မြန်မာပရိသတ်တွေအပါအဝင် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားစူပါစတား လီမင်ဟိုအကြောင်းတစေ့တစောင်း

 865

ဝတီ (NP News) - ဇူလိုင် ၁၂
လီမင်ဟို (Lee Min Ho) ဟာ တောင်ကိုရီးယားနိုင်ငံက ရုပ်ရှင်မင်းသား၊ အဆိုတော်၊ မော်ဒယ်၊ ဒါရိုက်တာနဲ့ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အ တိုင်း သူဟာ ၂ဝဝ၉ ခုနှစ်မှာထွက်တဲ့ Boys Over Flowers ဆိုတဲ့ဇာတ်ကားနဲ့ အာရှတလွှား ထင်ရှားလာတာပါ။ သူဟာ အဲဒီဇာတ်ကားက ဇာတ်ရုပ်နဲ့အကောင်းဆုံး မျက်နှာ သစ်မင်းသားဆုဆွတ်ခူးခဲ့ပါတယ်။

Personal Taste ၊ City Hunter ဆိုတဲ့ ဇာတ်ကားတွေကတော့ သူ့ရဲ့နာမည်ကြီး ဇာတ် ကားတချို့ပေါ့။ သူဟာ ၂ဝ၂ဝ ခုနှစ်ထွက် The King: Eternal Monarch မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပြင် ၂ဝ၂၂ ခုနှစ်ထဲမှာလည်း အက်ပဲလ်တီဗီဇာတ်လမ်းတွဲ(Apple TV) ဖြစ်တဲ့ Pachinko မှာလည်း ပါဝင်ထားပါတယ်။ ရုပ်သံတွေဘက်မှာ အဲဒီဇာတ်ကားတွေရိုက်သလို Gangnam Blues ဆိုတဲ့ရုပ်ရှင်ကားမှာလည်း သူက ခေါင်း ဆောင်မင်းသားနေရာက ပါဝင်ပါသေးတယ်။ ပြီးတော့ Bounty Hunters ဆိုတဲ့ ရုပ်ရှင်ကားနဲ့တရုတ်ရုပ်ရှင်လောကထဲ ထိုးဖောက်ဝင်ရောက်ခဲ့ပါသေးတယ်။

သူဟာ ၁၉၈၇ ခုနှစ် ဇွန်လ ၂၂ ရက်မှာ မွေးတာပါ။ အရပ်အမောင်းက ၆ ပေလောက်ရှိပါတယ်။ သူဟာ ၂ဝဝ၃ ခုနှစ်မှာ အနုပညာလောကထဲစဝင်ခဲ့တာဖြစ်ပြီး သူ့သွေးအမျိုးအစားကတော့ အေ ဖြစ်ပါတယ်။ အခုအချိန်မှာသာ သူဟာ အအောင်မြင်ဆုံး ကိုရီးယားမင်းသားတွေထဲမှာပါနေပေမယ့် သူ့မူလ ရည်မှန်းချက်ကတော့ ကြေးစားအဆင့် ဘောလုံးသမား ဖြစ်ဖို့ပါတဲ့။ ဒါပေမဲ့ ကျောင်းသားဘဝမှာ ဒဏ်ရာအကြီးအကျယ်ရသွားလို့ သူဟာ ဘောလုံးသမား အိပ်မက်ကို စွန့်လွှတ်လိုက်ရပါတော့တယ်။

သူဟာအထက်တန်း ကျောင်းသားဘဝမှာကတည်းက သရုပ်ဆောင်စလုပ်ပါတယ်။ သူ ဟာ ရုပ်ရှင်အနုပညာဘွဲ့နဲ့ကျောင်းပြီးထားတာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီဘာသာရပ်နဲ့ မဟာဘွဲ့ရအောင် ဆက်လက်သင်ယူနေပါတယ်။

zawgyi version
ျမန္မာပရိသတ္ေတြအပါအဝင္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ကိုရီးယား စူပါစတား လီမင္ဟိုအေၾကာင္းတေစ့တေစာင္း
ဝတီ (NP News) - ဇူလိုင္ ၁၂

လီမင္ဟို (Lee Min Ho) ဟာ ေတာင္ကိုရီးယားႏိုင္ငံက ႐ုပ္ရွင္မင္းသား၊ အဆိုေတာ္၊ ေမာ္ဒယ္၊ ဒါ႐ိုက္တာနဲ႔ စီးပြားေရးလုပ္ငန္းရွင္လည္း ျဖစ္ပါတယ္။ အားလုံးသိၾကတဲ့အ တိုင္း သူဟာ ၂ဝဝ၉ ခုႏွစ္မွာထြက္တဲ့ Boys Over Flowers ဆိုတဲ့ဇာတ္ကားနဲ႔ အာရွတလႊား ထင္ရွားလာတာပါ။ သူဟာ အဲဒီဇာတ္ကားက ဇာတ္႐ုပ္နဲ႔အေကာင္းဆုံး မ်က္ႏွာ သစ္မင္းသားဆုဆြတ္ခူးခဲ့ပါတယ္။

Personal Taste ၊ City Hunter ဆိုတဲ့ ဇာတ္ကားေတြကေတာ့ သူ႔ရဲ႕နာမည္ႀကီး ဇာတ္ ကားတခ်ိဳ႕ေပါ့။ သူဟာ ၂ဝ၂ဝ ခုႏွစ္ထြက္ The King: Eternal Monarch မွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့ျပင္ ၂ဝ၂၂ ခုႏွစ္ထဲမွာလည္း အက္ပဲလ္တီဗီဇာတ္လမ္းတြဲ(Apple TV) ျဖစ္တဲ့ Pachinko မွာလည္း ပါဝင္ထားပါတယ္။ ႐ုပ္သံေတြဘက္မွာ အဲဒီဇာတ္ကားေတြ႐ိုက္သလို Gangnam Blues ဆိုတဲ့႐ုပ္ရွင္ကားမွာလည္း သူက ေခါင္း ေဆာင္မင္းသားေနရာက ပါဝင္ပါေသးတယ္။ ၿပီးေတာ့ Bounty Hunters ဆိုတဲ့ ႐ုပ္ရွင္ကားနဲ႔တ႐ုတ္႐ုပ္ရွင္ေလာကထဲ ထိုးေဖာက္ဝင္ေရာက္ခဲ့ပါေသးတယ္။

သူဟာ ၁၉၈၇ ခုႏွစ္ ဇြန္လ ၂၂ ရက္မွာ ေမြးတာပါ။ အရပ္အေမာင္းက ၆ ေပေလာက္ရွိပါတယ္။ သူဟာ ၂ဝဝ၃ ခုႏွစ္မွာ အႏုပညာေလာကထဲစဝင္ခဲ့တာျဖစ္ၿပီး သူ႔ေသြးအမ်ိဳးအစားကေတာ့ ေအ ျဖစ္ပါတယ္။ အခုအခ်ိန္မွာသာ သူဟာ အေအာင္ျမင္ဆုံး ကိုရီးယားမင္းသားေတြထဲမွာပါေနေပမယ့္ သူ႔မူလ ရည္မွန္းခ်က္ကေတာ့ ေၾကးစားအဆင့္ ေဘာလုံးသမား ျဖစ္ဖို႔ပါတဲ့။ ဒါေပမဲ့ ေက်ာင္းသားဘဝမွာ ဒဏ္ရာအႀကီးအက်ယ္ရသြားလို႔ သူဟာ ေဘာလုံးသမား အိပ္မက္ကို စြန႔္လႊတ္လိုက္ရပါေတာ့တယ္။

သူဟာအထက္တန္း ေက်ာင္းသားဘဝမွာကတည္းက သ႐ုပ္ေဆာင္စလုပ္ပါတယ္။ သူ ဟာ ႐ုပ္ရွင္အႏုပညာဘြဲ႕နဲ႔ေက်ာင္းၿပီးထားတာျဖစ္ၿပီး လက္ရွိမွာေတာ့ အဲဒီဘာသာရပ္နဲ႔ မဟာဘြဲ႕ရေအာင္ ဆက္လက္သင္ယူေနပါတယ္။

အနုပညာအလုပ်တွေ စလုပ်စမှာတော့ သူဟာ တီဗီရုပ်သံဇာတ်လမ်းတွေမှာ မထင်မရှား အခန်းလေးတွေက စပြီးပါခဲ့ရပါတယ်။ ၂ဝဝ၃ ခုနှစ်မှာမှ Secret Campus ဆိုတဲ့ဇာတ် လမ်းတွဲမှာ ပါဝင်ခွင့်ရခဲ့ပြီး အဲဒီဇာတ်ကားနဲ့ ပွဲဦးထွက်လာတာပါ။ ၂ဝဝ၉ ခုနှစ်မှာ Boys Over Flowers ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားနေရာက ပါလိုက်ရတော့ သူဟာ တဟုန်ထိုး နာမည်ကြီးသွားပါတော့တယ်။ အဲဒီဇာတ်လမ်းတွဲနဲ့ အာရှမှာပါ နာမည်ကြီးသွားတာဆိုတော့ သူဟာကြော်ငြာတွေ အများကြီး ရိုက်လာရပါတယ်။ အဲဒီကားနဲ့ပဲ သူဟာ
စူပါစတားဖြစ်သွားတော့တာပါပဲ။ ဒါပေမဲ့ အဲဒီအောင်မြင်မှုဟာ သူ့အတွက် အစပဲရှိပါသေးတယ်။ သူဟာ City Hunter ဇာတ်ကားနဲ့ ဂျပန်၊ ဖိလစ်ပိုင်၊ တရုတ်နဲ့ ပြင်သစ်မှာ ပိုလို့နာမည်ကြီးသွားပါတယ်။

ရှန်ဟိုင်းနဲ့ ဟောင်ကောင်မှာရှိတဲ့ မဒမ်တူးဆော့ ဖယောင်းရုပ်တုပြတိုက်တွေမှာဆိုရင် သူ့ပုံတူ ဖယောင်းရုပ်တုတွေ ရှိပါတယ်။ လီမင်ဟိုဟာ Bounty Hunters ဆိုတဲ့ အက်ရှင်ဟာ သကားနဲ့ တရုတ်မှာ အောင်မြင်သထက် ပိုအောင်မြင်သွားခဲ့ပါသေးတယ်။ အဲဒီနောက် ပိုင်းမှာရိုက်တဲ့ The Legend of the Blue Sea အချစ်ကားကလည်း အင်မတန်အောင် မြင်ခဲ့ပြန်တာပေါ့။ ဒီလိုနဲ့ မင်းသားချောဟာ အောင်မြင်မှုပေါ် အောင်မြင်မှုတွေ အထပ် ထပ် ဆင့်လာလိုက်တာ ထိပ်သီးကိုရီးယားမင်းသားတစ်လက် ဖြစ်လာပါတော့တယ်။ အအောင်မြင်ဆုံးကိုရီးယားမင်းသားစာရင်းထဲ ဝင်နေတဲ့အတွက် သူ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ (၂၆) သန်းဝန်းကျင် ရှိနေပါပြီ။ သရုပ်ဆောင်အလုပ်ကြောင့်သာမက
စီးပွားရေးလုပ်ငန်းကြောင့်ပါ သူ အဲဒီလောက်အထိ ကြွယ်ဝချမ်းသာလာတာပါ။ ဒါကြောင့် သူဟာ အချမ်းသာဆုံး ကိုရီးယားမင်းသားတွေထဲမှာပါတာပေါ့။ ဒီလောက်အထိ ချမ်းသာနေပေမယ့် သူဟာဒီကြွယ်ဝမှုတွေကို တစ်ယောက်ထဲ မောင်ပိုင်စီးမထားဘဲအလှူအတန်းအပေးအကမ်း ရက်ရောပါတယ်။ နီပေါငလျင်ဒုက္ခသည်တွေအတွက်ဆိုပြီး သူက ၂ဝ၁၅ ခုနှစ်မှာ ဝမ်သန်း (၁ဝဝ)ရက်ရက်ရောရော လှူဒါန်းခဲ့တယ်လေ။

ဒီမင်းသားချောနဲ့ပတ်သက်လို့ ထူးခြားချက်ကတော့ သူဟာ ကားအက်ဆီးဒင့် နှစ်ခါတိုင်တိုင် ကြုံခဲ့ရတာပါပဲ။ ပထမတစ်ကြိမ်ကတော့ ၂ဝဝ၆ ခုနှစ်မှာဖြစ်ပြီး အဲဒီတုန်းက သူက ကားနောက်ခန်းက လိုက်လာတာပါ။ အဲဒီမတော်တဆမှုတုန်းကဆိုရင် ကားရှေ့ခန်းက
လိုက်တဲ့ သူ့သူငယ်ချင်းနှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ လီမင်ဟိုလည်း အပြင်းအထန် ဒဏ်ရာရသွားပြီး အိပ်ယာထဲမှာ လပေါင်းအတော်ကြာလဲသွားပါတယ်။ ဒါကြောင့် အနုပညာအလုပ်တွေကိုလည်း တစ်နှစ်ကြာ နားထားခဲ့ရပါတယ်။ ၂ဝ၁၁ ခုနှစ်မှာလည်း သူဟာ City Hunter ဆိုတဲ့ ဇာတ်ကားရိုက်နေရင်းကားအက်စီးဒင့် ထပ်ဖြစ်ပြန်ပါတယ်။ ငယ်ငယ်တုန်းက ကျောင်းမှာ မတော်တဆဖြစ်ပြီး ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်ဆိုတော့ သူဟာ ဘဝမှာသုံးကြိမ်သုံးခါတိုင်တိုင် အကြီးအကျယ် ထိခိုက်ဒဏ်ရာရခဲ့တာပါ။ သူ့ဇာတ်ကားတွေမှာ အောင်မြင်တာ အတော်များတယ်ဆိုပေမယ့် Faith ဆိုတဲ့ ဇာတ်ကားကတော့ ဇာတ်ကားအတွက် ဘတ်ဂျက်အများကြီးသုံးလိုက်ရလို့ အရှုံးပေါ်သွားခဲ့ပါတယ်။

Boys Over Flowers ဇာတ်ကားရဲ့ဇာတ်ဝင်တေး My Everything နဲ့ The Heirs (သည်အဲစ်) ဇာတ်ကားရဲ့ဇာတ်ဝင်တေး Painful Love တို့ကို သူကိုယ်တိုင်သီဆိုခဲ့တာဖြစ်ပါတယ်။ သူဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ စုစုပေါင်း ပရိသတ် (၆၅) သန်းကျော် ရှိပါတယ်။

zawgyi version
အႏုပညာအလုပ္ေတြ စလုပ္စမွာေတာ့ သူဟာ တီဗီ႐ုပ္သံဇာတ္လမ္းေတြမွာ မထင္မရွား အခန္းေလးေတြက စၿပီးပါခဲ့ရပါတယ္။ ၂ဝဝ၃ ခုႏွစ္မွာမွ Secret Campus ဆိုတဲ့ဇာတ္ လမ္းတြဲမွာ ပါဝင္ခြင့္ရခဲ့ၿပီး အဲဒီဇာတ္ကားနဲ႔ ပြဲဦးထြက္လာတာပါ။ ၂ဝဝ၉ ခုႏွစ္မွာ Boys Over Flowers ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသားေနရာက ပါလိုက္ရေတာ့ သူဟာ တဟုန္ထိုး နာမည္ႀကီးသြားပါေတာ့တယ္။ အဲဒီဇာတ္လမ္းတြဲနဲ႔ အာရွမွာပါ နာမည္ႀကီးသြားတာဆိုေတာ့ သူဟာေၾကာ္ျငာေတြ အမ်ားႀကီး ႐ိုက္လာရပါတယ္။ အဲဒီကားနဲ႔ပဲ သူဟာ
စူပါစတားျဖစ္သြားေတာ့တာပါပဲ။ ဒါေပမဲ့ အဲဒီေအာင္ျမင္မႈဟာ သူ႔အတြက္ အစပဲရွိပါေသးတယ္။ သူဟာ City Hunter ဇာတ္ကားနဲ႔ ဂ်ပန္၊ ဖိလစ္ပိုင္၊ တ႐ုတ္နဲ႔ ျပင္သစ္မွာ ပိုလို႔နာမည္ႀကီးသြားပါတယ္။

ရွန္ဟိုင္းနဲ႔ ေဟာင္ေကာင္မွာရွိတဲ့ မဒမ္တူးေဆာ့ ဖေယာင္း႐ုပ္တုျပတိုက္ေတြမွာဆိုရင္ သူ႔ပုံတူ ဖေယာင္း႐ုပ္တုေတြ ရွိပါတယ္။ လီမင္ဟိုဟာ Bounty Hunters ဆိုတဲ့ အက္ရွင္ဟာ သကားနဲ႔ တ႐ုတ္မွာ ေအာင္ျမင္သထက္ ပိုေအာင္ျမင္သြားခဲ့ပါေသးတယ္။ အဲဒီေနာက္ ပိုင္းမွာ႐ိုက္တဲ့ The Legend of the Blue Sea အခ်စ္ကားကလည္း အင္မတန္ေအာင္ ျမင္ခဲ့ျပန္တာေပါ့။ ဒီလိုနဲ႔ မင္းသားေခ်ာဟာ ေအာင္ျမင္မႈေပၚ ေအာင္ျမင္မႈေတြ အထပ္ ထပ္ ဆင့္လာလိုက္တာ ထိပ္သီးကိုရီးယားမင္းသားတစ္လက္ ျဖစ္လာပါေတာ့တယ္။ အေအာင္ျမင္ဆုံးကိုရီးယားမင္းသားစာရင္းထဲ ဝင္ေနတဲ့အတြက္ သူ႔ပိုင္ဆိုင္မႈဟာ အေမရိကန္ေဒၚလာ (၂၆) သန္းဝန္းက်င္ ရွိေနပါၿပီ။ သ႐ုပ္ေဆာင္အလုပ္ေၾကာင့္သာမက
စီးပြားေရးလုပ္ငန္းေၾကာင့္ပါ သူ အဲဒီေလာက္အထိ ႂကြယ္ဝခ်မ္းသာလာတာပါ။ ဒါေၾကာင့္ သူဟာ အခ်မ္းသာဆုံး ကိုရီးယားမင္းသားေတြထဲမွာပါတာေပါ့။ ဒီေလာက္အထိ ခ်မ္းသာေနေပမယ့္ သူဟာဒီႂကြယ္ဝမႈေတြကို တစ္ေယာက္ထဲ ေမာင္ပိုင္စီးမထားဘဲအလႉအတန္းအေပးအကမ္း ရက္ေရာပါတယ္။ နီေပါငလ်င္ဒုကၡသည္ေတြအတြက္ဆိုၿပီး သူက ၂ဝ၁၅ ခုႏွစ္မွာ ဝမ္သန္း (၁ဝဝ)ရက္ရက္ေရာေရာ လႉဒါန္းခဲ့တယ္ေလ။

ဒီမင္းသားေခ်ာနဲ႔ပတ္သက္လို႔ ထူးျခားခ်က္ကေတာ့ သူဟာ ကားအက္ဆီးဒင့္ ႏွစ္ခါတိုင္တိုင္ ႀကဳံခဲ့ရတာပါပဲ။ ပထမတစ္ႀကိမ္ကေတာ့ ၂ဝဝ၆ ခုႏွစ္မွာျဖစ္ၿပီး အဲဒီတုန္းက သူက ကားေနာက္ခန္းက လိုက္လာတာပါ။ အဲဒီမေတာ္တဆမႈတုန္းကဆိုရင္ ကားေရွ႕ခန္းက
လိုက္တဲ့ သူ႔သူငယ္ခ်င္းႏွစ္ေယာက္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ပါတယ္။ လီမင္ဟိုလည္း အျပင္းအထန္ ဒဏ္ရာရသြားၿပီး အိပ္ယာထဲမွာ လေပါင္းအေတာ္ၾကာလဲသြားပါတယ္။ ဒါေၾကာင့္ အႏုပညာအလုပ္ေတြကိုလည္း တစ္ႏွစ္ၾကာ နားထားခဲ့ရပါတယ္။ ၂ဝ၁၁ ခုႏွစ္မွာလည္း သူဟာ City Hunter ဆိုတဲ့ ဇာတ္ကား႐ိုက္ေနရင္းကားအက္စီးဒင့္ ထပ္ျဖစ္ျပန္ပါတယ္။ ငယ္ငယ္တုန္းက ေက်ာင္းမွာ မေတာ္တဆျဖစ္ၿပီး ဒဏ္ရာ အျပင္းအထန္ရခဲ့တယ္ဆိုေတာ့ သူဟာ ဘဝမွာသုံးႀကိမ္သုံးခါတိုင္တိုင္ အႀကီးအက်ယ္ ထိခိုက္ဒဏ္ရာရခဲ့တာပါ။ သူ႔ဇာတ္ကားေတြမွာ ေအာင္ျမင္တာ အေတာ္မ်ားတယ္ဆိုေပမယ့္ Faith ဆိုတဲ့ ဇာတ္ကားကေတာ့ ဇာတ္ကားအတြက္ ဘတ္ဂ်က္အမ်ားႀကီးသုံးလိုက္ရလို႔ အရႈံးေပၚသြားခဲ့ပါတယ္။

Boys Over Flowers ဇာတ္ကားရဲ႕ဇာတ္ဝင္ေတး My Everything နဲ႔ The Heirs (သည္အဲစ္) ဇာတ္ကားရဲ႕ဇာတ္ဝင္ေတး Painful Love တို႔ကို သူကိုယ္တိုင္သီဆိုခဲ့တာျဖစ္ပါတယ္။ သူဟာ ဆိုရွယ္မီဒီယာပလက္ေဖာင္းေတြမွာ စုစုေပါင္း ပရိသတ္ (၆၅) သန္းေက်ာ္ ရွိပါတယ္။

https://kdramaunni.com/lee-min-ho-profile-wife-net-worth-tv-shows-facts/?fbclid=IwAR1Co4Mfmc-c7tM3UShMS2PecMC-i0MRdN5CZHfio7UZdpqqXk_szC0Iswo

Related news

© 2021. All rights reserved.