ဟာရီကိန်း ဘွန်နီမုန်တိုင်းကြောင့် ဗဟိုအမေရိကမှာ လူသုံးဦးသေဆုံး

482

ရောင်နီ (NP News) - ဇူလိုင် ၅
ဗဟိုအမေရိကကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဟာရီကိန်းမုန်တိုင်း ဘွန်နီကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
အပူပိုင်းမုန်တိုင်း ဘွန်နီဟာ အယ်လ်ဆာဗေးဒေါမှာ လူ ၂ နှစ်ဦးနဲ့ နီကာရာဂွာမှာ လူ ၁ ဦးသေဆုံးစေခဲ့ကာ ဇူလိုင်လ၃ ရက်၊ တနင်္ဂနွေနေ့မှာ အမျိုးအစား ၁ ဟာရီကိန်းအဖြစ်သို့ အဆင့်တက် အားကောင်းလာခဲ့ပါတယ်။
မုန်တိုင်းဟာ အတ္တလန္တိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်လာပြီး ဗဟိုအမေရိကရဲ့ ကျဉ်းမြောင်းတဲ့အပိုင်းကို ဖြတ်ကျော်ကာ အပူပိုင်းမုန်တိုင်းအဖြစ် ပစိဖိတ်သမုဒ္ဒရာသို ရွေ့လျားလာတာဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံကို မရောက်ခင် ဗဟိုအမေရိကကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
ဟာရီကိန်းကြောင့် အယ်လ်ဆာဗေးဒေါနဲ့ နီကာရာဂွာတိုမှာ သစ်ပင်များလဲကျကာ နေရာအနှံ့ ရေလွှမ်းမိုးများမှုဖြစ်ပေါ်ခဲ့ပြီး လူအချို့ယာယီတဲများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ ကယ်ဆယ်ရေးသမားများဟာ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
"မုန်တိုင်းဘွန်နီဟာ ကမ်းရိုးတန်းဒေသ၊ မီးတောင်တောင်တန်းနဲ့ ဆန်ဆယ်လ်ဗေဒေါ မြို့ပြဧရိယာတိုမှာ အလွန်ပြင်းထန်တဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်စေခဲ့ကာ အချို့နေရာများမှာ လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသီးကြွေကျခြင်းထိဖြစ်ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။
ဟာရီကိန်းကြောင့် ပြင်းထန်သောမိုးရွာခြင်း၊ ရွှံမြေပြိုခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်လာနိုင်ကာ နိုင်ငံတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်မှာ အမြင့်ပေ ၁၆ ပေ ( ၅ မီတာ) အထိ ပင်လယ်ရေလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း မက္ကဆီကို မိုးလေဝသဌာနက သတိပေးထားပါတယ်။
https://www.aljazeera.com/news/2022/7/4/three-dead-hurricane-bonnie-passes-over-central-america?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Zawgyi Version;
ဟာရီကိန္း ဘြန္နီမုန္တိုင္းေၾကာင့္ ဗဟိုအေမရိကမွာ လူသုံးဦးေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၅
ဗဟိုအေမရိကကို ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ ဟာရီကိန္းမုန္တိုင္း ဘြန္နီေၾကာင့္ အနည္းဆုံး လူ ၃ ဦး ေသဆုံးခဲ့ပါတယ္။
အပူပိုင္းမုန္တိုင္း ဘြန္နီဟာ အယ္လ္ဆာေဗးေဒါမွာ လူ ၂ ႏွစ္ဦးနဲ႔ နီကာရာဂြာမွာ လူ ၁ ဦးေသဆုံးေစခဲ့ကာ ဇူလိုင္လ၃ ရက္၊ တနဂၤေႏြေန႔မွာ အမ်ိဳးအစား ၁ ဟာရီကိန္းအျဖစ္သို႔ အဆင့္တက္ အားေကာင္းလာခဲ့ပါတယ္။
မုန္တိုင္းဟာ အတၱလႏၲိတ္သမုဒၵရာမွာ ျဖစ္ေပၚလာၿပီး ဗဟိုအေမရိကရဲ႕ က်ဥ္းေျမာင္းတဲ့အပိုင္းကို ျဖတ္ေက်ာ္ကာ အပူပိုင္းမုန္တိုင္းအျဖစ္ ပစိဖိတ္သမုဒၵရာသို ေ႐ြ႕လ်ားလာတာျဖစ္ပါတယ္။ မကၠဆီကိုႏိုင္ငံကို မေရာက္ခင္ ဗဟိုအေမရိကကို ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ ဟာရီကိန္းမုန္တိုင္းေၾကာင့္ အနည္းဆုံး လူ ၃ ဦး ေသဆုံးခဲ့ပါတယ္။
ဟာရီကိန္းေၾကာင့္ အယ္လ္ဆာေဗးေဒါနဲ႔ နီကာရာဂြာတိုမွာ သစ္ပင္မ်ားလဲက်ကာ ေနရာအႏွံ႔ ေရလႊမ္းမိုးမ်ားမႈျဖစ္ေပၚခဲ့ၿပီး လူအခ်ိဳ႕ယာယီတဲမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ရပါတယ္။ ကယ္ဆယ္ေရးသမားမ်ားဟာ ေပ်ာက္ဆုံးေနသူေတြကို ဆက္လက္ရွာေဖြေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။
"မုန္တိုင္းဘြန္နီဟာ ကမ္း႐ိုးတန္းေဒသ၊ မီးေတာင္ေတာင္တန္းနဲ႔ ဆန္ဆယ္လ္ေဗေဒါ ၿမိဳ႕ျပဧရိယာတိုမွာ အလြန္ျပင္းထန္တဲ့ မိုးသည္းထန္စြာ႐ြာသြန္းျခင္းနဲ႔ မိုးႀကိဳးမုန္တိုင္းမ်ား ျဖစ္ေပၚေစခဲ့ကာ အခ်ိဳ႕ေနရာမ်ားမွာ ေလျပင္းတိုက္ခတ္ျခင္းနဲ႔ မိုးသီးေႂကြက်ျခင္းထိျဖစ္ခဲ့ေၾကာင္း သဘာဝပတ္ဝန္းက်င္ဝန္ႀကီးဌာနမွ ေျပာၾကားခဲ့ပါတယ္။
ဟာရီကိန္းေၾကာင့္ ျပင္းထန္ေသာမိုး႐ြာျခင္း၊ ႐ႊံေျမၿပိဳျခင္း၊ ေရႀကီးျခင္း၊ ေလျပင္းတိုက္ျခင္းမ်ား ျဖစ္လာႏိုင္ကာ ႏိုင္ငံေတာင္ပိုင္း ပစိဖိတ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ အျမင့္ေပ ၁၆ ေပ ( ၅ မီတာ) အထိ ပင္လယ္ေရလႈိင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မကၠဆီကို မိုးေလဝသဌာနက သတိေပးထားပါတယ္။
https://www.aljazeera.com/news/2022/7/4/three-dead-hurricane-bonnie-passes-over-central-america?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook