အသင်းပြောင်းရွှေ့လိုသည့် စီရော်နယ်ဒိုနှင့် မန်ယူနည်းပြတန်ဟက်တို့ ဆွေးနွေးမည်

596

ဖြိုးခန့် (NP News) - ဇူလိုင် ၅
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်သည် အသင်းပြောင်းရွှေ့လိုနေသည့် စီရော်နယ်ဒိုနှင့်အတူ ဆွေးနွေးလို ကြောင်းသိရသည်။ စီရော်နယ်ဒိုသည် မန်ယူအသင်း ချန်ပီယံလိဂ် ဆုဖလားများကို ဆက်လက်ရယူနိုင်စွမ်း မရှိမည်ကို စိုးရိမ်သောကြောင့် လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် သင့်လျော်သော ကမ်းလှမ်းမှုတစ်ခု ရမည်ဆိုပါက အသင်းမှထွက်ခွာရန်ဆန္ဒရှိကြောင်း အသင်း၏တာဝန်ရှိသူများအား ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောဆို ခဲ့သည်။
အသက်(၃၇) နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် မန်ယူအသင်းနှင့် ဆက်ဆံရေးကောင်းမွန်နေဆဲဖြစ်ပြီး လက်ရှိအချိန် တွင် ၎င်းအနေဖြင့် ချန်ပီယံလိဂ် ကစားချင်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး မန်ယူအသင်းက လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရသည့်အပေါ် စိတ်ပျက်နေကြောင်းသိရသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့်(၆)နေရာတွင် ရပ်တည်နိုင်ခဲ့ ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရဘဲဖြစ်နေသည်။
မန်ယူအသင်းသည်အသင်းနှင့် စာချုပ်သက်တမ်းကျန်ရှိနေသော စီရော်နယ်ဒိုကိုရောင်းရန်ဆန္ဒမရှိကြောင်း လက်ရှိ အချိန်အထိ စီရော်နယ်ဒိုအတွက် ကမ်းလှမ်းမှုတစ်ခုမှမရှိသေးကြောင်း သိရသည်။
စီရော်နယ်ဒို၏အေးဂျင့် ဂျော့မန်ဒက်စ်သည် ပြီးခဲ့သော သီတင်းပတ်ကအခြား အသင်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စီရော်နယ်ဒိုအတွက် တစ်ပတ်လုပ်ခပေါင်(၄၈ဝဝဝဝ) ဝန်းကျင်ရှိနေရာ ခေါ်လိုသည့်အသင်းအတွက် အခက်အခဲရှိ နေကြောင်း သိရသည်။
မန်ယူအသင်းနည်းပြတန်ဟက်သည် လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိလာသော အသင်း၏ကစားသမား အားလုံးနှင့်အတူ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး စီရော်နယ်ဒို၏အသင်းအပေါ် စိတ်ပျက်နေမှုများကိုလည်း ဆွေးနွေး မည်ဖြစ်ကြောင်းသိရသည်။
မန်ယူအသင်းသည် ၎င်းတို့၏ ရာသီအကြို ခြေစွမ်းပွဲ ခရီးစဉ်အတွက် အာရှနှင့် သြစတြေးလျ သို့ သွားရောက်မည် ဖြစ်ကြောင်းသိရသည်။ မန်ယူအသင်းနည်းပြတန်ဟက်သည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲအရပ်ရပ်တွင် (၂၄) ဂိုး သွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သည့် ပေါ်တူဂီကြယ်ပွင့် ကစားသမား စီရော်နယ်ဒိုကို ၎င်း၏ အသင်း အစီအစဉ်များထဲတွင် တိုက်စစ်မှူးအဖြစ် တစ်စိတ်တစ်ပိုင်း ပါဝင်ရန်အတွက် စီစဉ်ထားကြောင်းသိရသည်။
https://www.dailymail.co.uk/sport/football/article-10978447/Cristiano-Ronaldo-set-crunch-talks-Manchester-United-future-Erik-ten-Hag.html

Zawgyi Version;
အသင္းေျပာင္းေ႐ႊ႕လိုသည့္ စီေရာ္နယ္ဒိုႏွင့္ မန္ယူနည္းျပတန္ဟက္တို႔ ေဆြးေႏြးမည္
ၿဖိဳးခန႔္ (NP News) - ဇူလိုင္ ၅
မန္ယူအသင္းနည္းျပ အဲရစ္တန္ဟက္သည္ အသင္းေျပာင္းေ႐ႊ႕လိုေနသည့္ စီေရာ္နယ္ဒိုႏွင့္အတူ ေဆြးေႏြးလို ေၾကာင္းသိရသည္။ စီေရာ္နယ္ဒိုသည္ မန္ယူအသင္း ခ်န္ပီယံလိဂ္ ဆုဖလားမ်ားကို ဆက္လက္ရယူႏိုင္စြမ္း မရွိမည္ကို စိုးရိမ္ေသာေၾကာင့္ လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ သင့္ေလ်ာ္ေသာ ကမ္းလွမ္းမႈတစ္ခု ရမည္ဆိုပါက အသင္းမွထြက္ခြာရန္ဆႏၵရွိေၾကာင္း အသင္း၏တာဝန္ရွိသူမ်ားအား ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေျပာဆို ခဲ့သည္။
အသက္(၃၇) ႏွစ္အ႐ြယ္ရွိ စီေရာ္နယ္ဒိုသည္ မန္ယူအသင္းႏွင့္ ဆက္ဆံေရးေကာင္းမြန္ေနဆဲျဖစ္ၿပီး လက္ရွိအခ်ိန္ တြင္ ၎အေနျဖင့္ ခ်န္ပီယံလိဂ္ ကစားခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားၿပီး မန္ယူအသင္းက လာမည့္ရာသီတြင္ ခ်န္ပီယံလိဂ္ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္မရသည့္အေပၚ စိတ္ပ်က္ေနေၾကာင္းသိရသည္။
မန္ယူအသင္းသည္ ၿပီးခဲ့သည့္ရာသီက ပရီးမီးယားလိဂ္ အမွတ္ေပးဇယားတြင္ အဆင့္(၆)ေနရာတြင္ ရပ္တည္ႏိုင္ခဲ့ ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ မရဘဲျဖစ္ေနသည္။
မန္ယူအသင္းသည္အသင္းႏွင့္ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသာ စီေရာ္နယ္ဒိုကိုေရာင္းရန္ဆႏၵမရွိေၾကာင္း လက္ရွိ အခ်ိန္အထိ စီေရာ္နယ္ဒိုအတြက္ ကမ္းလွမ္းမႈတစ္ခုမွမရွိေသးေၾကာင္း သိရသည္။
စီေရာ္နယ္ဒို၏ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္သည္ ၿပီးခဲ့ေသာ သီတင္းပတ္ကအျခား အသင္းမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး စီေရာ္နယ္ဒိုအတြက္ တစ္ပတ္လုပ္ခေပါင္(၄၈ဝဝဝဝ) ဝန္းက်င္ရွိေနရာ ေခၚလိုသည့္အသင္းအတြက္ အခက္အခဲရွိ ေနေၾကာင္း သိရသည္။
မန္ယူအသင္းနည္းျပတန္ဟက္သည္ ေလ့က်င့္ေရးကြင္းသို႔ ျပန္လည္ေရာက္ရွိလာေသာ အသင္း၏ကစားသမား အားလုံးႏွင့္အတူ ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ၿပီး စီေရာ္နယ္ဒို၏အသင္းအေပၚ စိတ္ပ်က္ေနမႈမ်ားကိုလည္း ေဆြးေႏြး မည္ျဖစ္ေၾကာင္းသိရသည္။
မန္ယူအသင္းသည္ ၎တို႔၏ ရာသီအႀကိဳ ေျခစြမ္းပြဲ ခရီးစဥ္အတြက္ အာရွႏွင့္ ၾသစေၾတးလ် သို႔ သြားေရာက္မည္ ျဖစ္ေၾကာင္းသိရသည္။ မန္ယူအသင္းနည္းျပတန္ဟက္သည္ ၿပီးခဲ့သည့္ရာသီက ၿပိဳင္ပြဲအရပ္ရပ္တြင္ (၂၄) ဂိုး သြင္းယူခဲ့ၿပီး ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ခဲ့သည့္ ေပၚတူဂီၾကယ္ပြင့္ ကစားသမား စီေရာ္နယ္ဒိုကို ၎၏ အသင္း အစီအစဥ္မ်ားထဲတြင္ တိုက္စစ္မႉးအျဖစ္ တစ္စိတ္တစ္ပိုင္း ပါဝင္ရန္အတြက္ စီစဥ္ထားေၾကာင္းသိရသည္။
https://www.dailymail.co.uk/sport/football/article-10978447/Cristiano-Ronaldo-set-crunch-talks-Manchester-United-future-Erik-ten-Hag.html