ကိုလံဘီယာနွားသတ်ပွဲကွင်းမှာ ပွဲကြည့်စင် ပြိုကျခဲ့ခြင်းကြောင့် လူ ၄ ဦးသေဆုံး

 1127

ရောင်နီ (NP News) - ဇွန် ၂၈
ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းမှာ နွားသတ်ပွဲကွင်းတစ်ခုအတွင်း ပရိသတ်ကြည့်ရာ သစ်သားပွဲကြည့်စင်တစ်ခု ပြိုကျမှုကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါမတော်တဆမှုဟာ တိုလီမာပြည်နယ်၊ အဲလ်အစ္စပီနယ်မြို့ရှိ အားကစားကွင်းတစ်ခုမှာ ပြုလုပ်တဲ့ "corraleja" ခေါ် ရိုးရာပွဲတစ်ခုရဲ့နွားရိုင်းသတ်ပွဲမှာ ဖြစ်ပွားခဲ့တာပါ။ နွားရိုင်းသတ်ပွဲအတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုများအရ မတ်တတ်ရပ်ကာ အားပေးနေတဲ့ သုံးထပ်ပွဲကြည့်စင် ပြိုကျကာ လူဒါဇင်ပေါင်းများစွာ မြေပြင်ပေါ် ပြုတ်ကျခဲ့တာ တွေ့ရပါတယ်။

“ဒီအခိုက်အတန့်မှာတော့ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အရွယ်မရောက်သေးသူ လေးဦး သေဆုံးခဲ့ပါ တယ်" လို့ တိုလီမာ အုပ်ချုပ်ရေးမှူး ဂျော့ရီဆာဒိ အိုရိုကို က ဒေသခံ Blu Radio သို့ ပြောကြားခဲ့ပါတယ်။

ပြိုကျမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရသူ လူပေါင်း ၃၂၂ ဦးဟာ ဒေသဆိုင်ရာအစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံများမှာ ကုသမှုခံယူနေရကြောင်း ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ဇွန်လ ၂၆ ရက်၊ တနင်္ဂနွေနေ့နှောင်းပိုင်း မှာ ပြောကြားခဲ့ပါတယ်။ လူဦးရေ ၇၈ဝဝဝ ခန့်နေထိုင်ပြီး မြို့တော်ဘိုဂိုတာမှ ကီလိုမီတာ ၁၅ဝ (၉၃ မိုင်) အကွာမှာရှိတဲ့ အဲလ်အစ္စပီနယ်မှာ ကျင်းပတဲ့ ယင်းပွဲဟာ ဒေသတွင်း ရေပန်းအစားဆုံးဖြစ်တဲ့ San Pedro ပွဲတော်ရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။

ယခုလအစောပိုင်းကလည်း မြောက်ပိုင်းမြို့ ရက်ပီလွန်ရဲ့ Corraleja ပွဲတော်အတွင်း နွားတစ်ကောင်ရဲ့ တိုက်ခိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပါတယ်။ သမ္မတ အိုင်ဗန်ဒူကေးက အဆိုပါမတော်တဆမှုကို စုံစမ်းစစ်ဆေးဖို့ကြေညာထားပြီး "San Pedro နဲ့ San Juan ပွဲတော်များအတွင်း အဲလ်အစ္စပီနယ်မှာ ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ်အဖြစ်ဆိုးကို ကျွန်ုပ်တို့ဝမ်းနည်းကြေကွဲမိပါတယ်။ စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့ တောင်းဆို မယ်" လို့ တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတ ဂူစတာဗိုပီထရိုက အဆိုပါဖြစ်ရပ်တွေကိုတားမြစ်ဖို့ ဒေသဆိုင်ရာတာဝန်ရှိသူများကို တိုက်တွန်းခဲ့ပြီး ယင်းကဲ့သို့ဖြစ်ရပ်မျိုး ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းမဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

https://www.aljazeera.com/news/2022/6/27/four-killed-after-stand-collapses-at-colombia-bullfight?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Zawgyi Version;
ကိုလံဘီယာႏြားသတ္ပြဲကြင္းမွာ ပြဲၾကည့္စင္ ၿပိဳက်ခဲ့ျခင္းေၾကာင့္ လူ ၄ ဦးေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၂၈
ကိုလံဘီယာႏိုင္ငံ အလယ္ပိုင္းမွာ ႏြားသတ္ပြဲကြင္းတစ္ခုအတြင္း ပရိသတ္ၾကည့္ရာ သစ္သားပြဲၾကည့္စင္တစ္ခု ၿပိဳက်မႈေၾကာင့္ လူ ၄ ဦးထက္မနည္း ေသဆုံးၿပီး ရာနဲ႔ခ်ီ ဒဏ္ရာရရွိခဲ့ပါတယ္။

အဆိုပါမေတာ္တဆမႈဟာ တိုလီမာျပည္နယ္၊ အဲလ္အစၥပီနယ္ၿမိဳ႕ရွိ အားကစားကြင္းတစ္ခုမွာ ျပဳလုပ္တဲ့ "corraleja" ေခၚ ႐ိုးရာပြဲတစ္ခုရဲ႕ႏြား႐ိုင္းသတ္ပြဲမွာ ျဖစ္ပြားခဲ့တာပါ။ ႏြား႐ိုင္းသတ္ပြဲအတြင္း ႐ိုက္ကူးထားတဲ့ ဗီဒီယိုမ်ားအရ မတ္တတ္ရပ္ကာ အားေပးေနတဲ့ သုံးထပ္ပြဲၾကည့္စင္ ၿပိဳက်ကာ လူဒါဇင္ေပါင္းမ်ားစြာ ေျမျပင္ေပၚ ျပဳတ္က်ခဲ့တာ ေတြ႕ရပါတယ္။

“ဒီအခိုက္အတန႔္မွာေတာ့ အမ်ိဳးသမီးႏွစ္ဦး၊ အမ်ိဳးသားတစ္ဦးနဲ႔ အ႐ြယ္မေရာက္ေသးသူ ေလးဦး ေသဆုံးခဲ့ပါ တယ္" လို႔ တိုလီမာ အုပ္ခ်ဳပ္ေရးမႉး ေဂ်ာ့ရီဆာဒိ အို႐ိုကို က ေဒသခံ Blu Radio သို႔ ေျပာၾကားခဲ့ပါတယ္။

ၿပိဳက်မႈျဖစ္ပြားၿပီးေနာက္ ထိခိုက္ဒဏ္ရာရသူ လူေပါင္း ၃၂၂ ဦးဟာ ေဒသဆိုင္ရာအစိုးရနဲ႔ ပုဂၢလိက ေဆး႐ုံမ်ားမွာ ကုသမႈခံယူေနရေၾကာင္း ေဒသဆိုင္ရာက်န္းမာေရးအာဏာပိုင္မ်ားက ဇြန္လ ၂၆ ရက္၊ တနဂၤေႏြေန႔ေႏွာင္းပိုင္း မွာ ေျပာၾကားခဲ့ပါတယ္။ လူဦးေရ ၇၈ဝဝဝ ခန႔္ေနထိုင္ၿပီး ၿမိဳ႕ေတာ္ဘိုဂိုတာမွ ကီလိုမီတာ ၁၅ဝ (၉၃ မိုင္) အကြာမွာရွိတဲ့ အဲလ္အစၥပီနယ္မွာ က်င္းပတဲ့ ယင္းပြဲဟာ ေဒသတြင္း ေရပန္းအစားဆုံးျဖစ္တဲ့ San Pedro ပြဲေတာ္ရဲ႕တစ္စိတ္တစ္ပိုင္းပဲျဖစ္ပါတယ္။

ယခုလအေစာပိုင္းကလည္း ေျမာက္ပိုင္းၿမိဳ႕ ရက္ပီလြန္ရဲ႕ Corraleja ပြဲေတာ္အတြင္း ႏြားတစ္ေကာင္ရဲ႕ တိုက္ခိုက္ခံရမႈေၾကာင့္ လူတစ္ဦးေသဆုံးခဲ့ပါတယ္။ သမၼတ အိုင္ဗန္ဒူေကးက အဆိုပါမေတာ္တဆမႈကို စုံစမ္းစစ္ေဆးဖို႔ေၾကညာထားၿပီး "San Pedro နဲ႔ San Juan ပြဲေတာ္မ်ားအတြင္း အဲလ္အစၥပီနယ္မွာ ျဖစ္ပြားခဲ့တဲ့ ေၾကာက္မက္ဖြယ္အျဖစ္ဆိုးကို ကြၽႏ္ုပ္တို႔ဝမ္းနည္းေၾကကြဲမိပါတယ္။ စုံစမ္းစစ္ေဆးဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆို မယ္" လို႔ တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။

ေ႐ြးေကာက္ခံသမၼတ ဂူစတာဗိုပီထ႐ိုက အဆိုပါျဖစ္ရပ္ေတြကိုတားျမစ္ဖို႔ ေဒသဆိုင္ရာတာဝန္ရွိသူမ်ားကို တိုက္တြန္းခဲ့ၿပီး ယင္းကဲ့သို႔ျဖစ္ရပ္မ်ိဳး ပထမဆုံးအႀကိမ္ ျဖစ္ပြားျခင္းမဟုတ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

https://www.aljazeera.com/news/2022/6/27/four-killed-after-stand-collapses-at-colombia-bullfight?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Related news

© 2021. All rights reserved.