ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ဆန်းဦးတို့၏ ခြံအမှတ်(၅၄) အမွေအမှုကို တရားလွှတ်တော်ချုပ်တွင် ကြားနာ

2450

မျိုးကြီး (NP News) ဇွန် ၂၇
ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ်(၅၄)အား အမွေခွဲဝေမှုနှင့်ပတ်သက်၍ ဦးအောင်ဆန်းဦးက အထူးအယူခံလျှောက်ထားမှုကို ယနေ့ ဇွန် ၂၇ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တွင် ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တရားသူကြီးများဖြစ်သော ဦးအောင်ဇော်သိန်း၊ ဦးကြည်သိန်း၊ ဦးခင် မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့တို့ပါဝင်သော အထူး အယူခံခုံရုံးက ၎င်း အမှုကို ရုံးထိုင်ကြားနာခဲ့ခြင်းဖြစ်သည်။
အဆိုပါအမွေဆိုင်အမှုနှင့်ပတ်သက်၍ NP News က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ တာဝန်ရှိသူတစ်ဦး အား ဆက်သွယ်မေးမြန်းရာတွင် ယနေ့ကြားနာခဲ့သည်မှာ မှန်ကန်ကြောင်းပြောဆိုခဲ့သော်လည်း ဆက်စပ် အကြောင်းအရာများကို ဖြေကြားခဲ့ခြင်းမရှိပေ။
ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၎င်း၏ ရှေ့နေနှင့်အတူ ပြီးခဲ့သော ၂ဝ၁၉ ခုနှစ် ဇန် နဝါရီလ ၁၁ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ ခြံအမှတ်(၅၄) အမွေခွဲဝေမှုနှင့်ပတ်သက်၍ အထူးအယူခံတင်သွင်းခဲ့ခြင်းဖြစ်သည်။
ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ခြံအမှတ်(၅၄)နှင့်ပတ်သက်၍ အမွေခွဲဝေမှုကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့ရှိ အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချခဲ့သေးသည်။
ခြံအမှတ် (၅၄)အား နှစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်မှရယူရန်နှင့် တစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကို ဦးအောင်ဆန်းဦးမှ ခွဲဝေယူရန် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
လူသိများပြီး ထင်ရှားသော ခြံအမှတ် (၅၄) သည် မြေအကျယ် ၁ ဒသမ ၉၂၃ ဧကရှိပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ဆန်းဦးတို့၏ မိခင်ဒေါ်ခင်ကြည် အမည်ပေါက်ခြံဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ဦးေအာင္ဆန္းဦးတို႔၏ ၿခံအမွတ္(၅၄) အေမြအမႈကို တရားလႊတ္ေတာ္ခ်ဳပ္တြင္ ၾကားနာ
မ်ိဳးႀကီး (NP News) ဇြန္ ၂၇
ရန္ကုန္၊ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ၿခံအမွတ္(၅၄)အား အေမြခြဲေဝမႈႏွင့္ပတ္သက္၍ ဦးေအာင္ဆန္းဦးက အထူးအယူခံေလွ်ာက္ထားမႈကို ယေန႔ ဇြန္ ၂၇ ရက္တြင္ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တြင္ ၾကားနာခဲ့ေၾကာင္း သတင္းရရွိသည္။
ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးႏွင့္ တရားသူႀကီးမ်ားျဖစ္ေသာ ဦးေအာင္ေဇာ္သိန္း၊ ဦးၾကည္သိန္း၊ ဦးခင္ ေမာင္ႀကီး၊ ဦးတင္ဟုန္၊ ေဒၚခင္ေမရီ၊ ဦးေသာင္းႏိုင္၊ ဦးသိန္းကိုကို၊ ေဒၚသင္းသင္းႏြဲ႕တို႔ပါဝင္ေသာ အထူး အယူခံခုံ႐ုံးက ၎ အမႈကို ႐ုံးထိုင္ၾကားနာခဲ့ျခင္းျဖစ္သည္။
အဆိုပါအေမြဆိုင္အမႈႏွင့္ပတ္သက္၍ NP News က ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ရွိ တာဝန္ရွိသူတစ္ဦး အား ဆက္သြယ္ေမးျမန္းရာတြင္ ယေန႔ၾကားနာခဲ့သည္မွာ မွန္ကန္ေၾကာင္းေျပာဆိုခဲ့ေသာ္လည္း ဆက္စပ္ အေၾကာင္းအရာမ်ားကို ေျဖၾကားခဲ့ျခင္းမရွိေပ။
ေဒၚေအာင္ဆန္းစုၾကည္၏ အစ္ကိုျဖစ္သူ ဦးေအာင္ဆန္းဦးက ၎၏ ေရွ႕ေနႏွင့္အတူ ၿပီးခဲ့ေသာ ၂ဝ၁၉ ခုႏွစ္ ဇန္ နဝါရီလ ၁၁ ရက္တြင္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦးထံ ၿခံအမွတ္(၅၄) အေမြခြဲေဝမႈႏွင့္ပတ္သက္၍ အထူးအယူခံတင္သြင္းခဲ့ျခင္းျဖစ္သည္။
ဦးေအာင္ဆန္းဦးႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔အၾကား ၿခံအမွတ္(၅၄)ႏွင့္ပတ္သက္၍ အေမြခြဲေဝမႈကို ၂ဝ၁၆ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက ရန္ကုန္ၿမိဳ႕ရွိ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက အၿပီးသတ္အမိန႔္ခ်ခဲ့ေသးသည္။
ၿခံအမွတ္ (၅၄)အား ႏွစ္ထပ္တိုက္ႏွင့္ ေျမတစ္ဝက္ကို ေဒၚေအာင္ဆန္းစုၾကည္မွရယူရန္ႏွင့္ တစ္ထပ္တိုက္ႏွင့္ ေျမတစ္ဝက္ကို ဦးေအာင္ဆန္းဦးမွ ခြဲေဝယူရန္ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။
လူသိမ်ားၿပီး ထင္ရွားေသာ ၿခံအမွတ္ (၅၄) သည္ ေျမအက်ယ္ ၁ ဒသမ ၉၂၃ ဧကရွိၿပီး ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ဦးေအာင္ဆန္းဦးတို႔၏ မိခင္ေဒၚခင္ၾကည္ အမည္ေပါက္ၿခံျဖစ္ေၾကာင္း သိရသည္။