ကမ္ဘာ့ပထမဦးဆုံး ကိုးမြွှာပူးကလေးတွေရဲ့ မိဘဖြစ်ရတဲ့ အတွေ့အကြုံ

 1062

ဝတီ (NP News) - ဇွန် ၂၈
မာလီနိုင်ငံသူဖြစ်တဲ့ ဟလီမာစစ်စီ (Halima Cisse)ဟာ ဘာဆေးဝါးအ ကူအညီမှမပါဘဲ သဘာဝအတိုင်းရတဲ့ ကိုးမြွှာပူးကလေးတွေကို ၂ဝ၂၁ ခုနှစ် မေလ ၄ ရက်မှာ အောင်အောင်မြင်မြင် ဗိုက်ခွဲမွေးနိုင်ခဲ့ပါတယ်။က မ္ဘာပေါ်မှာ ကိုးမြွှာပူး မွေးဖူးတာတွေရှိပေမယ့် မွေးပြီးလို့ နာရီပိုင်း၊ ရက် ပိုင်းလောက် အကြာမှာပဲ ဆုံးပါးသွားတာချည်းပါပဲ။ အခု ဟလီမာစစ်စီ မွေးတဲ့ ကိုးမြွှာပူးကလေးတွေကျမှ အသက်တစ်နှစ်ကျော်တဲ့အထိ ကျန်း မာနေကြတာပါ။ ဒါကြောင့်မို့လည်း အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟလီမာစစ်စီနဲ့ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ခင်ပွန်း ကဒါအာဘီ (Kader Arby)ဟာ ကိုးမြွှာပူးကလေးတွေကို အောင်အောင်မြင်မြင် မွေးဖွားနိုင်တဲ့ ကမ္ဘာ့ပထမဦးဆုံး မိဘတွေအဖြစ် စံချိန်တင်သွားပါတော့ တယ်။

အမြွှာပူးကလေးတွေ တပြိုင်တည်း အများဆုံး အောင်အောင်မြင်မြင် မွေးနိုင်တဲ့ စံချိန်ကို ဟလီမာစစ်စီ မတိုင်ခင် တင်ထားသူကတော့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ နက်ဒ်ယာဆူလ်မန်ဆိုတဲ့ အမျိုး သမီးပဲဖြစ်ပါတယ်။ နက်ဒ်ယာဆူလ်မန်က ရှစ်မြွှာပူး ကလေးတွေကို ၂ဝဝ၉ ခုနှစ်မှာ အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီး စံချိန်တင်ထားခဲ့တာပါ။ ၂ဝ၂၁ ခုနှစ်မှာတော့ သူဟာ အဲဒီစံချိန်ကို မာလီသူ ဟလီမာစစ်စီကို လွှဲပြောင်းပေးလိုက်ရတော့တာပေါ့။

"ကလေးတစ်ယောက်ပဲ နေရမယ့် မိခင်ဝမ်းထဲမှာ ကိုးယောက်တောင် ပြွတ်သိပ်နေကြရတာဆိုတော့ ဆရာဝန်တွေက သူတို့လေးတွေကို မွေးကင်းစမှာ အင်မတန်ကိုမှ ဂရု စိုက်ပေးခဲ့ကြရတယ်။ မွေးပြီးတာနဲ့ သူတို့ကို အထူးကြပ်မတ်ကုသဆောင်က ဖန်ပေါင်းချောင်တွေထဲမှာ ထည့်ထားရတော့တာလေ။ လနည်းနည်း ကြာလာတော့မှ သူတို့လေးတွေ နည်းနည်းချင်း ထွားလာကြပြီး သန်လာကြတာ။ အဲဒါပြီးတော့မှ ဆေးရုံနားက တိုက်ခန်းတစ်ခုမှာ ငှားပြီးနေကြရတာ။ အဲဒီတိုက်ခန်းကလည်း ဆေးရုံကပဲ ပိုင်တာဆိုတော့ ဆရာဝန်တွေ၊ သူနာပြုတွေဆက်ပြီး အနီးကပ်စောင့်ရှောက်ပေးလို့ရတာပေါ့"လို့ ကိုးမြွှာပူးကလေးတွေရဲ့မိခင် ဟလီမာစစ်စီက ပြောပြပါတယ်။

ကိုးယောက်ထဲမှာ ငါးယောက်က မိန်းကလေးဖြစ်ပြီး ကျန်တဲ့လေးယောက်ကတော့ ယောက်ျားလေးတွေပါ။ ဒီကိုးယောက်အပြင် ဟလီမာစစ်စီတို့ ဇနီးမောင်နှံမှာ အသက် ၃ နှစ်အရွယ် သမီးလေးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီတော့ စုစုပေါင်း သားသမီး ၁ဝ ယောက်ပေါ့။

zawgyi version
ကမာၻ႔ပထမဦးဆုံး ကိုးႁမႊာပူးကေလးေတြရဲ႕ မိဘေတြျဖစ္ရတဲ့ အေတြ႕အႀကဳံ
ဝတီ (NP News) - ဇြန္ ၂၈

မာလီႏိုင္ငံသူျဖစ္တဲ့ ဟလီမာစစ္စီ (Halima Cisse)ဟာ ဘာေဆးဝါးအ ကူအညီမွမပါဘဲ သဘာဝအတိုင္းရတဲ့ ကိုးႁမႊာပူးကေလးေတြကို ၂ဝ၂၁ ခုႏွစ္ ေမလ ၄ ရက္မွာ ေအာင္ေအာင္ျမင္ျမင္ ဗိုက္ခြဲေမြးႏိုင္ခဲ့ပါတယ္။က မာၻေပၚမွာ ကိုးႁမႊာပူး ေမြးဖူးတာေတြရွိေပမယ့္ ေမြးၿပီးလို႔ နာရီပိုင္း၊ ရက္ ပိုင္းေလာက္ အၾကာမွာပဲ ဆုံးပါးသြားတာခ်ည္းပါပဲ။ အခု ဟလီမာစစ္စီ ေမြးတဲ့ ကိုးႁမႊာပူးကေလးေတြက်မွ အသက္တစ္ႏွစ္ေက်ာ္တဲ့အထိ က်န္း မာေနၾကတာပါ။ ဒါေၾကာင့္မို႔လည္း အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟလီမာစစ္စီနဲ႔ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ သူ႔ခင္ပြန္း ကဒါအာဘီ (Kader Arby)ဟာ ကိုးႁမႊာပူးကေလးေတြကို ေအာင္ေအာင္ျမင္ျမင္ ေမြးဖြားႏိုင္တဲ့ ကမာၻ႔ပထမဦးဆုံး မိဘေတြအျဖစ္ စံခ်ိန္တင္သြားပါေတာ့ တယ္။

အႁမႊာပူးကေလးေတြ တၿပိဳင္တည္း အမ်ားဆုံး ေအာင္ေအာင္ျမင္ျမင္ ေမြးႏိုင္တဲ့ စံခ်ိန္ကို ဟလီမာစစ္စီ မတိုင္ခင္ တင္ထားသူကေတာ့ အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္တဲ့ နက္ဒ္ယာဆူလ္မန္ဆိုတဲ့ အမ်ိဳး သမီးပဲျဖစ္ပါတယ္။ နက္ဒ္ယာဆူလ္မန္က ရွစ္ႁမႊာပူး ကေလးေတြကို ၂ဝဝ၉ ခုႏွစ္မွာ ေအာင္ေအာင္ျမင္ျမင္ ေမြးဖြားႏိုင္ခဲ့ၿပီး စံခ်ိန္တင္ထားခဲ့တာပါ။ ၂ဝ၂၁ ခုႏွစ္မွာေတာ့ သူဟာ အဲဒီစံခ်ိန္ကို မာလီသူ ဟလီမာစစ္စီကို လႊဲေျပာင္းေပးလိုက္ရေတာ့တာေပါ့။

"ကေလးတစ္ေယာက္ပဲ ေနရမယ့္ မိခင္ဝမ္းထဲမွာ ကိုးေယာက္ေတာင္ ႁပြတ္သိပ္ေနၾကရတာဆိုေတာ့ ဆရာဝန္ေတြက သူတို႔ေလးေတြကို ေမြးကင္းစမွာ အင္မတန္ကိုမွ ဂ႐ု စိုက္ေပးခဲ့ၾကရတယ္။ ေမြးၿပီးတာနဲ႔ သူတို႔ကို အထူးၾကပ္မတ္ကုသေဆာင္က ဖန္ေပါင္းေခ်ာင္ေတြထဲမွာ ထည့္ထားရေတာ့တာေလ။ လနည္းနည္း ၾကာလာေတာ့မွ သူတို႔ေလးေတြ နည္းနည္းခ်င္း ထြားလာၾကၿပီး သန္လာၾကတာ။ အဲဒါၿပီးေတာ့မွ ေဆး႐ုံနားက တိုက္ခန္းတစ္ခုမွာ ငွားၿပီးေနၾကရတာ။ အဲဒီတိုက္ခန္းကလည္း ေဆး႐ုံကပဲ ပိုင္တာဆိုေတာ့ ဆရာဝန္ေတြ၊ သူနာျပဳေတြဆက္ၿပီး အနီးကပ္ေစာင့္ေရွာက္ေပးလို႔ရတာေပါ့"လို႔ ကိုးႁမႊာပူးကေလးေတြရဲ႕မိခင္ ဟလီမာစစ္စီက ေျပာျပပါတယ္။

ကိုးေယာက္ထဲမွာ ငါးေယာက္က မိန္းကေလးျဖစ္ၿပီး က်န္တဲ့ေလးေယာက္ကေတာ့ ေယာက္်ားေလးေတြပါ။ ဒီကိုးေယာက္အျပင္ ဟလီမာစစ္စီတို႔ ဇနီးေမာင္ႏွံမွာ အသက္ ၃ ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္လည္း ရွိပါေသးတယ္။ ဒီေတာ့ စုစုေပါင္း သားသမီး ၁ဝ ေယာက္ေပါ့။

ဟလီမာစစ်စီနဲ့ ခင်ပွန်းက မာလီနိုင်ငံသားတွေဆိုပေမယ့် အထူးကုသစောင့်ရှောက်မှုရအောင်ဆိုပြီး မာလီနိုင်ငံအစိုးရက သူတို့ကို အစိုးရစ ရိတ်နဲ့ မော်ရိုကိုနိုင်ငံကို လွှတ်လိုက်ပါတယ်။ ဒါကြောင့်သာ ဟလီမာစစ် စီရဲ့သားသမီးကိုးယောက် တစ်ယောက်မှ အလေအလွင့်မရှိဘဲ အခုလို အားလုံးကျန်းမာသန်စွမ်းနေကြတာပါ။ မွေးပြီးစ နှစ်လလောက်အထိကို ဟလီမာစစ်စီမှာ ပင်ပန်းလွန်းလို့ ကလေးတွေကို မကြည့်နိုင်ဘဲ အိပ်လိုက်၊ စားလိုက်၊ တီဗီကြည့်ပြီး နားလိုက်ပဲ လုပ်ခဲ့ရပါတယ်။ နောက်ပိုင်းကျမှ သူအားပြန်ပြည့်လာတာပါ။

"ကလေးတစ်ယောက် မွေးရတာတောင် အတော်ပင်ပန်းတာဆိုတော့ ကိုးယောက် မွေးရတဲ့ ဒဏ်ကတော့ ပြောပြစရာ စကားလုံးတောင် ရှာမရလောက်ပါပဲ။ သူတို့ကို ကြည့်ရှုစောင့်ရှောက်ရတာကလည်း အရမ်းကို ပင်ပန်းတာပေါ့။ ဒါပေမဲ့ မော်ရိုကိုဆေးရုံက ဆေးအဖွဲ့က ဒါတွေအားလုံးနီးပါးကို လုပ်ပေးသွားတော့ ကျေးဇူးတင်ရတယ်။ ပြီးတော့ ကျွန်မကို ဒီစရိတ်တွေ အားလုံးထောက်ပေးတဲ့ မာလီအစိုးရကိုလည်း ကျေးဇူးတင်ပါတယ်"လို့ ဟလီမာစစ်စီက ဆိုပါတယ်။

အဲဒီစရိတ်စက အားလုံး စုစုပေါင်းဟာ ဒေါ်လာ ၁ ဒသမ ၄ သန်းလောက် ရှိပါတယ်။ ကိုးမြွှာပူးကလေးတွေရဲ့ အဖေ ကဒါအာဘီဟာ မာလီရေတပ်မှာ အရာရှိပါ။ ဒီမိသားစုကြီးကို ထောက်ပံ့ကျွေးမွေးနိုင်ဖို့ဆိုတာ ငွေရေး ကြေးရေးအရ လိုအပ်ချက် အင်မတန်ကြီးမားလိမ့်မယ်လို့ သူက ကလေး တွေ မွေးပြီးလို့ လပိုင်းအကြာမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။ သူတို့မိသားစုဟာ မာလီမှာ အိပ်ခန်းသုံးခန်းပါတဲ့ အိမ်တစ်လုံးမှာနေထိုင်ကြတာဖြစ်လို့ ကလေးဆယ်ယောက်ဆန့်အောင် အိမ်ချဲ့ရတော့မယ်လို့ သူက အဲဒီတုန်းက ပြောသွားခဲ့ပါသေးတယ်။ အနာဂတ်ကို မျှော်တွေးကြည့်လိုက်မယ်ဆိုရင်တော့ စိုးရိမ်ပူပန်စရာတွေ အများကြီးပေါ့ဗျာ။ ဒါပေမဲ့ ကျွန် တော်တို့လင်မယားကတော့ ကောင်းတဲ့ဘက်ကပဲ အတတ်နိုင်ဆုံး တွေးကြပါတယ်။

ကိုယ်ဝန်ရစလောက်မှာ မာလီမှာ စစ်ကြည့်တော့ ခုနစ်မြွှာပူးဖြစ်မယ်လို့ ဆရာဝန်တွေက ခန့်မှန်းခဲ့ကြတယ်။ ဒါပေမဲ့ မော်ရိုကိုမှာ တကယ်တမ်း မွေးလည်းမွေးရော ဗိုက်ထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာလိုက်တာဆိုတာ မပြီးနိုင်ဘူးလို့ မိန်းမက ပြောတယ်။ စုစုပေါင်း ကိုးယောက်တောင် ဖြစ်သွားတာ။ မိန်းမက မောင်နှမ မရှိဘူး။ တစ်ဦးတည်းသော သမီး။ ကျွန်တော်ကတော့ မွေးချင်း ရှစ်ယောက် ရှိတယ်။ ကျွန်တော်တို့နှစ်ဖက် မျိုးရိုးမှာ ဒီလို အမြွှာတွေ မွေးတဲ့မျိုးရိုးမရှိပါဘူး။ ဘာကြောင့် ကိုးမြွှာပူးတောင် မွေးတယ်ဆိုတာကတော့ အလာအရှင်မြတ် ( Allah ) ပဲ သိလိမ့်မယ်။ ဒီကလေးတွေက အလာပေးတဲ့ ဆု လာဘ်ပေါ့ လို့ ကိုးမြွှာပူးကလေးတွေရဲ့ ဖခင်က ဆိုပါတယ်။

"ကလေးတွေက အခု တစ်နှစ်ကျော်လာပြီဆိုတော့ ထိုင်တတ်နေကြ ပြီ။ တချို့ဆို တန်းတစ်ခုခုကို လှမ်းကိုင်ပြီး လမ်းလျှောက် စမ်းနေကြပြီ။ ကိုးယောက်တောင် ထိန်းရတာဆိုတော့ အတော့်ကို မလွယ်ဘူး။ ဒါပေမဲ့ သားတွေသမီးတွေ ကျန်းမာသန်စွမ်းပျော်ရွှင်နေတာကို ကြည့်ပြီး အမောပြေရတယ်။ အခု တစ်နှစ် ကျော်တဲ့အထိ မော်ရိုကိုက တိုက်ခန်းမှာပဲ။ သူနာပြုတွေကလည်း လာကြည့်ပေးကြတုန်းပဲ"လို့ သူက ဆက်ပြောပါတယ်။ ကလေးတွေ အများကြီး တပြိုင်တည်း မွေးတာကြောင့်ရော၊ လ မစေ့ဘဲ မွေးလာတာကြောင့်ပါ ကလေးတွေမှာ ကျန်းမာရေး ထိခိုက်နိုင်တဲ့အတွက် သူနာပြုတွေက ကလေးတွေ တစ်နှစ်ကျော်တဲ့အထိ အနီး ကပ် ကြည့်ရှုစောင့်ရှောက်ပေးနေရတာ ဖြစ်ပါတယ်။

zawgyi version
ဟလီမာစစ္စီနဲ႔ ခင္ပြန္းက မာလီႏိုင္ငံသားေတြဆိုေပမယ့္ အထူးကုသေစာင့္ေရွာက္မႈရေအာင္ဆိုၿပီး မာလီႏိုင္ငံအစိုးရက သူတို႔ကို အစိုးရစ ရိတ္နဲ႔ ေမာ္႐ိုကိုႏိုင္ငံကို လႊတ္လိုက္ပါတယ္။ ဒါေၾကာင့္သာ ဟလီမာစစ္ စီရဲ႕သားသမီးကိုးေယာက္ တစ္ေယာက္မွ အေလအလြင့္မရွိဘဲ အခုလို အားလုံးက်န္းမာသန္စြမ္းေနၾကတာပါ။ ေမြးၿပီးစ ႏွစ္လေလာက္အထိကို ဟလီမာစစ္စီမွာ ပင္ပန္းလြန္းလို႔ ကေလးေတြကို မၾကည့္ႏိုင္ဘဲ အိပ္လိုက္၊ စားလိုက္၊ တီဗီၾကည့္ၿပီး နားလိုက္ပဲ လုပ္ခဲ့ရပါတယ္။ ေနာက္ပိုင္းက်မွ သူအားျပန္ျပည့္လာတာပါ။

"ကေလးတစ္ေယာက္ ေမြးရတာေတာင္ အေတာ္ပင္ပန္းတာဆိုေတာ့ ကိုးေယာက္ ေမြးရတဲ့ ဒဏ္ကေတာ့ ေျပာျပစရာ စကားလုံးေတာင္ ရွာမရေလာက္ပါပဲ။ သူတို႔ကို ၾကည့္ရႈေစာင့္ေရွာက္ရတာကလည္း အရမ္းကို ပင္ပန္းတာေပါ့။ ဒါေပမဲ့ ေမာ္႐ိုကိုေဆး႐ုံက ေဆးအဖြဲ႕က ဒါေတြအားလုံးနီးပါးကို လုပ္ေပးသြားေတာ့ ေက်းဇူးတင္ရတယ္။ ၿပီးေတာ့ ကြၽန္မကို ဒီစရိတ္ေတြ အားလုံးေထာက္ေပးတဲ့ မာလီအစိုးရကိုလည္း ေက်းဇူးတင္ပါတယ္"လို႔ ဟလီမာစစ္စီက ဆိုပါတယ္။

အဲဒီစရိတ္စက အားလုံး စုစုေပါင္းဟာ ေဒၚလာ ၁ ဒသမ ၄ သန္းေလာက္ ရွိပါတယ္။ ကိုးႁမႊာပူးကေလးေတြရဲ႕ အေဖ ကဒါအာဘီဟာ မာလီေရတပ္မွာ အရာရွိပါ။ ဒီမိသားစုႀကီးကို ေထာက္ပံ့ေကြၽးေမြးႏိုင္ဖို႔ဆိုတာ ေငြေရး ေၾကးေရးအရ လိုအပ္ခ်က္ အင္မတန္ႀကီးမားလိမ့္မယ္လို႔ သူက ကေလး ေတြ ေမြးၿပီးလို႔ လပိုင္းအၾကာမွာ ဝန္ခံေျပာဆိုခဲ့ပါတယ္။ သူတို႔မိသားစုဟာ မာလီမွာ အိပ္ခန္းသုံးခန္းပါတဲ့ အိမ္တစ္လုံးမွာေနထိုင္ၾကတာျဖစ္လို႔ ကေလးဆယ္ေယာက္ဆန႔္ေအာင္ အိမ္ခ်ဲ႕ရေတာ့မယ္လို႔ သူက အဲဒီတုန္းက ေျပာသြားခဲ့ပါေသးတယ္။ အနာဂတ္ကို ေမွ်ာ္ေတြးၾကည့္လိုက္မယ္ဆိုရင္ေတာ့ စိုးရိမ္ပူပန္စရာေတြ အမ်ားႀကီးေပါ့ဗ်ာ။ ဒါေပမဲ့ ကြၽန္ ေတာ္တို႔လင္မယားကေတာ့ ေကာင္းတဲ့ဘက္ကပဲ အတတ္ႏိုင္ဆုံး ေတြးၾကပါတယ္။

ကိုယ္ဝန္ရစေလာက္မွာ မာလီမွာ စစ္ၾကည့္ေတာ့ ခုနစ္ႁမႊာပူးျဖစ္မယ္လို႔ ဆရာဝန္ေတြက ခန႔္မွန္းခဲ့ၾကတယ္။ ဒါေပမဲ့ ေမာ္႐ိုကိုမွာ တကယ္တမ္း ေမြးလည္းေမြးေရာ ဗိုက္ထဲကေန တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္လာလိုက္တာဆိုတာ မၿပီးႏိုင္ဘူးလို႔ မိန္းမက ေျပာတယ္။ စုစုေပါင္း ကိုးေယာက္ေတာင္ ျဖစ္သြားတာ။ မိန္းမက ေမာင္ႏွမ မရွိဘူး။ တစ္ဦးတည္းေသာ သမီး။ ကြၽန္ေတာ္ကေတာ့ ေမြးခ်င္း ရွစ္ေယာက္ ရွိတယ္။ ကြၽန္ေတာ္တို႔ႏွစ္ဖက္ မ်ိဳး႐ိုးမွာ ဒီလို အႁမႊာေတြ ေမြးတဲ့မ်ိဳး႐ိုးမရွိပါဘူး။ ဘာေၾကာင့္ ကိုးႁမႊာပူးေတာင္ ေမြးတယ္ဆိုတာကေတာ့ အလာအရွင္ျမတ္ ( Allah ) ပဲ သိလိမ့္မယ္။ ဒီကေလးေတြက အလာေပးတဲ့ ဆု လာဘ္ေပါ့ လို႔ ကိုးႁမႊာပူးကေလးေတြရဲ႕ ဖခင္က ဆိုပါတယ္။

"ကေလးေတြက အခု တစ္ႏွစ္ေက်ာ္လာၿပီဆိုေတာ့ ထိုင္တတ္ေနၾက ၿပီ။ တခ်ိဳ႕ဆို တန္းတစ္ခုခုကို လွမ္းကိုင္ၿပီး လမ္းေလွ်ာက္ စမ္းေနၾကၿပီ။ ကိုးေယာက္ေတာင္ ထိန္းရတာဆိုေတာ့ အေတာ့္ကို မလြယ္ဘူး။ ဒါေပမဲ့ သားေတြသမီးေတြ က်န္းမာသန္စြမ္းေပ်ာ္႐ႊင္ေနတာကို ၾကည့္ၿပီး အေမာေျပရတယ္။ အခု တစ္ႏွစ္ ေက်ာ္တဲ့အထိ ေမာ္႐ိုကိုက တိုက္ခန္းမွာပဲ။ သူနာျပဳေတြကလည္း လာၾကည့္ေပးၾကတုန္းပဲ"လို႔ သူက ဆက္ေျပာပါတယ္။ ကေလးေတြ အမ်ားႀကီး တၿပိဳင္တည္း ေမြးတာေၾကာင့္ေရာ၊ လ မေစ့ဘဲ ေမြးလာတာေၾကာင့္ပါ ကေလးေတြမွာ က်န္းမာေရး ထိခိုက္ႏိုင္တဲ့အတြက္ သူနာျပဳေတြက ကေလးေတြ တစ္ႏွစ္ေက်ာ္တဲ့အထိ အနီး ကပ္ ၾကည့္ရႈေစာင့္ေရွာက္ေပးေနရတာ ျဖစ္ပါတယ္။

https://www.dailymail.co.uk/news/article-10120175/Pictured-time-world-record-breaking-nonuplets-mum-dad.html?fbclid=IwAR07TeRPdyyc8ifIEZKrDaIgFPxI8VRNUTAUbZjq3IwlyrfgJ5WwlHEeqUA

Related news

© 2021. All rights reserved.