စပိန်နိုင်ငံရဲ့ ရိုးရာနွားရိုင်းအပြေးပြိုင်ပွဲမှာ နွားတွေရဲ့ အကြိမ်ကြိမ် ခါချမှုကြောင့် နွားစီးသမား ၃ ဦးဒဏ်ရာရ

 1256

ရောင်နီ (NP News) - ဇူလိုင် ၁၂
ဇူလိုင် ၁၁ ရက်၊ တနင်္လာနေ့က စပိန်နိုင်ငံ၊ ပမ်ပလိုနာရှိ ရိုးရာနွားအပြေးပြိုင်ပွဲတစ်ခုရဲ့ ပဉ္စမကျော့ ယှဉ်ပြိုင်မှုမှာ နွားတွေရဲ့ အကြိမ်ကြိမ် ခါချမှုကြောင့် နွားရိုင်းစီးသမားတွေဖြစ်ကြတဲ့ အမေရိကန် ၁ ဦးနဲ့ စပိန်နိုင်ငံသား ၂ ဦးတို့ ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်နွားတွေဟာ သီးခြားအုပ်စုများမှ ကွဲသွားခဲ့ပြီး ၎င်းတို့ထဲမှ တစ်ကောင်က ကျန်နွားများနောက်သို့ လိုက်သွားရာမှ မှန်းဆမရတဲ့အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။

နွားတွေဟာ နွားပြေးလမ်းကြောင်းရှိ ကျဉ်းမြောင်းတဲ့လမ်းများပေါ် ချော်လဲခြင်း (သို့မဟုတ်) ခလုတ်တိုက်ခဲ့ကြပြီး ရုပ်မြင်သံကြားပုံရိပ်များအရ နွားတစ်ကောင်က အပြေးသမားတစ်ဦးကို လေထဲသို့ အကြိမ်ကြိမ်ခါချနတာကို မြင် တွေ့ရပါတယ်။

အသက် ၂၉ နှစ်အရွယ် စပိန်နိုင်ငံသားတစ်ဦးကတော့ အဆိုပါဒဏ်ကြောင့် ဒူးခေါင်းမှာ ဒဏ်ရာရခဲ့ကာ အခြား အမျိုးသားနှစ်ဦးကတော့ ပြိုင်ပွဲအပြီး ဆူပူအုံကြွမှုအတွင်း ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ ၃ ဦးလုံးကို ဆေးရုံပို့ဆောင်ခဲ့ရ တယ်လို့ သိရပါတယ်။

နောက်ဆုံးမှာတော့ ၈၅ဝ မီတာအရှည် အပြေးပြိုင်ပွဲမှာ ၃ မိနစ်နဲ့ ၁၂ စက္ကန့်အတွင်း နွား ၆ ကောင် ပန်းဝင်ခဲ့ပြီး ရှုံးနိမ့်တဲ့နွားတွေကိုတော့ နေ့လည်ခင်းမှာ သတ်ဖြတ်ခဲ့ပါတယ်။ အခုနှစ် နွားရိုင်းပြေးပွဲ ပွဲတော်ပထမဆုံးပွဲကို ဇူလိုင်လ ၉ ရက်၊ စနေနေ့က ကျင်းပခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်၊ တနင်္လာနေ့က ပွဲစဉ်ဟာ ပွဲတော်ရဲ့ပြိုင်ပွဲ ၈ ခု အနက် ငါးကြိမ်မြောက်ဖြစ်ပါတယ်။

https://www.facebook.com/129011692114/posts/10158612822377115/

Zawgyi Version;
စပိန္ႏိုင္ငံရဲ႕ ႐ိုးရာႏြား႐ိုင္းအေျပးၿပိဳင္ပြဲမွာ ႏြားေတြရဲ႕ အႀကိမ္ႀကိမ္ ခါခ်မႈေၾကာင့္ ႏြားစီးသမား ၃ ဦးဒဏ္ရာရ
ေရာင္နီ (NP News) - ဇူလိုင္ ၁၂
ဇူလိုင္ ၁၁ ရက္၊ တနလၤာေန႔က စပိန္ႏိုင္ငံ၊ ပမ္ပလိုနာရွိ ႐ိုးရာႏြားအေျပးၿပိဳင္ပြဲတစ္ခုရဲ႕ ပၪၥမေက်ာ့ ယွဥ္ၿပိဳင္မႈမွာ ႏြားေတြရဲ႕ အႀကိမ္ႀကိမ္ ခါခ်မႈေၾကာင့္ ႏြား႐ိုင္းစီးသမားေတြျဖစ္ၾကတဲ့ အေမရိကန္ ၁ ဦးနဲ႔ စပိန္ႏိုင္ငံသား ၂ ဦးတို႔ ဒဏ္ရာရခဲ့ၾကတယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္ႏြားေတြဟာ သီးျခားအုပ္စုမ်ားမွ ကြဲသြားခဲ့ၿပီး ၎တို႔ထဲမွ တစ္ေကာင္က က်န္ႏြားမ်ားေနာက္သို႔ လိုက္သြားရာမွ မွန္းဆမရတဲ့အေျခအေနတစ္ခု ျဖစ္ခဲ့ပါတယ္။

ႏြားေတြဟာ ႏြားေျပးလမ္းေၾကာင္းရွိ က်ဥ္းေျမာင္းတဲ့လမ္းမ်ားေပၚ ေခ်ာ္လဲျခင္း (သို႔မဟုတ္) ခလုတ္တိုက္ခဲ့ၾကၿပီး ႐ုပ္ျမင္သံၾကားပုံရိပ္မ်ားအရ ႏြားတစ္ေကာင္က အေျပးသမားတစ္ဦးကို ေလထဲသို႔ အႀကိမ္ႀကိမ္ခါခ်နတာကို ျမင္ ေတြ႕ရပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ စပိန္ႏိုင္ငံသားတစ္ဦးကေတာ့ အဆိုပါဒဏ္ေၾကာင့္ ဒူးေခါင္းမွာ ဒဏ္ရာရခဲ့ကာ အျခား အမ်ိဳးသားႏွစ္ဦးကေတာ့ ၿပိဳင္ပြဲအၿပီး ဆူပူအုံႂကြမႈအတြင္း ဒဏ္ရာရရွိခဲ့ကာ ၎တို႔ ၃ ဦးလုံးကို ေဆး႐ုံပို႔ေဆာင္ခဲ့ရ တယ္လို႔ သိရပါတယ္။

ေနာက္ဆုံးမွာေတာ့ ၈၅ဝ မီတာအရွည္ အေျပးၿပိဳင္ပြဲမွာ ၃ မိနစ္နဲ႔ ၁၂ စကၠန႔္အတြင္း ႏြား ၆ ေကာင္ ပန္းဝင္ခဲ့ၿပီး ရႈံးနိမ့္တဲ့ႏြားေတြကိုေတာ့ ေန႔လည္ခင္းမွာ သတ္ျဖတ္ခဲ့ပါတယ္။ အခုႏွစ္ ႏြား႐ိုင္းေျပးပြဲ ပြဲေတာ္ပထမဆုံးပြဲကို ဇူလိုင္လ ၉ ရက္၊ စေနေန႔က က်င္းပခဲ့တာျဖစ္ၿပီး ဇူလိုင္လ ၁၁ ရက္၊ တနလၤာေန႔က ပြဲစဥ္ဟာ ပြဲေတာ္ရဲ႕ၿပိဳင္ပြဲ ၈ ခု အနက္ ငါးႀကိမ္ေျမာက္ျဖစ္ပါတယ္။

https://www.facebook.com/129011692114/posts/10158612822377115/

Related news

© 2021. All rights reserved.