဆာင္ျခင္း၊ ထပ္ဆင့္မွ်ေဝျခင္း၊ အားေပးကူညီျခင္းမ်ား ျပဳလုပ္ခဲ့ပါက အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပ‌ေဒပုဒ္မ ၅၂(က)၊ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က ႏွင့္ ပုဒ္မ ၅ဝ၅-က၊ အီလက္ထေရာနစ္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၃၃(က)ႏွင့္ တည္ဆဲဥပေဒမ်ားအရ အေရးယူခံရမည့္အျပင္ ျပစ္မႈႏွင့္သက္ဆိုင္သည့္ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္း၊ မေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားကိုလည္း သိမ္းဆည္းခံရႏိုင္ေၾကာင္း ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီ ၂၅ ရက္ေန႔တြင္ အသိေပးထုတ္ျပန္ထားခဲ့သည္။

Picture

Zaw Thura

26/06/2022 22:52

👍

Picture

nyan win

27/06/2022 09:41

np nwesခင်ဗျားပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေမှာစာလုံးတွေမဲနေလို့ဖတ်မရပါဓာတ်ပုံတွေတော့ထင်ထင်ရှားရှားမြင်ရပါတယ်ဗီဒီယိုတော့ကြည့်ရအဆင်ပြေပါတယ်သတင်းဖတ်ချင်ရင်Googleထဲမှာဝင်ဖတ်နေရလို့ပါခင်ဗျားစီစဉ်လို့ရရင်အဆင်ပြေအောင်လုပ်ပေးပါခင်ဗျား

Picture

SON son

27/06/2022 12:33

မဟုတ်မမှန်သတင်းတွေကို ပြည်သူထံရောက်အောင် ဖြန့်ဝေလှုံ့ဆော်ရင်တော့ ခုလိုပဲ ဖြစ်မှာပဲလေ....ဘာပဲပြောပြော တည်ဆဲဥပဒေဆိုတာက လေးစားလိုက်နာသင့်ပါတယ်။

Related news

© 2021. All rights reserved.