စီရော်နယ်ဒိုကို ရောင်းချရန် မန်ယူအသင်း ဆုံးဖြတ်ခဲ့ကြောင်း ဗြိတိန်မီဒီယာများဖော်ပြ

 725

ဖြိုးခန့် (NP News) - ဇူလိုင် ၈
မန်ယူအသင်းသည် တိုက်စစ်မှူး စီရော်နယ်ဒိုကို လက်ရှိနွေရာသီ အပြောင်းအရွှေ့ကာလတွင် ရောင်းရန် ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မန်ယူအသင်းလေ့ကျင့်ရေးကွင်းသို့ လာရောက်ရန် သုံးရက်ဆက်တိုက် ပျက်ကွက်ခဲ့သည်။

မန်ယူအသင်းသည် တိုက်စစ်မှူး စီရော်နယ်ဒို၏ တောင်းဆိုချက်အတိုင်းလိုက်လျောပေးရန် ဆုံးဖြတ်ခဲ့ကြောင်း The Sun သတင်းဌာနမှဖော်ပြခဲ့သည်၊၊ စီရော်နယ်ဒိုသည် မန်ယူအသင်းအတွက် ပြီးခဲ့သောရာသီက ပြိုင်ပွဲစုံ (၃၈) ပွဲကစားကာ (၂၄) ဂိုးသွင်းယူခဲ့ပြီး မန်ယူအသင်းက စီရော်နယ်ဒိုသည် အသင်းတွင် ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းအတွင်းတွင် အခိုင်အမာပြောဆိုခဲ့သည်၊၊

စီရော်နယ်ဒို၏ ဆန္ဒများကို မန်ယူအသင်းအနေဖြင့် လျစ်လျူရှုပြီး အသင်းတွင် ဆက်ခေါ်ထားရန် မဖြစ်နိုင် ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနှစ်ဖြစ်ခဲ့ပြီး လက်ရှိ အချိန်တွင် ပြန်လည်ပြင်ဆင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိရသည်၊၊

စီရော်နယ်ဒိုသည် ဇူလိုင်(၂)ရက်နေ့တွင် မန်ယူအသင်းမှထွက်ခွာရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီးနောက် ဇူလိုင်လ(၄) ရက်နှင့် (၅)ရက်နေ့တို့တွင် အသင်း၏လေ့ကျင့်ရေးကွင်းသို့လာရောက်ရန် ပျက်ကွက်ခဲ့ပြီး ဇူလိုင်လ (၆)ရက်နေ့တွင်လည်း လေ့ကျင့်ရေးကွင်းသို့လာရောက်ရန် ထပ်မံပျက်ကွက်ခဲ့သည်။

မန်ယူအသင်းနည်းပြတန်ဟက်သည် ဇူလိုင်(၈)ရက်နေ့တွင်သွားရောက်မည့် ၎င်းတို့၏ရာသီကြို ခြေစမ်းပွဲအတွက် ပြင်ဆင်နေပြီး ဇူလိုင်လ(၁၂)ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လီဗာပူးလ်အသင်းနှင့် ပထမဆုံးခြေစွမ်း ပွဲကစားရန် စီစဉ်ထားကြောင်း သိရသည်၊၊

စီရော်နယ်ဒိုသည် အဆိုပါခြေစမ်းပွဲတွင် ပါဝင်ရန်အတွက် လိုက်ပါခြင်း ရှိ၊ မရှိကို လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း အသင်း၏တာဝန်ရှိသူများက ပြောကြားခဲ့သည်၊၊

ချဲလ်ဆီးအသင်း၊ ဘိုင်ယန်မြူးနစ်အသင်းနှင့် နာပိုလီအသင်းတို့သည် စီရော်နယ်ဒိုကိုခေါ်ယူရန် မျက်စိကျနေပြီး ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဘိုလေးသည် စီရော်နယ်ဒိုအပြောင်းအရွှေ့အတွက် အေးဂျင့်ဖြစ်သူ ဂျော့ချ် မန်ဒက်စ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်၊၊

စီရော်နယ်ဒို၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်သည် စီရော်နယ်ဒိုအပြောင်းအရွှေ့အတွက် ပြီးခဲ့သောသီတင်း ပတ်က ဘိုင်ယန်မြူးနစ်အသင်း၊ နာပိုလီအသင်းတို့နှင့် ဆွေးနွေးခဲ့သော်လည်း လက်ရှိအချိန်အထိ သဘောတူညီ မှု တစ်ခုမှမရှိသေးကြောင်း သိရသည်။

https://www.dailymail.co.uk/sport/football/article-10989439/Manchester-United-ready-SELL-Cristiano-Ronaldo-caving-transfer-demands.html

Zawgyi Version;
စီေရာ္နယ္ဒိုကို ေရာင္းခ်ရန္ မန္ယူအသင္း ဆုံးျဖတ္ခဲ့ေၾကာင္း ၿဗိတိန္မီဒီယာမ်ားေဖာ္ျပ
ၿဖိဳးခန႔္ (NP News) - ဇူလိုင္ ၈
မန္ယူအသင္းသည္ တိုက္စစ္မႉး စီေရာ္နယ္ဒိုကို လက္ရွိေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလတြင္ ေရာင္းရန္ ဆုံးျဖတ္ လိုက္ၿပီျဖစ္ေၾကာင္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပထားသည္။

စီေရာ္နယ္ဒိုသည္ လက္ရွိေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ မန္ယူအသင္းမွ ထြက္ခြာရန္ ဆႏၵရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး မန္ယူအသင္းေလ့က်င့္ေရးကြင္းသို႔ လာေရာက္ရန္ သုံးရက္ဆက္တိုက္ ပ်က္ကြက္ခဲ့သည္။

မန္ယူအသင္းသည္ တိုက္စစ္မႉး စီေရာ္နယ္ဒို၏ ေတာင္းဆိုခ်က္အတိုင္းလိုက္ေလ်ာေပးရန္ ဆုံးျဖတ္ခဲ့ေၾကာင္း The Sun သတင္းဌာနမွေဖာ္ျပခဲ့သည္၊၊ စီေရာ္နယ္ဒိုသည္ မန္ယူအသင္းအတြက္ ၿပီးခဲ့ေသာရာသီက ၿပိဳင္ပြဲစုံ (၃၈) ပြဲကစားကာ (၂၄) ဂိုးသြင္းယူခဲ့ၿပီး မန္ယူအသင္းက စီေရာ္နယ္ဒိုသည္ အသင္းတြင္ ဆက္ရွိေနလိမ့္မည္ျဖစ္ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းအတြင္းတြင္ အခိုင္အမာေျပာဆိုခဲ့သည္၊၊

စီေရာ္နယ္ဒို၏ ဆႏၵမ်ားကို မန္ယူအသင္းအေနျဖင့္ လ်စ္လ်ဴရႈၿပီး အသင္းတြင္ ဆက္ေခၚထားရန္ မျဖစ္ႏိုင္ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။

မန္ယူအသင္းသည္ ၿပီးခဲ့သည့္ရာသီတြင္ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးႏွစ္ျဖစ္ခဲ့ၿပီး လက္ရွိ အခ်ိန္တြင္ ျပန္လည္ျပင္ဆင္ရန္ အေကာင္းဆုံးႀကိဳးစားေနေၾကာင္း သိရသည္၊၊

စီေရာ္နယ္ဒိုသည္ ဇူလိုင္(၂)ရက္ေန႔တြင္ မန္ယူအသင္းမွထြက္ခြာရန္ ဆႏၵရွိေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ ဇူလိုင္လ(၄) ရက္ႏွင့္ (၅)ရက္ေန႔တို႔တြင္ အသင္း၏ေလ့က်င့္ေရးကြင္းသို႔လာေရာက္ရန္ ပ်က္ကြက္ခဲ့ၿပီး ဇူလိုင္လ (၆)ရက္ေန႔တြင္လည္း ေလ့က်င့္ေရးကြင္းသို႔လာေရာက္ရန္ ထပ္မံပ်က္ကြက္ခဲ့သည္။

မန္ယူအသင္းနည္းျပတန္ဟက္သည္ ဇူလိုင္(၈)ရက္ေန႔တြင္သြားေရာက္မည့္ ၎တို႔၏ရာသီႀကိဳ ေျခစမ္းပြဲအတြက္ ျပင္ဆင္ေနၿပီး ဇူလိုင္လ(၁၂)ရက္ေန႔တြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ လီဗာပူးလ္အသင္းႏွင့္ ပထမဆုံးေျခစြမ္း ပြဲကစားရန္ စီစဥ္ထားေၾကာင္း သိရသည္၊၊

စီေရာ္နယ္ဒိုသည္ အဆိုပါေျခစမ္းပြဲတြင္ ပါဝင္ရန္အတြက္ လိုက္ပါျခင္း ရွိ၊ မရွိကို လက္ရွိအခ်ိန္အထိ မသိရွိရေသးေၾကာင္း အသင္း၏တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္၊၊

ခ်ဲလ္ဆီးအသင္း၊ ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္ နာပိုလီအသင္းတို႔သည္ စီေရာ္နယ္ဒိုကိုေခၚယူရန္ မ်က္စိက်ေနၿပီး ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ ေတာ့ဘိုေလးသည္ စီေရာ္နယ္ဒိုအေျပာင္းအေ႐ႊ႕အတြက္ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္ မန္ဒက္စ္ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္၊၊

စီေရာ္နယ္ဒို၏ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္သည္ စီေရာ္နယ္ဒိုအေျပာင္းအေ႐ႊ႕အတြက္ ၿပီးခဲ့ေသာသီတင္း ပတ္က ဘိုင္ယန္ျမဴးနစ္အသင္း၊ နာပိုလီအသင္းတို႔ႏွင့္ ေဆြးေႏြးခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ သေဘာတူညီ မႈ တစ္ခုမွမရွိေသးေၾကာင္း သိရသည္။

https://www.dailymail.co.uk/sport/football/article-10989439/Manchester-United-ready-SELL-Cristiano-Ronaldo-caving-transfer-demands.html

Related news

© 2021. All rights reserved.