ဟောင်ကောင်ရဲ့စစ်မှန်တဲ့ ဒီမိုကရေစီစတင်ပြီဖြစ်ကြောင်း တရုတ်သမ္မတဆို

 891

ဂျန်ဇက် (NP News) - ဇူလိုင် ၂
ဟောင်ကောင်ရဲ့စစ်မှန်ကောင်းမွန်တဲ့ ဒီမိုကရေစီစတင်နေပြီဖြစ်တယ်လို့ တရုတ် သမ္မ တ ရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရှီကျင့်ဖျင့်ဟာ ဟောင်ကောင်ကို ဗြိတိန်နိုင်ငံထံက လွှဲပြောင်းရယူတဲ့၂၅ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက်အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဗြိတိန်ဟာ ၄င်းတို့သိမ်းပိုက်ထားတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်ကတရုတ်နိုင်ငံထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ ဟောင်ကောင်အနေနဲ့ အနည်းဆုံး ၂ဝ၄၇ ခုနှစ်အထိ ကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တစ်ဦးချင်းအခွင့်ရေးအပြင် တရားစီရင်ရေးလွတ်လပ်မှုများအပြည့်အဝရရှိမှာဖြစ်တယ်လို့ တရုတ် သမ္မတက ကတိပြုပြောဆိုခဲ့ပါတယ်။

တရုတ်သမ္မတက "မိခင်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းခဲ့ပြီးနောက် ဟောင်ကောင်ပြည်သူတွေဟာ ကိုယ့်မြို့ရဲ့အရှင်သခင်များသာဖြစ်လာခဲ့သလို စစ်မှန်တဲ့ ဒီမိုကရေစီစတင်နိုင်ခဲ့တယ်။ တရုတ်ဟာ ဟောင်ကောင်အတွက်ကောင်းမွန်တဲ့အရာတွေကို အမြဲ တမ်းလုပ်ဆောင်ခဲ့တယ်။ တရုတ်ဗဟိုအစိုးရအနေနဲ့ ဟောင်ကောင်ကို လွတ်လပ်ပွင့် လင်းတဲ့စီးပွားရေးပတ်ဝန်းကျင်ဖြစ်အောင် ကူညီပေးသွားမှာပါ"လို့ပြောပါတယ်။

ဒါ့ပြင် တရုတ်နိုင်ငံအနေနဲ့ ဟောင်ကောင်အပေါ်ထားရှိတဲ့ တစ်နိုင်ငံစနစ်နှစ်မျိုး မူဝါဒကို ပြောင်းလဲမှာမဟုတ်ကြောင်း၊ သမ္မတ ရှီကျင့်ဖျင်ကပြောပါတယ်။ တရုတ်သမ္မတက "ဟောင်ကောင်နဲ့ပတ်သက်ပြီး တစ်နိုင်ငံစနစ် နှစ်မျိုး အုပ်ချုပ်မှုပုံစံကကောင်းမွန်တယ်။ ပြောင်းလဲစရာမရှိဘူး၊ ဒီစနစ်ကို ကာလအတန်ကြာ လုပ်ဆောင်သွားမှာပါ"လို့ပြောပါတယ်။

ဟောင်ကောင်လုံခြုံရေးအဖွဲ့အကြီးအကဲဟောင်းဂျွန်လီကို ဇူလိုင်လ ၁ ရက်မှာ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ကြောင်းသိရပါတယ်။ ဟောင် ကောင်မှာ ၂ဝ၁၉ ခုနှစ်က ကြီးမားတဲ့ဆန္ဒပြပွဲများဖြစ်ခဲ့ရာ မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး တရုတ် သမ္မတက "ဟောင်ကောင်မှာ ပရမ်းပတာဖြစ်တာမျိုးတွေ၊ ဘေးဒုက္ခဖြစ်တာမျိုးထပ် ဖြစ်မလာအောင်လူတိုင်း သင်ခန်းစာယူ လုပ်ဆောင်ရမယ်" လို့ပြောပါတယ်။

https://www.channelnewsasia.com/asia/hong-kong-handover-anniversary-xi-jinping-democracy-one-country-two-systems-2784736

zawgyi version
ေဟာင္ေကာင္ရဲ႕စစ္မွန္တဲ့ ဒီမိုကေရစီစတင္ၿပီျဖစ္ေၾကာင္း တ႐ုတ္သမၼတဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂

ေဟာင္ေကာင္ရဲ႕စစ္မွန္ေကာင္းမြန္တဲ့ ဒီမိုကေရစီစတင္ေနၿပီျဖစ္တယ္လို႔ တ႐ုတ္ သမၼ တ ရွီက်င့္ဖ်င္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ရွီက်င့္ဖ်င့္ဟာ ေဟာင္ေကာင္ကို ၿဗိတိန္ႏိုင္ငံထံက လႊဲေျပာင္းရယူတဲ့၂၅ ႏွစ္ျပည့္အခမ္းအနားကို တက္ေရာက္ခဲ့ၿပီးေနာက္အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

ၿဗိတိန္ဟာ ၄င္းတို႔သိမ္းပိုက္ထားတဲ့ ေဟာင္ေကာင္ကို ၁၉၉၇ ခုႏွစ္ ဇူလိုင္လ ၁ ရက္ကတ႐ုတ္ႏိုင္ငံထံျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္းသိရပါတယ္။ ေဟာင္ေကာင္အေနနဲ႔ အနည္းဆုံး ၂ဝ၄၇ ခုႏွစ္အထိ က်ယ္ျပန႔္တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ တစ္ဦးခ်င္းအခြင့္ေရးအျပင္ တရားစီရင္ေရးလြတ္လပ္မႈမ်ားအျပည့္အဝရရွိမွာျဖစ္တယ္လို႔ တ႐ုတ္ သမၼတက ကတိျပဳေျပာဆိုခဲ့ပါတယ္။

တ႐ုတ္သမၼတက "မိခင္ျပည္မႀကီးနဲ႔ ျပန္လည္ေပါင္းစည္းခဲ့ၿပီးေနာက္ ေဟာင္ေကာင္ျပည္သူေတြဟာ ကိုယ့္ၿမိဳ႕ရဲ႕အရွင္သခင္မ်ားသာျဖစ္လာခဲ့သလို စစ္မွန္တဲ့ ဒီမိုကေရစီစတင္ႏိုင္ခဲ့တယ္။ တ႐ုတ္ဟာ ေဟာင္ေကာင္အတြက္ေကာင္းမြန္တဲ့အရာေတြကို အၿမဲ တမ္းလုပ္ေဆာင္ခဲ့တယ္။ တ႐ုတ္ဗဟိုအစိုးရအေနနဲ႔ ေဟာင္ေကာင္ကို လြတ္လပ္ပြင့္ လင္းတဲ့စီးပြားေရးပတ္ဝန္းက်င္ျဖစ္ေအာင္ ကူညီေပးသြားမွာပါ"လို႔ေျပာပါတယ္။

ဒါ့ျပင္ တ႐ုတ္ႏိုင္ငံအေနနဲ႔ ေဟာင္ေကာင္အေပၚထားရွိတဲ့ တစ္ႏိုင္ငံစနစ္ႏွစ္မ်ိဳး မူဝါဒကို ေျပာင္းလဲမွာမဟုတ္ေၾကာင္း၊ သမၼတ ရွီက်င့္ဖ်င္ကေျပာပါတယ္။ တ႐ုတ္သမၼတက "ေဟာင္ေကာင္နဲ႔ပတ္သက္ၿပီး တစ္ႏိုင္ငံစနစ္ ႏွစ္မ်ိဳး အုပ္ခ်ဳပ္မႈပုံစံကေကာင္းမြန္တယ္။ ေျပာင္းလဲစရာမရွိဘူး၊ ဒီစနစ္ကို ကာလအတန္ၾကာ လုပ္ေဆာင္သြားမွာပါ"လို႔ေျပာပါတယ္။

ေဟာင္ေကာင္လုံၿခဳံေရးအဖြဲ႕အႀကီးအကဲေဟာင္းဂြၽန္လီကို ဇူလိုင္လ ၁ ရက္မွာ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးအဖြဲ႕ ေခါင္းေဆာင္အျဖစ္ခန႔္အပ္ခဲ့ေၾကာင္းသိရပါတယ္။ ေဟာင္ ေကာင္မွာ ၂ဝ၁၉ ခုႏွစ္က ႀကီးမားတဲ့ဆႏၵျပပြဲမ်ားျဖစ္ခဲ့ရာ မတည္ၿငိမ္မႈမ်ားျဖစ္ေပၚခဲ့ျခင္းနဲ႔ပတ္သက္ၿပီး တ႐ုတ္ သမၼတက "ေဟာင္ေကာင္မွာ ပရမ္းပတာျဖစ္တာမ်ိဳးေတြ၊ ေဘးဒုကၡျဖစ္တာမ်ိဳးထပ္ ျဖစ္မလာေအာင္လူတိုင္း သင္ခန္းစာယူ လုပ္ေဆာင္ရမယ္" လို႔ေျပာပါတယ္။

https://www.channelnewsasia.com/asia/hong-kong-handover-anniversary-xi-jinping-democracy-one-country-two-systems-2784736

Related news

© 2021. All rights reserved.