လူမုန်းများစေတဲ့ ဒီအကျင့်တွေ ကိုယ့်မှာရှိနေပြီလား?

 1991

ဝတီ (NP News) - ဇူလိုင် ၅
လူမုန်းများစေတဲ့ ဒီအကျင့်တွေ ကိုယ့်မှာ ရှိနေပြီလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါ။ လူတွေဟာ ထုတ်ဖော်ပြီးတော့သာ ဝန်မခံတာပဲ ရှိမယ်၊ လူတိုင်းလူတိုင်းက လူချစ်လူခင် ခံချင်ကြတာချည်းပါပဲ။ လူချင်လူခင် ခံချင်ကြတယ်၊ ပေါ်ပြူလာဖြစ်ချင်ကြတယ်၊ တွေ့သ မျှလူတွေနဲ့ အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံချင်ကြပါတယ်။ လူတိုင်း လူချစ်လူခင် ခံချင်ကြတာချည်းပဲ ဖြစ်ပေမယ့် လက်တွေ့မှာတော့ လူတိုင်း လူချစ်လူခင်မများကြပါဘူး။ ကိုယ့်မှာ လူတွေမကြိုက်တဲ့ ဘယ်အကျင့်တွေများရှိနေလို့ လူချစ်လူခင် မခံရတာပါလဲ။ ဒါကြောင့် အခုဖော်ပြသွားမယ့် လူမုန်းများစေတဲ့ အကျင့်တွေ ကိုယ့်မှာ ရှိနေသလားဆိုတာ ဆန်းစစ်ကြည့်ပြီး အဲဒီအကျင့်တွေကို တဖြည်းဖြည်း ပြုပြင်လိုက်မယ်ဆိုရင်တော့ ကိုယ်ဟာလည်း လူချစ်လူခင် များလာမှာပါပဲ။ ကဲ.. အဲဒီအကျင့်တွေက ဘယ်အကျင့်တွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
လူမုန္းမ်ားေစတဲ့ ဒီအက်င့္ေတြ ကိုယ့္မွာရွိေနၿပီလား?
ဝတီ (NP News) - ဇူလိုင္ ၅

လူမုန္းမ်ားေစတဲ့ ဒီအက်င့္ေတြ ကိုယ့္မွာ ရွိေနၿပီလားဆိုတာ ဆန္းစစ္ၾကည့္လိုက္ပါ။ လူေတြဟာ ထုတ္ေဖာ္ၿပီးေတာ့သာ ဝန္မခံတာပဲ ရွိမယ္၊ လူတိုင္းလူတိုင္းက လူခ်စ္လူခင္ ခံခ်င္ၾကတာခ်ည္းပါပဲ။ လူခ်င္လူခင္ ခံခ်င္ၾကတယ္၊ ေပၚျပဴလာျဖစ္ခ်င္ၾကတယ္၊ ေတြ႕သ မွ်လူေတြနဲ႔ အဆင္ေျပေျပ ေပါင္းသင္းဆက္ဆံခ်င္ၾကပါတယ္။ လူတိုင္း လူခ်စ္လူခင္ ခံခ်င္ၾကတာခ်ည္းပဲ ျဖစ္ေပမယ့္ လက္ေတြ႕မွာေတာ့ လူတိုင္း လူခ်စ္လူခင္မမ်ားၾကပါဘူး။ ကိုယ့္မွာ လူေတြမႀကိဳက္တဲ့ ဘယ္အက်င့္ေတြမ်ားရွိေနလို႔ လူခ်စ္လူခင္ မခံရတာပါလဲ။ ဒါေၾကာင့္ အခုေဖာ္ျပသြားမယ့္ လူမုန္းမ်ားေစတဲ့ အက်င့္ေတြ ကိုယ့္မွာ ရွိေနသလားဆိုတာ ဆန္းစစ္ၾကည့္ၿပီး အဲဒီအက်င့္ေတြကို တျဖည္းျဖည္း ျပဳျပင္လိုက္မယ္ဆိုရင္ေတာ့ ကိုယ္ဟာလည္း လူခ်စ္လူခင္ မ်ားလာမွာပါပဲ။ ကဲ.. အဲဒီအက်င့္ေတြက ဘယ္အက်င့္ေတြလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

ဖေ့စ်ဘွတ်ခ်မှာ တစ်ချိန်လုံး ပုံတွေတင်နေတာ။
ကိုယ့်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ကိုယ်ပိုင်တဲ့အတွက် ကိုယ့်စိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီစာမျက်နှာမှာ တင်သမျှဟာ ကိုယ့်သူငယ်ချင်းတွေဆီမှာလည်း သွားပေါ်နေတဲ့အတွက် ဒီအချက်ကို ထည့်စဉ်းစားသင့်ပါတယ်။ နေ့စဉ်နဲ့အမျှ တစ်ချိန်လုံး ကိုယ့်ပုံတွေ၊ ကိုယ့်မိသားစုဝင်ပုံတွေ ထိုင်တင်နေတာ၊ သူများကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ သူများကို tag တွဲနေတာတွေဟာ လူမုန်းများစေတဲ့ အချက်တွေထဲမှာ ပါပါတယ်။

zawgyi version
ေဖ့စ္ဘြတ္ခ္မွာ တစ္ခ်ိန္လုံး ပုံေတြတင္ေနတာ။
ကိုယ့္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကို ကိုယ္ပိုင္တဲ့အတြက္ ကိုယ့္စိတ္ႀကိဳက္ လုပ္ပိုင္ခြင့္ရွိပါတယ္။ ဒါေပမဲ့ အဲဒီစာမ်က္ႏွာမွာ တင္သမွ်ဟာ ကိုယ့္သူငယ္ခ်င္းေတြဆီမွာလည္း သြားေပၚေနတဲ့အတြက္ ဒီအခ်က္ကို ထည့္စဥ္းစားသင့္ပါတယ္။ ေန႔စဥ္နဲ႔အမွ် တစ္ခ်ိန္လုံး ကိုယ့္ပုံေတြ၊ ကိုယ့္မိသားစုဝင္ပုံေတြ ထိုင္တင္ေနတာ၊ သူမ်ားႀကိဳက္မွန္းမသိ၊ မႀကိဳက္မွန္းမသိ သူမ်ားကို tag တြဲေနတာေတြဟာ လူမုန္းမ်ားေစတဲ့ အခ်က္ေတြထဲမွာ ပါပါတယ္။

အတင်းပြောတာ။
အတင်းအဖျင်းပြောတာဟာ ကျောင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် ဘယ်နေရာမှာမှ မကောင်းပါဘူး။ ကိုယ်မကြိုက်တာရှိရင် ကွယ်ရာရောက်မှပြောမယ့်အစား ကောင်း ကောင်းမွန်မွန် တဲ့ပဲပြောလိုက်တာ ပိုကောင်းပါလိမ့်မယ်။ တဲ့ပြောဖို့ အဆင်မပြေဘူးဆိုရင်လည်း ကိုယ့်မကျေနပ်ချက်ကို ယုံကြည်စိတ်ချရတဲ့ ကြားလူတစ်ယောက်ကနေတစ် ဆင့် ပြောခိုင်းလိုက်ပါ။

လိမ်ညာပြောဆိုတာ။
လိမ်ညာပြောဆိုတာဟာ အသေးအမွှားလို့ထင်ရပေမယ့် တကယ်တမ်းက အင်မတန်ကြီးမားတဲ့ အပြစ်ပါ။ လိမ်ပြောလည်း လူမမိဘူးဆိုပေမယ့် တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ လူမိမှာပါပဲ။ ဒါကြောင့် လိမ်ပြောတတ်တဲ့အကျင့်ကို ဖျောက်ဖို့လိုပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်လိမ်တာ လူမိသွားပြီဆိုရင်လည်း အမှန်အတိုင်းဝန်ခံပြီး ဝန်ချတောင်း ပန်သင့်သလို နောက်နောင် ဒီလိုမဖြစ်စေရပါဘူးလို့ ကတိပေးသင့်ပါတယ်။

အတိုင်အတော ထူတာ။
အဆင်မပြေတာ ကြီးကြီးမားမားကြီး တစ်ခုခုဖြစ်လို့ တိုင်တာတောတာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲဆိုပေမယ့် ဘာမှမဟုတ်တဲ့ သေးသေးမွှားမွှားလေးကအစ တစ်ချိန်လုံး တိုင်တောနေမယ်ဆိုရင်တော့ ကိုယ်ဟာ အတိုင်အတော ထူတဲ့လူဖြစ်သွားပါလိမ့်မယ်။ ထစ်ခနဲရှိ တိုင်ချင်တောချင်နေတဲ့လူကို လူတွေက ရှောင်ဖယ်လာကြပါလိမ့်မယ်။ ဒါကြောင့် အတိုင်အတော ထူတဲ့လူလို့ တံဆိပ်မခံရစေဖို့ တော်ရုံတန်ရုံလောက်ပဲ တိုင်တောတာ ကောင်းပါတယ်။ မဟုတ်ရင် ကြာလာတဲ့အခါ ကိုယ့်ကို လူမုန်းများလာလိမ့်မယ်လေ။

zawgyi version
အတင္းေျပာတာ။
အတင္းအဖ်င္းေျပာတာဟာ ေက်ာင္းမွာျဖစ္ျဖစ္၊ လုပ္ငန္းခြင္မွာ ျဖစ္ျဖစ္ ဘယ္ေနရာမွာမွ မေကာင္းပါဘူး။ ကိုယ္မႀကိဳက္တာရွိရင္ ကြယ္ရာေရာက္မွေျပာမယ့္အစား ေကာင္း ေကာင္းမြန္မြန္ တဲ့ပဲေျပာလိုက္တာ ပိုေကာင္းပါလိမ့္မယ္။ တဲ့ေျပာဖို႔ အဆင္မေျပဘူးဆိုရင္လည္း ကိုယ့္မေက်နပ္ခ်က္ကို ယုံၾကည္စိတ္ခ်ရတဲ့ ၾကားလူတစ္ေယာက္ကေနတစ္ ဆင့္ ေျပာခိုင္းလိုက္ပါ။

လိမ္ညာေျပာဆိုတာ။
လိမ္ညာေျပာဆိုတာဟာ အေသးအမႊားလို႔ထင္ရေပမယ့္ တကယ္တမ္းက အင္မတန္ႀကီးမားတဲ့ အျပစ္ပါ။ လိမ္ေျပာလည္း လူမမိဘူးဆိုေပမယ့္ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာေတာ့ လူမိမွာပါပဲ။ ဒါေၾကာင့္ လိမ္ေျပာတတ္တဲ့အက်င့္ကို ေဖ်ာက္ဖို႔လိုပါလိမ့္မယ္။ ဒီလိုမွမဟုတ္ဘဲ ကိုယ္လိမ္တာ လူမိသြားၿပီဆိုရင္လည္း အမွန္အတိုင္းဝန္ခံၿပီး ဝန္ခ်ေတာင္း ပန္သင့္သလို ေနာက္ေနာင္ ဒီလိုမျဖစ္ေစရပါဘူးလို႔ ကတိေပးသင့္ပါတယ္။

အတိုင္အေတာ ထူတာ။
အဆင္မေျပတာ ႀကီးႀကီးမားမားႀကီး တစ္ခုခုျဖစ္လို႔ တိုင္တာေတာတာက လုပ္သင့္လုပ္ထိုက္တဲ့ ကိစၥပဲဆိုေပမယ့္ ဘာမွမဟုတ္တဲ့ ေသးေသးမႊားမႊားေလးကအစ တစ္ခ်ိန္လုံး တိုင္ေတာေနမယ္ဆိုရင္ေတာ့ ကိုယ္ဟာ အတိုင္အေတာ ထူတဲ့လူျဖစ္သြားပါလိမ့္မယ္။ ထစ္ခနဲရွိ တိုင္ခ်င္ေတာခ်င္ေနတဲ့လူကို လူေတြက ေရွာင္ဖယ္လာၾကပါလိမ့္မယ္။ ဒါေၾကာင့္ အတိုင္အေတာ ထူတဲ့လူလို႔ တံဆိပ္မခံရေစဖို႔ ေတာ္႐ုံတန္႐ုံေလာက္ပဲ တိုင္ေတာတာ ေကာင္းပါတယ္။ မဟုတ္ရင္ ၾကာလာတဲ့အခါ ကိုယ့္ကို လူမုန္းမ်ားလာလိမ့္မယ္ေလ။

တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတာ။
တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာဟာလည်း ကိုယ့်ကို လူတွေ ဝေးဝေးရှောင်စေမယ့် အကျင့်ဆိုးတစ်ခုပါပဲ။ ချွေးနံ့၊ ချိုင်းချွေးနံ့၊ ခံတွင်းနံ့၊ ဆေးလိပ်နံ့၊ ကွမ်းနံ့၊ အရက်ဘီယာအနံ့တို့ဟာ ကိုယ့်ကိုယ်ကိုယ်သာ မသိပေမယ့် ဘေးကလူကတော့ တန်းသိပါတယ်။ အနံ့ အသက် မကောင်းတဲ့လူနား ဘယ်သူကမှ အကြာကြီးနေချင်မှာ မဟုတ်ဘဲ ဝေးဝေးရှောင်ကြမှာပါပဲ။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်သင့်ပြီး သပ်သပ်ရပ်ရပ်လည်း ဝတ်စားသင့်ပါတယ်။

သူများဆီကချည်းပဲ အမြဲတမ်းကပ်စား၊ ကပ်သုံးနေတာ။
သူများဆီကချည်းပဲ အမြဲတမ်းကပ်စား၊ ကပ်သုံးနေတာကတော့ တကယ့်ကို လူမုန်းများစေတဲ့ အကျင့်ပါပဲ။ အပေးအယူဆိုတဲ့ စကားအတိုင်း အယူရှိရင် အပေးလည်းရှိသင့်ပါတယ်။ အတုံ့အလှည့်ရယ်လို့ မရှိဘဲ ကိုယ်ကချည်းပဲ လူတကာဆီက လိုက်ကပ်စား၊ ကပ်သုံးနေတယ်ဆိုရင် ဒီလောက်လူမုန်းများတဲ့ အကျင့်တော့ ရှိမှာမဟုတ်တော့ပါဘူး။

လူတကာဆီကပတ်ပြီး ပိုက်ဆံလိုက်ချေးနေတာ။
ဒီနေ့ခေတ်လူအများစုမှာ ရှိနေတတ်တဲ့ ဒီအကျင့်ဟာလည်း လူမုန်းများစေတဲ့ အကျင့်တစ်ခုပါပဲ။ ရှိရှိသမျှ လူတွေဆီက ပိုက်ဆံလိုက်ချေးပြီး ပြန်ဆပ်ရမှာကျ မသိချင်ယောင် ဆောင်နေရင် ကြာလာတဲ့အခါ ဒီလိုလူကို လူတွေက ဝေးဝေးရှောင်ကုန်ကြပါလိမ့်မယ်။

zawgyi version
တစ္ကိုယ္ေရသန႔္ရွင္းမႈ မရွိတာ။
တစ္ကိုယ္ေရသန႔္ရွင္းမႈ အားနည္းတာဟာလည္း ကိုယ့္ကို လူေတြ ေဝးေဝးေရွာင္ေစမယ့္ အက်င့္ဆိုးတစ္ခုပါပဲ။ ေခြၽးနံ႔၊ ခ်ိဳင္းေခြၽးနံ႔၊ ခံတြင္းနံ႔၊ ေဆးလိပ္နံ႔၊ ကြမ္းနံ႔၊ အရက္ဘီယာအနံ႔တို႔ဟာ ကိုယ့္ကိုယ္ကိုယ္သာ မသိေပမယ့္ ေဘးကလူကေတာ့ တန္းသိပါတယ္။ အနံ႔ အသက္ မေကာင္းတဲ့လူနား ဘယ္သူကမွ အၾကာႀကီးေနခ်င္မွာ မဟုတ္ဘဲ ေဝးေဝးေရွာင္ၾကမွာပါပဲ။ ဒါေၾကာင့္ တစ္ကိုယ္ေရသန႔္ရွင္းေရးကို ဂ႐ုစိုက္သင့္ၿပီး သပ္သပ္ရပ္ရပ္လည္း ဝတ္စားသင့္ပါတယ္။

သူမ်ားဆီကခ်ည္းပဲ အၿမဲတမ္းကပ္စား၊ ကပ္သုံးေနတာ။
သူမ်ားဆီကခ်ည္းပဲ အၿမဲတမ္းကပ္စား၊ ကပ္သုံးေနတာကေတာ့ တကယ့္ကို လူမုန္းမ်ားေစတဲ့ အက်င့္ပါပဲ။ အေပးအယူဆိုတဲ့ စကားအတိုင္း အယူရွိရင္ အေပးလည္းရွိသင့္ပါတယ္။ အတုံ႔အလွည့္ရယ္လို႔ မရွိဘဲ ကိုယ္ကခ်ည္းပဲ လူတကာဆီက လိုက္ကပ္စား၊ ကပ္သုံးေနတယ္ဆိုရင္ ဒီေလာက္လူမုန္းမ်ားတဲ့ အက်င့္ေတာ့ ရွိမွာမဟုတ္ေတာ့ပါဘူး။

လူတကာဆီကပတ္ၿပီး ပိုက္ဆံလိုက္ေခ်းေနတာ။
ဒီေန႔ေခတ္လူအမ်ားစုမွာ ရွိေနတတ္တဲ့ ဒီအက်င့္ဟာလည္း လူမုန္းမ်ားေစတဲ့ အက်င့္တစ္ခုပါပဲ။ ရွိရွိသမွ် လူေတြဆီက ပိုက္ဆံလိုက္ေခ်းၿပီး ျပန္ဆပ္ရမွာက် မသိခ်င္ေယာင္ ေဆာင္ေနရင္ ၾကာလာတဲ့အခါ ဒီလိုလူကို လူေတြက ေဝးေဝးေရွာင္ကုန္ၾကပါလိမ့္မယ္။

ချိန်းထားရင် အမြဲတမ်း နောက်ကျတာ။
ကိုယ်ကိုယ်တိုင်လည်း စောင့်နေရတာ မကြိုက်ဘူးဆိုရင် သူတပါးလည်း စောင့်နေရတာ ကြိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဗမာစံတော်ချိန်ဆိုတဲ့ အကျင့်ဆိုးကို ပြင်သင့်ပါတယ်။ တစ်ခါတလေ အရေးကြီးအကြောင်းကိစ္စပေါ်လာလို့ နောက်ကျတာ နားလည်နိုင်ပေမယ့် အမြဲတမ်းပဲ နောက်ကျနေရင်တော့ တစ်ဖက်လူကို မလေးစားရာ ရောက်ပါတယ်။ ကိုယ့်ကို လေးစားသမှု မရှိတဲ့လူကို သူများက ကြိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူများနဲ့ချိန်းတယ်ဆိုရင် ကိုယ် အမှန်တကယ် ရောက်နိုင်တဲ့အချိန်ပဲ ချိန်းတာ အကောင်းဆုံးပါ။

ကိုယ့်အမှားကို ဘယ်တော့မှ ဝန်မခံတာ။
ကိုယ့်အမှားကို ဝန်မခံတာဟာ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိတာပါပဲ။ သူများအမှားကိုတော့ ထစ်ခနဲရှိ ဝေဖန်ထောက်ပြပြောဆိုပြီး ကိုယ့်အမှားကျတော့ အမြဲပဲ ဖုံးဖိထားတာဟာ လူမုန်းများစေတဲ့ အချက်ပါ။ ကိုယ့်မှာ ဒီလိုအကျင့်မျိုးရှိနေရင် ကြာလာတဲ့အခါ လူတွေက ကိုယ့်ကို ရှောင်ဖယ်လာကြပါလိမ့်မယ်။

စကားများတာ။
စကားတရစပ်ပြောနေတဲ့လူကိုလည်း လူတွေက မကြိုက်ကြပါဘူး။ စကားများတာနဲ့ စ ကားပြောကောင်းတာဆိုတာ ဘယ်လိုမှမတူပါဘူး။ စကားပြောကောင်းတယ်ဆိုတာက သူတပါး စိတ်ဝင်စားအောင် ပြောတတ်တာဖြစ်ပြီး စကားများတယ်ဆိုတာက သူများစိတ်ဝင်စားစား၊ မဝင်စားစား ကိုယ်ပြောရပြီးရောဆိုပြီး မနားစတမ်း စွတ်ရွတ်ပြောဆိုတာ မျိုးပါ။ ဒါကြောင့် ကိုယ် စကားများနေပြီလား၊ သူများ စိတ်မဝင်စား တာတွေကို တရစပ် ပြောမိနေပြီလားဆိုတာ ဆိုတာ သတိထားသင့်ပါတယ်။ ဒါကြောင့် လူချစ်လူခင်များတဲ့လူ ဖြစ်ချင်တယ်ဆိုရင် အခုပြောပြသွားတဲ့ မကောင်းတဲ့အကျင့်တွေကို ပယ်ပြီး ကောင်းတဲ့ အကျင့်တွေကို မွေးမြူသင့်ပါတယ်။

`ကိုယ့်အနာဂတ်ကို မပြောင်းလဲနိုင်ပေမယ့် အကျင့်ကိုတော့ ပြင်လို့ရပါတယ်။ မကောင်းတဲ့ အကျင့်တွေကိုသာ ပြင်လိုက်မယ်ဆိုရင် ကိုယ့်အနာဂတ်ကိုလည်း မုချပြုပြင်ပြောင်းလဲသွားနိုင်ပါလိမ့်မယ်`လို့ အက်ဘ်ဒူလ်ကလမ် ဆိုတဲ့ ပုဂ္ဂိုလ်က ပြောထားပါတယ်။

zawgyi version
ခ်ိန္းထားရင္ အၿမဲတမ္း ေနာက္က်တာ။
ကိုယ္ကိုယ္တိုင္လည္း ေစာင့္ေနရတာ မႀကိဳက္ဘူးဆိုရင္ သူတပါးလည္း ေစာင့္ေနရတာ ႀကိဳက္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဗမာစံေတာ္ခ်ိန္ဆိုတဲ့ အက်င့္ဆိုးကို ျပင္သင့္ပါတယ္။ တစ္ခါတေလ အေရးႀကီးအေၾကာင္းကိစၥေပၚလာလို႔ ေနာက္က်တာ နားလည္ႏိုင္ေပမယ့္ အၿမဲတမ္းပဲ ေနာက္က်ေနရင္ေတာ့ တစ္ဖက္လူကို မေလးစားရာ ေရာက္ပါတယ္။ ကိုယ့္ကို ေလးစားသမႈ မရွိတဲ့လူကို သူမ်ားက ႀကိဳက္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူမ်ားနဲ႔ခ်ိန္းတယ္ဆိုရင္ ကိုယ္ အမွန္တကယ္ ေရာက္ႏိုင္တဲ့အခ်ိန္ပဲ ခ်ိန္းတာ အေကာင္းဆုံးပါ။

ကိုယ့္အမွားကို ဘယ္ေတာ့မွ ဝန္မခံတာ။
ကိုယ့္အမွားကို ဝန္မခံတာဟာ တာဝန္ခံမႈ၊ တာဝန္ယူမႈ မရွိတာပါပဲ။ သူမ်ားအမွားကိုေတာ့ ထစ္ခနဲရွိ ေဝဖန္ေထာက္ျပေျပာဆိုၿပီး ကိုယ့္အမွားက်ေတာ့ အၿမဲပဲ ဖုံးဖိထားတာဟာ လူမုန္းမ်ားေစတဲ့ အခ်က္ပါ။ ကိုယ့္မွာ ဒီလိုအက်င့္မ်ိဳးရွိေနရင္ ၾကာလာတဲ့အခါ လူေတြက ကိုယ့္ကို ေရွာင္ဖယ္လာၾကပါလိမ့္မယ္။

စကားမ်ားတာ။
စကားတရစပ္ေျပာေနတဲ့လူကိုလည္း လူေတြက မႀကိဳက္ၾကပါဘူး။ စကားမ်ားတာနဲ႔ စ ကားေျပာေကာင္းတာဆိုတာ ဘယ္လိုမွမတူပါဘူး။ စကားေျပာေကာင္းတယ္ဆိုတာက သူတပါး စိတ္ဝင္စားေအာင္ ေျပာတတ္တာျဖစ္ၿပီး စကားမ်ားတယ္ဆိုတာက သူမ်ားစိတ္ဝင္စားစား၊ မဝင္စားစား ကိုယ္ေျပာရၿပီးေရာဆိုၿပီး မနားစတမ္း စြတ္႐ြတ္ေျပာဆိုတာ မ်ိဳးပါ။ ဒါေၾကာင့္ ကိုယ္ စကားမ်ားေနၿပီလား၊ သူမ်ား စိတ္မဝင္စား တာေတြကို တရစပ္ ေျပာမိေနၿပီလားဆိုတာ ဆိုတာ သတိထားသင့္ပါတယ္။ ဒါေၾကာင့္ လူခ်စ္လူခင္မ်ားတဲ့လူ ျဖစ္ခ်င္တယ္ဆိုရင္ အခုေျပာျပသြားတဲ့ မေကာင္းတဲ့အက်င့္ေတြကို ပယ္ၿပီး ေကာင္းတဲ့ အက်င့္ေတြကို ေမြးျမဴသင့္ပါတယ္။

`ကိုယ့္အနာဂတ္ကို မေျပာင္းလဲႏိုင္ေပမယ့္ အက်င့္ကိုေတာ့ ျပင္လို႔ရပါတယ္။ မေကာင္းတဲ့ အက်င့္ေတြကိုသာ ျပင္လိုက္မယ္ဆိုရင္ ကိုယ့္အနာဂတ္ကိုလည္း မုခ်ျပဳျပင္ေျပာင္းလဲသြားႏိုင္ပါလိမ့္မယ္`လို႔ အက္ဘ္ဒူလ္ကလမ္ ဆိုတဲ့ ပုဂၢိဳလ္က ေျပာထားပါတယ္။

https://www.inc.com/sujan-patel/10-habits-that-make-everyone-at-the-office-hate-you.html?

Related news

© 2021. All rights reserved.