စားအုန်းဆီကို ဆီပီပါများဖြင့် ဖြန့်ဖြူးနေခြင်းအစား Consumer Pack ဖြင့် ထုတ်ပိုးဖြန့်ဖြူးရောင်းချသွားနိုင်ရေးဆောင်ရွက်နေ

 1156

ရဲပြည့် (NP News) - ဇူလိုင် ၁ဝ
ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများအား စနစ်တကျတင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စျေးကွက်တွင် စားအုန်းဆီကို ဆီပီပါများဖြင့် ဖြန့်ဖြူးနေခြင်းအစား အသင့်ထုပ်ပိုးထားသည့်ဆီ (Consumer Pack) ဖြင့် ထုတ်ပိုးဖြန့်ဖြူးရောင်းချသွား နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းကပြော သည်။

ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လ ၈ ရက်က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Six Winners Brothers ကုမ္ပဏီလီမိတက်၏ ဆီသိုလှောင်ကန်များသို့သွားရောက်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"Consumer Pack နဲ့ထုပ်ပိုးရောင်းချတဲ့နေရာမှ သက်ဆိုင်ရာဌာနတွေက ညွှန်ကြားထားတဲ့ ကုန်အညွှန်း ကိန်းအမှတ်အသားတွေကို ပြည့်စုံအောင်ဖော်ပြမယ်ဆိုရင် သက်ဆိုင်ရာကုမ္ပဏီတွေက တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ရှိလာမှာဖြစ်ပြီး စားသုံးသူပြည်သူတွေရဲ့ အခွင့်အရေးနဲ့အကျိုးစီးပွားကို ကြိုတင်ကာကွယ်ရာ ရောက်မှာဖြစ်တယ် " လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

ထို့ပြင် စားအုန်းဆီကြမ်းများ ထုတ်လုပ်လျက်ရှိရာမှ အဆင့်မြင့်စားအုန်းဆီထုတ်လုပ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ပြည်ပမှ စားအုန်းဆီ တင်သွင်းသူများအနေဖြင့် ဝန်ကြီးဌာနမှ သတ်မှတ်ထား သည့် စည်းမျည်းစည်းကမ်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးရောင်းချ စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

တစ်နိုင်ငံလုံးအတွက် ဆီလိုအပ်ချက်ကို တွက်ချက်ရာတွင် နိုင်ငံအတွင်း ဆီထွက်ရှိမှုများသည် စားသုံးမှုအတွက် လုံလောက်မှုမရှိသည့်အပြင် နေ့စဉ်ဆီစားသုံးမှုများသည်လည်း မြင့်မားနေခြင်းကြောင့် ဆီစာသုံးမှုကိုလျှော့ချ ရန်နှင့် စားသုံးဆီထုတ်လုပ်မှုများတိုးတက်လာစေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း နစက၏ (၁၇) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။

ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ် သကဲ့သို့ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးပြည့်မီသော စားအုန်းဆီများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အတွက်လည်း ပြည်ထောင်စုဝန်ကြီးမှ ထည့်သွင်းပြောကြားခဲ့သည်။

၂ဝ၂၁ ခုနှစ်ကထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းဆီစားသုံးမှုနှုန်း သုတေသနစာတမ်းတွင် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၅ ခုရှိ နမူနာအိမ်ထောင်စု ၃၉၄၅ စုမှ နမူနာ လူဦးရေ ၁၅၉၃၅ ကို အခြေခံပြီး လူတစ်ဦးချင်း ဆီစားသုံးမှုပမာဏများ၊ ကြိုက်နှစ်သက်မှုများနှင့် ဆီစားသုံးမှုအပေါ်တွင် စားသုံးသူများ၏ အမြင်များကို လေ့လာတွက်ချက်ခဲ့ရာ ပျမ်းမျှတစ်ဦးချင်းတစ်နှစ် ဆီစားသုံးမှုမှာ ၉ ဒသမ ၃၉ ပိဿ ဖြစ်ကြောင်း သိရသည်။

https://npnewsmm.com/news/62ca7633b5396266f069c8c5

zawgyi version
စားအုန္းဆီကို ဆီပီပါမ်ားျဖင့္ ျဖန္႔ျဖဴးေနျခင္းအစား Consumer Pack ျဖင့္ ထုတ္ပိုးျဖန္႔ျဖဴးေရာင္းခ်သြားႏိုင္ေရးေဆာင္႐ြက္ေန
ရဲျပည့္ (NP News) - ဇူလိုင္ ၁ဝ

ျပည္ပမွတင္သြင္းသည့္ စားအုန္းဆီမ်ားအား စနစ္တက်တင္သြင္းျဖန္႔ျဖဴးေရာင္းခ်ႏိုင္ေရးအတြက္ ထိန္းေက်ာင္း ေဆာင္႐ြက္လ်က္ရွိၿပီး ေစ်းကြက္တြင္ စားအုန္းဆီကို ဆီပီပါမ်ားျဖင့္ ျဖန္႔ျဖဴးေနျခင္းအစား အသင့္ထုပ္ပိုးထားသည့္ဆီ (Consumer Pack) ျဖင့္ ထုတ္ပိုးျဖန္႔ျဖဴးေရာင္းခ်သြား ႏိုင္ေရးေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာပြင့္ဆန္းကေျပာ သည္။

ျပည္ေထာင္စုဝန္ႀကီးက ဇူလိုင္လ ၈ ရက္က ရန္ကုန္ၿမိဳ႕ ကမ္းနားလမ္းရွိ Six Winners Brothers ကုမၸဏီလီမိတက္၏ ဆီသိုေလွာင္ကန္မ်ားသို႔သြားေရာက္စဥ္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

"Consumer Pack နဲ႔ထုပ္ပိုးေရာင္းခ်တဲ့ေနရာမွ သက္ဆိုင္ရာဌာနေတြက ၫႊန္ၾကားထားတဲ့ ကုန္အၫႊန္း ကိန္းအမွတ္အသားေတြကို ျပည့္စုံေအာင္ေဖာ္ျပမယ္ဆိုရင္ သက္ဆိုင္ရာကုမၸဏီေတြက တာဝန္ခံမႈ၊ တာဝန္ယူမႈေတြ ရွိလာမွာျဖစ္ၿပီး စားသုံးသူျပည္သူေတြရဲ႕ အခြင့္အေရးနဲ႔အက်ိဳးစီးပြားကို ႀကိဳတင္ကာကြယ္ရာ ေရာက္မွာျဖစ္တယ္ " လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာပြင့္ဆန္းက ေျပာသည္။

ထို႔ျပင္ စားအုန္းဆီၾကမ္းမ်ား ထုတ္လုပ္လ်က္ရွိရာမွ အဆင့္ျမင့္စားအုန္းဆီထုတ္လုပ္ႏိုင္ေရးအတြက္ကိုလည္း ေဆာင္႐ြက္သြားၾကရမည္ျဖစ္ၿပီး ျပည္ပမွ စားအုန္းဆီ တင္သြင္းသူမ်ားအေနျဖင့္ ဝန္ႀကီးဌာနမွ သတ္မွတ္ထား သည့္ စည္းမ်ည္းစည္းကမ္းမ်ားႏွင့္အညီ တင္သြင္းျဖန္႔ျဖဴးေရာင္းခ် ေစလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

တစ္ႏိုင္ငံလုံးအတြက္ ဆီလိုအပ္ခ်က္ကို တြက္ခ်က္ရာတြင္ ႏိုင္ငံအတြင္း ဆီထြက္ရွိမႈမ်ားသည္ စားသုံးမႈအတြက္ လုံေလာက္မႈမရွိသည့္အျပင္ ေန႔စဥ္ဆီစားသုံးမႈမ်ားသည္လည္း ျမင့္မားေနျခင္းေၾကာင့္ ဆီစာသုံးမႈကိုေလွ်ာ့ခ် ရန္ႏွင့္ စားသုံးဆီထုတ္လုပ္မႈမ်ားတိုးတက္လာေစရန္အတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက၏ (၁၇) ႀကိမ္ ေျမာက္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့သည္။

ျပည္ပမွ စားအုန္းဆီတင္သြင္းမႈ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ျပည္တြင္းထုတ္လုပ္မႈကို တိုးျမႇင့္ေဆာင္႐ြက္ရမည္ျဖစ္ သကဲ့သို႔ စားသုံးသူလက္ခံႏိုင္သည့္ အရည္အေသြးျပည့္မီေသာ စားအုန္းဆီမ်ား ထုတ္လုပ္ျဖန္႔ျဖဴးႏိုင္ေရး အတြက္လည္း ျပည္ေထာင္စုဝန္ႀကီးမွ ထည့္သြင္းေျပာၾကားခဲ့သည္။

၂ဝ၂၁ ခုႏွစ္ကထုတ္ျပန္သည့္ ျမန္မာႏိုင္ငံ၏ လူတစ္ဦးခ်င္းဆီစားသုံးမႈႏႈန္း သုေတသနစာတမ္းတြင္ ျမန္မာႏိုင္ငံရွိ တိုင္းႏွင့္ျပည္နယ္ ၁၅ ခုရွိ နမူနာအိမ္ေထာင္စု ၃၉၄၅ စုမွ နမူနာ လူဦးေရ ၁၅၉၃၅ ကို အေျခခံၿပီး လူတစ္ဦးခ်င္း ဆီစားသုံးမႈပမာဏမ်ား၊ ႀကိဳက္ႏွစ္သက္မႈမ်ားႏွင့္ ဆီစားသုံးမႈအေပၚတြင္ စားသုံးသူမ်ား၏ အျမင္မ်ားကို ေလ့လာတြက္ခ်က္ခဲ့ရာ ပ်မ္းမွ်တစ္ဦးခ်င္းတစ္ႏွစ္ ဆီစားသုံးမႈမွာ ၉ ဒသမ ၃၉ ပိႆ ျဖစ္ေၾကာင္း သိရသည္။

https://npnewsmm.com/news/62ca7633b5396266f069c8c5

Related news

© 2021. All rights reserved.