ပဲခူး၌ ကိုရီးယားနိုင်ငံမှဆောင်ရွက်နေသည့် အထည်ချုပ်လုပ်ငန်း၏ အပိုင်း (၂) ဒီဇင်ဘာလတွင် ပြီးစီးပါက လုပ်သား (၂၅ဝဝ)နီးပါး အလုပ်အကိုင်ထပ်မံရရှိမည်

2766

ဖူးပြည့် (NP News) - ဇူလိုင် ၁၁
ပဲခူးမြို့နယ်အတွင်း၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Panko Bago Co.,Ltd ၏ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၏ အပိုင်း (၂)သည် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှသိရသည်။
လက်ရှိအချိန်တွင် အဆိုပါလုပ်ငန်း၏ အပိုင်း (၁) လုပ်ငန်းပြီးစီး၍ လုပ်သားအင်အား ၂၅ဝဝ ခန့်ဖြင့် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပြီး အပိုင်း (၂)တည် ဆောက်မှုလုပ်ငန်းများပြီးစီးပါက လုပ်သားအင်အား ၅ဝဝဝ ဖြင့် လုပ်ငန်းများ ဆက် လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဇူလိုင်လ ၈ ရက်က သွားရောက်ခဲ့ပြီး ကုမ္ပဏီ၏ General Director ဖြစ်သူ Mr. Chae Sung Jong က “လုပ်ငန်းရဲ့ကျန်ရှိတဲ့အပိုင်းတွေကို ၂ဝ၂၄ ခုနှစ်အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအပိုင်းတွေပြီးသွားရင်တော့ စုစုပေါင်း လုပ်သား ၁၂ဝဝဝ အထိခန့်ထားပြီး လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
Panko Bago Co., Ltd. ကို CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် ၂ဝ၂ဝ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂ဝ၂ဝ) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ လုပ်ငန်းသည် တောင်ကိုရီးယားနိုင်ငံမှ လာရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သန်းရှိကြောင်း သိရသည်။ စက်ရုံသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်၊ ညောင်အင်းကျေးရွာအုပ်စုတွင် တည်ရှိကြောင်း သိရသည်။
ထို့ပြင် အဆိုပါ စက်ရုံအနေဖြင့် အထည်ချုပ်လုပ်ငန်းများအတွက် ပြည်ပမှ ကုန်ကြမ်းများ ရာနှုန်းပြည့်တင်သွင်း ဆောင်ရွက်နေရာမှ ၂ဝ၂၄ ခုနှစ်မှ စတင်၍ စက်ရုံ၏ ကိုယ် ပိုင်ထုတ်လုပ်မှုဖြင့် လိုအပ်သည့် ပိတ်စများကို ပြည်ပမှ တင်သွင်းခြင်းမပြုတော့ဘဲ ပြည်တွင်း၌ပင် ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ လက်ရှိအချိန်ထိ နိုင်ငံ ခြား နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၇၁၂ သန်းနှင့် မြန် မာကျပ်ငွေ ၉၅၂၉ ဒသမ ၁၅ သန်း ဝင်ရောက်ခဲ့ပြီး လုပ်သား ၇၄၅၈ ဦးကိုအလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
https://npnewsmm.com/news/62cbeae5c4edba7984147183

zawgyi version
ပဲခူး၌ ကိုရီးယားႏိုင္ငံမွေဆာင္႐ြက္ေနသည့္ အထည္ခ်ဳပ္လုပ္ငန္း၏ အပိုင္း (၂) ဒီဇင္ဘာလတြင္ ၿပီးစီးပါက လုပ္သား (၂၅ဝဝ) နီးပါး အလုပ္အကိုင္ထပ္မံရရွိမည္
ဖူးျပည့္ (NP News) - ဇူလိုင္ ၁၁
ပဲခူးၿမိဳ႕နယ္အတြင္း၌ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳမိန႔္ျဖင့္ ေဆာင္႐ြက္လ်က္ရွိသည့္ ႏိုင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းျဖစ္ေသာ Panko Bago Co.,Ltd ၏ CMP စနစ္ျဖင့္ အဝတ္အထည္အမ်ိဳးမ်ိဳးထုတ္လုပ္ျခင္းလုပ္ငန္း၏ အပိုင္း (၂)သည္ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလတြင္ ၿပီးစီးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံမွသိရသည္။
လက္ရွိအခ်ိန္တြင္ အဆိုပါလုပ္ငန္း၏ အပိုင္း (၁) လုပ္ငန္းၿပီးစီး၍ လုပ္သားအင္အား ၂၅ဝဝ ခန႔္ျဖင့္ အထည္ခ်ဳပ္လုပ္ငန္းမ်ား ေဆာင္႐ြက္ေနၿပီျဖစ္ၿပီး အပိုင္း (၂)တည္ ေဆာက္မႈလုပ္ငန္းမ်ားၿပီးစီးပါက လုပ္သားအင္အား ၅ဝဝဝ ျဖင့္ လုပ္ငန္းမ်ား ဆက္ လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ကုမၸဏီသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ဇူလိုင္လ ၈ ရက္က သြားေရာက္ခဲ့ၿပီး ကုမၸဏီ၏ General Director ျဖစ္သူ Mr. Chae Sung Jong က “လုပ္ငန္းရဲ႕က်န္ရွိတဲ့အပိုင္းေတြကို ၂ဝ၂၄ ခုႏွစ္အၿပီးေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ အဲဒီအပိုင္းေတြၿပီးသြားရင္ေတာ့ စုစုေပါင္း လုပ္သား ၁၂ဝဝဝ အထိခန႔္ထားၿပီး လုပ္ငန္းေတြ တိုးခ်ဲ႕ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္”ဟု ေျပာသည္။
Panko Bago Co., Ltd. ကို CMP စနစ္ျဖင့္ အဝတ္အထည္အမ်ိဳးမ်ိဳးခ်ဳပ္လုပ္သည့္ လုပ္ငန္းလုပ္ကိုင္ရန္အတြက္ ၂ဝ၂ဝ ခုႏွစ္ စက္တင္ဘာလက က်င္းပခဲ့သည့္ ပဲခူးတိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ (၅/၂ဝ၂ဝ) ႀကိမ္ေျမာက္အစည္းအေဝးတြင္ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။ အဆိုပါ လုပ္ငန္းသည္ ေတာင္ကိုရီးယားႏိုင္ငံမွ လာေရာက္လုပ္ကိုင္ျခင္းျဖစ္ၿပီး ရာခိုင္ႏႈန္းျပည့္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ကာ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၅ သန္းရွိေၾကာင္း သိရသည္။ စက္႐ုံသည္ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕ နယ္၊ ေညာင္အင္းေက်း႐ြာအုပ္စုတြင္ တည္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါ စက္႐ုံအေနျဖင့္ အထည္ခ်ဳပ္လုပ္ငန္းမ်ားအတြက္ ျပည္ပမွ ကုန္ၾကမ္းမ်ား ရာႏႈန္းျပည့္တင္သြင္း ေဆာင္႐ြက္ေနရာမွ ၂ဝ၂၄ ခုႏွစ္မွ စတင္၍ စက္႐ုံ၏ ကိုယ္ ပိုင္ထုတ္လုပ္မႈျဖင့္ လိုအပ္သည့္ ပိတ္စမ်ားကို ျပည္ပမွ တင္သြင္းျခင္းမျပဳေတာ့ဘဲ ျပည္တြင္း၌ပင္ ဆက္လက္ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ပဲခူးတိုင္းေဒသႀကီးအတြင္း ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ လက္ရွိအခ်ိန္ထိ ႏိုင္ငံ ျခား ႏွင့္ ႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၁၂၃ ဒသမ ၇၁၂ သန္းႏွင့္ ျမန္ မာက်ပ္ေငြ ၉၅၂၉ ဒသမ ၁၅ သန္း ဝင္ေရာက္ခဲ့ၿပီး လုပ္သား ၇၄၅၈ ဦးကိုအလုပ္အကိုင္အခြင့္အလမ္း ေဖာ္ေဆာင္ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။
https://npnewsmm.com/news/62cbeae5c4edba7984147183