Ai Esports ရဲ့ အဓိကကစားသမား Rubby DD က အဓိကပြိုင်ဘက်အသင်းသို့ ပြောင်းရွှေ့ကစားမယ်လို့ သတင်းများထွက်ပေါ်

2238

ရဲပြည့် (NP News) - ဇူလိုင် ၁ဝ
မြန်မာနိုင်ငံရဲ့ နာမည်ကြီး Mobile Legend (MLBB) အသင်းဖြစ်တဲ့ AI Esports ရဲ့ အဓိ က ကစားသမားဖြစ်တဲ့ Ruby DD က AI Esports ရဲ့ အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ Falcon Esports ထံပြောင်းရွှေ့ကစားဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။
Ai Esports ကစားသမား Ruby DD ဟာ အစောပိုင်းကာလများမှာ MPL Cambodia မှ Impunity KH ထံ ပြောင်းရွှေ့ကစားတော့မှာဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့ဖူးပြီးနောက်မှာတော့ သူဟာ Falcon Esports ထံပြောင်းရွှေ့ကစားဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
M2 World Championship 1st Runner Up ရရှိခဲ့တဲ့ ယခင်က Burmese Ghouls အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ACE , Kid , Ruby DD, May be နဲ့ Dee တို့ဟာ နောက်ပိုင်းပြိုင်ပွဲတွေမှာ Ai Esports ကို နာမည်ပြောင်းလဲခဲ့ပြီး အသင်းမှာ (၂) နှစ်နီးပါး တစ်စုတစ်စည်းတည်း အတူရှိခဲ့ပေမယ့် လက်ရှိမှာတော့ Ruby DD ရဲ့ ထွက်ခွာမယ့်သတင်းနဲ့အတူ ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
Falcon Esports ရဲ့လက်ရှိကစားသမားတွေဖြစ်တဲ့ Kenn , Silent , Naomi , Justin , Yellow Flash lineup ကို Ruby DD ပါ ထပ်မံပေါင်းစပ်လိုက်မယ်ဆိုရင် ပြည်တွင်းအသင်းများသာမက ပြည်ပနိုင်ငံအသင်းများကိုပါ ဘယ်အတိုင်း အတာအထိ ခြိမ်းခြောက်သွားနိုင်မလဲဆိုတာ ပိုရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်လာမှာပါ။
ဒါပေမယ့် တစ်ဖက်မှာလည်း Ruby DD ဟာ မဟာပြိုင်ဘက်ဖြစ်တဲ့ Falcon Esports ကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် AI Esports ဖန်တွေရဲ့ ဝေဖန်ထိုးနှက်မှုတွေကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။
နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ Ai Esports အသင်းက နောက်ထပ်ကစားသမာတွေဖြစ်တဲ့ ACE နဲ့ Kid တို့ (၂) ဦးဟာလည်း လက်ရှိကစားသမားတွေနဲ့အသင်းကွဲပြားသွားမယ်ဆိုရင်တော့ Pro Player Life ကနေ အပြီးတိုင်အနားယူသွားတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
https://npnewsmm.com/news/62caa3f47ea7d102ea6bb7d4

zawgyi version
Ai Esports ရဲ႕ အဓိကကစားသမား Rubby DD က အဓိကၿပိဳင္ဘက္အသင္းသို႔ ေျပာင္းေ႐ႊ႕ကစားမယ္လို႔ သတင္းမ်ားထြက္ေပၚ
ရဲျပည့္ (NP News) - ဇူလိုင္ ၁ဝ
ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး Mobile Legend (MLBB) အသင္းျဖစ္တဲ့ AI Esports ရဲ႕ အဓိ က ကစားသမားျဖစ္တဲ့ Ruby DD က AI Esports ရဲ႕ အစဥ္အလာၿပိဳင္ဘက္ျဖစ္တဲ့ Falcon Esports ထံေျပာင္းေ႐ႊ႕ကစားဖို႔ သေဘာတူညီမႈရရွိခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလ်က္ရွိပါတယ္။
Ai Esports ကစားသမား Ruby DD ဟာ အေစာပိုင္းကာလမ်ားမွာ MPL Cambodia မွ Impunity KH ထံ ေျပာင္းေ႐ႊ႕ကစားေတာ့မွာျဖစ္ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚခဲ့ဖူးၿပီးေနာက္မွာေတာ့ သူဟာ Falcon Esports ထံေျပာင္းေ႐ႊ႕ကစားဖို႔ သေဘာတူညီခဲ့တာျဖစ္တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။
M2 World Championship 1st Runner Up ရရွိခဲ့တဲ့ ယခင္က Burmese Ghouls အသင္းရဲ႕ ကစားသမားေတြ ျဖစ္ၾကတဲ့ ACE , Kid , Ruby DD, May be နဲ႔ Dee တို႔ဟာ ေနာက္ပိုင္းၿပိဳင္ပြဲေတြမွာ Ai Esports ကို နာမည္ေျပာင္းလဲခဲ့ၿပီး အသင္းမွာ (၂) ႏွစ္နီးပါး တစ္စုတစ္စည္းတည္း အတူရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ Ruby DD ရဲ႕ ထြက္ခြာမယ့္သတင္းနဲ႔အတူ ပရိသတ္ေတြအတြက္ စိုးရိမ္စရာျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။
Falcon Esports ရဲ႕လက္ရွိကစားသမားေတြျဖစ္တဲ့ Kenn , Silent , Naomi , Justin , Yellow Flash lineup ကို Ruby DD ပါ ထပ္မံေပါင္းစပ္လိုက္မယ္ဆိုရင္ ျပည္တြင္းအသင္းမ်ားသာမက ျပည္ပႏိုင္ငံအသင္းမ်ားကိုပါ ဘယ္အတိုင္း အတာအထိ ၿခိမ္းေျခာက္သြားႏိုင္မလဲဆိုတာ ပိုရင္ခုန္စိတ္လႈပ္ရွားစရာျဖစ္လာမွာပါ။
ဒါေပမယ့္ တစ္ဖက္မွာလည္း Ruby DD ဟာ မဟာၿပိဳင္ဘက္ျဖစ္တဲ့ Falcon Esports ကို ေျပာင္းေ႐ႊ႕သြားခဲ့မယ္ဆိုရင္ AI Esports ဖန္ေတြရဲ႕ ေဝဖန္ထိုးႏွက္မႈေတြကို ရင္ဆိုင္ရဖို႔ရွိေနပါတယ္။
ေနာက္ဆုံးထြက္ေပၚထားတဲ့ သတင္းေတြအရ Ai Esports အသင္းက ေနာက္ထပ္ကစားသမာေတြျဖစ္တဲ့ ACE နဲ႔ Kid တို႔ (၂) ဦးဟာလည္း လက္ရွိကစားသမားေတြနဲ႔အသင္းကြဲျပားသြားမယ္ဆိုရင္ေတာ့ Pro Player Life ကေန အၿပီးတိုင္အနားယူသြားေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။
https://npnewsmm.com/news/62caa3f47ea7d102ea6bb7d4