ပုဂံတွင်ကျင်းပမည့် မဲခေါင်-လျန်ချန်းအစည်းအဝေးကို တရုတ်အပါအဝင် မဲခေါင်နိုင်ငံများတက်ခြင်းသည် အစိုးရကို အသိအမှတ်ပြုခြင်းဟု နစကဆို

 1598

ပုံစာ - (၆)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

မျိုးကြီး (NP News) - ဇူလိုင် ၁
မနက်ဖြန် (ဇူလိုင်လ ၂ ရက်)တွင် ပုံဂံ၌စတင်ကျင်းပမည့် မဲခေါင်-လျန်ချန်းအစည်းအ ဝေးကို တရုတ်နိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများတက်ရောက်ခြင်းမှာ အစိုးရကို အသိအ မှတ်ပြုခြင်းဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ (ဇူလိုင်လ ၁ ရက်)တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီး ယားနှင့် ဗီယက်နမ်နိုင်ငံတို့က ပူးတွဲဆောင်ရွက်နေခြင်းဖြစ်သည်။

ပုဂံတွင် ကျင်းပမည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ အပါအဝင် မဲခေါင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

“တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ပါမယ်။ ဒါကလည်း တနည်းအားဖြင့်ဆိုရမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာ နိုင်ငံအစိုးရရဲ့ အချုပ်အခြာအာဏာနဲ့ တည်ရှိမှုကို အသိအမှတ်ပြုခြင်းပဲ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါ့ပြင် မဲခေါင်နိုင်ငံအားလုံးဟာ တစ်သားတည်းရှိတယ်ဆိုတာကို ပြသခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

မဲခေါင်-လျန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ၂ဝ၁၆ ခုနှစ်မှစ၍ မဲခေါင်နိုင်ငံ(၅)နိုင်ငံ၏ နိုင်ငံတစ်နိုင်ငံက တရုတ်နိုင်ငံနှင့်အတူ အလှည့်ကျတာဝန်ယူရခြင်းဖြစ်ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံနှင့်အတူ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားကြောင်း သိရသည်။

ပုဂံတွင် ကျင်းပမည့် အစည်းအဝေးအတွင်း နှစ်နိုင်ငံအကြား၊ ဒေသများအကြား သဘော တူညီမှုစာချုပ်များ၊ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးသွားရန်ရှိပြီး ဒေသတွင်းအကျိုးစီးပွားပိုမိုဖြစ်ထွန်းလာမည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

https://npnewsmm.com/news/62bece10c6b2111da913e1a5

zawgyi version
ပုဂံတြင္က်င္းပမည့္ မဲေခါင္-လ်န္ခ်န္းအစည္းအေဝးကို တ႐ုတ္အပါအဝင္ မဲေခါင္ႏိုင္ငံမ်ားတက္ျခင္းသည္ အစိုးရကို အသိအမွတ္ျပဳျခင္းဟု နစကဆို
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၁

မနက္ျဖန္ (ဇူလိုင္လ ၂ ရက္)တြင္ ပုံဂံ၌စတင္က်င္းပမည့္ မဲေခါင္-လ်န္ခ်န္းအစည္းအ ေဝးကို တ႐ုတ္ႏိုင္ငံအပါအဝင္ မဲေခါင္ႏိုင္ငံမ်ားတက္ေရာက္ျခင္းမွာ အစိုးရကို အသိအ မွတ္ျပဳျခင္းျဖစ္ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ယေန႔ (ဇူလိုင္လ ၁ ရက္)တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အထက္ပါကဲ့သို႔ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

မဲေခါင္-လန္ခ်န္းပူးေပါင္းေဆာင္႐ြက္မႈတြင္ ျမန္မာ၊ တ႐ုတ္၊ လာအို၊ ထိုင္း၊ ကေမာၻဒီး ယားႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔က ပူးတြဲေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ပုဂံတြင္ က်င္းပမည့္ (၇)ႀကိမ္ေျမာက္ မဲေခါင္-လန္ခ်န္းပူးေပါင္းေဆာင္႐ြက္မႈ ႏိုင္ငံျခား ေရးဝန္ႀကီးမ်ားအစည္းအေဝးသို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိ အပါအဝင္ မဲေခါင္ႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ား တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

“တ႐ုတ္ႏိုင္ငံအပါအဝင္ သက္ဆိုင္ရာႏိုင္ငံေတြက ႏိုင္ငံျခားေရးဝန္ႀကီးမ်ား တက္ေရာက္ပါမယ္။ ဒါကလည္း တနည္းအားျဖင့္ဆိုရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ျမန္မာ ႏိုင္ငံအစိုးရရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ တည္ရွိမႈကို အသိအမွတ္ျပဳျခင္းပဲ ျဖစ္တယ္လို႔ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ ဒါ့ျပင္ မဲေခါင္ႏိုင္ငံအားလုံးဟာ တစ္သားတည္းရွိတယ္ဆိုတာကို ျပသျခင္းျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာ သည္။

မဲေခါင္-လ်န္ခ်န္းပူးေပါင္းေဆာင္႐ြက္မႈကို ၂ဝ၁၆ ခုႏွစ္မွစ၍ မဲေခါင္ႏိုင္ငံ(၅)ႏိုင္ငံ၏ ႏိုင္ငံတစ္ႏိုင္ငံက တ႐ုတ္ႏိုင္ငံႏွင့္အတူ အလွည့္က်တာဝန္ယူရျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံႏွင့္အတူ ျမန္မာႏိုင္ငံက အလွည့္က်ဥကၠ႒တာဝန္ယူထားေၾကာင္း သိရသည္။

ပုဂံတြင္ က်င္းပမည့္ အစည္းအေဝးအတြင္း ႏွစ္ႏိုင္ငံအၾကား၊ ေဒသမ်ားအၾကား သေဘာ တူညီမႈစာခ်ဳပ္မ်ား၊ နားလည္မႈစာခြၽန္လႊာမ်ားကို လက္မွတ္ေရးထိုးသြားရန္ရွိၿပီး ေဒသတြင္းအက်ိဳးစီးပြားပိုမိုျဖစ္ထြန္းလာမည္ဟု ယုံၾကည္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

https://npnewsmm.com/news/62bece10c6b2111da913e1a5

Picture

Botin Utinag

01/07/2022 17:47

ကမ္ဘာ့ဥပဒေ ကို ကမ္ဘာကလိမ်နေသည် အဓိက ဘယ်လဲ နားလည်သင့်

Related news

© 2021. All rights reserved.