စစ်တက္ကသိုလ်၊ တပ်မတော်ဆေး နှင့် နည်းပညာတက္ကသိုလ်များအတွက် ဗိုလ်လောင်းဝင်ခွင့် အသက်ကန့်သတ်ချက်ကို ၆ လ တိုးမြှင့်သတ်မှတ်

 1808

ဟိန်း (NP News ) – ဇွန် ၂၇
စစ်တက္ကသိုလ်၊ တပ်မတော်ဆေး နှင့် နည်းပညာတက္ကသိုလ်များအတွက် ဗိုလ်လောင်းဝင်ခွင့် အသက် ကန့်သတ် ချက်ကို ၆ လ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့ အသက်ကန့်သတ်ချက်အား ၆ လတိုးမြှင့်သတ်မှတ်လိုက်ရခြင်းမှာ မိဘပြည်သူများ၏မေတ္တာရပ်ခံချက် အရ ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဇွန်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် (အမျိုးသမီး) ဗိုလ်လောင်းဝင်ခွင့်နှင့်ပတ်သက်၍ ယခင်က ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရ ဟု သတ်မှတ်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၁၈ နှစ်ထက်မကြီးရ (အစား) ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ် ၆ လ ထက်မကြီးရ ဟု အသက်ကန့်သတ်ချက်အား ၆ လ တိုးမြှင့်ပြင်ဆင်သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည် ကို တွေ့ရသည်။

“စစ်တက္ကသိုလ်ဗိုလ်လောင်းရယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းနဲ့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းတွေကို ခေါ်ယူခဲ့တာမှာ ယခင်နှစ်တုန်းကလည်း ကိုဗစ်ကြောင့် ကျောင်းပိတ်ထားရတဲ့ကိစ္စတွေရှိ တယ်။ ဒါကြောင့်မလို့ အသက် ၁၈ နှစ်ထက် လပိုင်းကျော်နေတဲ့လူတွေ၊ ရက်ပိုင်းကျော်နေတဲ့လူတွေ နည်းနည်း လေး များလာတယ်။ ပြည်သူလူထုကလည်း တောင်းဆိုတာရှိတယ်။ အသက်ကန့်သတ်ချက်တွေ တိုးမြှင့်ပေးဖို့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျွန်တော်တို့ အသိပေးထားတာဖြစ်တယ်။ ဒါကြောင့်မလို့ ဒီနေ့မှာတော့ အသက် ၆ လ တိုးမြှင့်ပေးလိုက်တာဖြစ်တယ် ” လို့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများ အား အသိပေးပြောကြားခဲ့သည်။

ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲများမှာ စစ်တက္ကသိုလ်ဗိုလ်လောင်းအတွက် ဩဂုတ်လ ၂၁ ရက်တွင် လည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်(အမျိုးသမီး) ဗိုလ်လောင်းအတွက် ဩဂုတ်လ ၁၉ ရက်နေ့တွင် လည်းကောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်အတွက် ဩဂုတ်လ ၂ဝ ရက်နေ့တွင်လည်းကောင်း၊ တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းအတွက် ဩဂုတ်လ ၁၉ ရက်နေ့တွင်လည်းကောင်း မိမိတို့ လျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ်တည်ရှိသည့်မြို့၌ အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

ယခုနှစ်တွင် ပထမဆုံးအနေဖြင့် တပ်မတော်ဆေးတကက္ကသိုလ် အမျိုးသမီးဗိုလ်လောင်းများကို စတင်ခေါ်ယူခဲ့ ခြင်းဖြစ်ပြီ ယခင်က အမျိုးသမီးဆေးပညာဘွဲ့ရဆရာဝန်နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရဆရာဝန် (အမျိုးသမီး) ဗိုလ်လောင်းများသာ ခေါ်ယူမှုရှိခဲ့ခြင်း ဖြစ်သည်။

https://npnewsmm.com/news/62b9b223ee694a6efe7af8e3

Zawgyi Version;
စစ္တကၠသိုလ္၊ တပ္မေတာ္ေဆး ႏွင့္ နည္းပညာတကၠသိုလ္မ်ားအတြက္ ဗိုလ္ေလာင္းဝင္ခြင့္ အသက္ကန႔္သတ္ခ်က္ကို ၆ လ တိုးျမႇင့္သတ္မွတ္
ဟိန္း (NP News ) – ဇြန္ ၂၇
စစ္တကၠသိုလ္၊ တပ္မေတာ္ေဆး ႏွင့္ နည္းပညာတကၠသိုလ္မ်ားအတြက္ ဗိုလ္ေလာင္းဝင္ခြင့္ အသက္ ကန႔္သတ္ ခ်က္ကို ၆ လ တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။

ယင္းသို႔ အသက္ကန္႔သတ္ခ်က္အား ၆ လတိုးျမႇင့့္သတ္မွတ္လိုက္ရျခင္းမွာ မိဘျပည္သူမ်ား၏ေမတၱာရပ္ခံခ်က္ အရ ျဖစ္ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕၏ ဇြန္လ ၂၇ ရက္ေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။

စစ္တကၠသိုလ္၊ တပ္မေတာ္နည္းပညာတကၠသိုလ္၊ တပ္မေတာ္ေဆးတကၠသိုလ္ႏွင့္ တပ္မေတာ္ေဆးတကၠသိုလ္ (အမ်ိဳးသမီး) ဗိုလ္ေလာင္းဝင္ခြင့္ႏွင့္ပတ္သက္၍ ယခင္က ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္တြင္ အသက္ ၁၆ ႏွစ္ေအာက္ မငယ္ရ၊ ၁၈ ႏွစ္ထက္မႀကီးရ ဟု သတ္မွတ္ေခၚယူခဲ့ျခင္းျဖစ္ၿပီး ယခုအခါ ၁၈ ႏွစ္ထက္မႀကီးရ (အစား) ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္တြင္ အသက္ ၁၆ ႏွစ္ေအာက္ မငယ္ရ၊ ၁၈ ႏွစ္ ၆ လ ထက္မႀကီးရ ဟု အသက္ကန႔္သတ္ခ်က္အား ၆ လ တိုးျမႇင့္ျပင္ဆင္သတ္မွတ္ထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္ ကို ေတြ႕ရသည္။

“စစ္တကၠသိုလ္ဗိုလ္ေလာင္းရယ္၊ တပ္မေတာ္နည္းပညာတကၠသိုလ္ဗိုလ္ေလာင္းနဲ႔ တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းေတြကို ေခၚယူခဲ့တာမွာ ယခင္ႏွစ္တုန္းကလည္း ကိုဗစ္ေၾကာင့္ ေက်ာင္းပိတ္ထားရတဲ့ကိစၥေတြရွိ တယ္။ ဒါေၾကာင့္မလို႔ အသက္ ၁၈ ႏွစ္ထက္ လပိုင္းေက်ာ္ေနတဲ့လူေတြ၊ ရက္ပိုင္းေက်ာ္ေနတဲ့လူေတြ နည္းနည္း ေလး မ်ားလာတယ္။ ျပည္သူလူထုကလည္း ေတာင္းဆိုတာရွိတယ္။ အသက္ကန႔္သတ္ခ်က္ေတြ တိုးျမႇင့္ေပးဖို႔ ႏိုင္ငံေတာ္အႀကီးအကဲကိုလည္း ကြၽန္ေတာ္တို႔ အသိေပးထားတာျဖစ္တယ္။ ဒါေၾကာင့္မလို႔ ဒီေန႔မွာေတာ့ အသက္ ၆ လ တိုးျမႇင့္ေပးလိုက္တာျဖစ္တယ္ ” လို႔ ျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မီဒီယာမ်ား အား အသိေပးေျပာၾကားခဲ့သည္။

ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပြဲမ်ားမွာ စစ္တကၠသိုလ္ဗိုလ္ေလာင္းအတြက္ ဩဂုတ္လ ၂၁ ရက္တြင္ လည္းေကာင္း၊ တပ္မေတာ္ေဆးတကၠသိုလ္(အမ်ိဳးသမီး) ဗိုလ္ေလာင္းအတြက္ ဩဂုတ္လ ၁၉ ရက္ေန႔တြင္ လည္းေကာင္း၊ တပ္မေတာ္နည္းပညာတကၠသိုလ္အတြက္ ဩဂုတ္လ ၂ဝ ရက္ေန႔တြင္လည္းေကာင္း၊ တပ္မေတာ္ေဆးတကၠသိုလ္ဗိုလ္ေလာင္းအတြက္ ဩဂုတ္လ ၁၉ ရက္ေန႔တြင္လည္းေကာင္း မိမိတို႔ ေလွ်ာက္လႊာ တင္သြင္းရာ တိုင္းစစ္ဌာနခ်ဳပ္တည္ရွိသည့္ၿမိဳ႕၌ အသီးသီးေျဖဆိုၾကရမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားခဲ့ၿပီး ျဖစ္သည္။

ယခုႏွစ္တြင္ ပထမဆုံးအေနျဖင့္ တပ္မေတာ္ေဆးတကကၠသိုလ္ အမ်ိဳးသမီးဗိုလ္ေလာင္းမ်ားကို စတင္ေခၚယူခဲ့ ျခင္းျဖစ္ၿပီ ယခင္က အမ်ိဳးသမီးေဆးပညာဘြဲ႕ရဆရာဝန္ႏွင့္ သြားဘက္ဆိုင္ရာေဆးပညာဘြဲ႕ရဆရာဝန္ (အမ်ိဳးသမီး) ဗိုလ္ေလာင္းမ်ားသာ ေခၚယူမႈရွိခဲ့ျခင္း ျဖစ္သည္။

https://npnewsmm.com/news/62b9b223ee694a6efe7af8e3

Picture

May

27/06/2022 21:50

မှန်ပါတယ်

Picture

SON son

28/06/2022 21:06

တစ်နှစ်တိုးပေးနိုင်ရင် ပိုပြီးသင့်လျော်မယ်...လို့ ထင်မြင်ယူဆပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် ကျောင်းသားတွေ စာသင်နှစ်နစ်နာလာခဲ့ရတာက နှစ်နှစ်ကျော်မို့ပါ....။

Related news

© 2021. All rights reserved.