အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ

 1359

ဝတီ (NP News) - ဇူလိုင် ၁၂
အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေရှိပေမယ့် အခမဲ့ဆိုတဲ့ စကားလုံးဟာ နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထု ဆောင်ထားတဲ့ အခွန်တွေနဲ့ အစိုးရက အခွန်ထမ်းပြည်သူတွေကို ကျန်းမာရေးကုသမှုတွေ လုပ်ပေးတာကြောင့်မို့ပါ။ ဒါကြောင့် တကယ်တမ်းတော့ အခမဲ့မဟုတ်ပါဘူး။ ကိုယ်ဆောင်ထားတဲ့ အခွန်ငွေတွေနဲ့အစိုးရက ကိုယ့်ကို ဆေးကုပေးတာပါပဲ။ ဒါကြောင့်မို့ ကိုယ်နေထိုင်မကောင်းလို့ ဆေးရုံမှာ ဘာစရိတ်မှ မကုန်ဘဲ အခမဲ့ ကုသခွင့်ရတယ်ဆိုတာဟာ ကိုယ်ပေးဆောင်ထားတဲ့ အခွန်တွေရဲ့ အသီးအပွင့်ကို ကိုယ်ခံစားရတဲ့သဘောပါပဲ။ တချို့နိုင်ငံကြီးတွေဆိုရင် ကိုယ့်နိုင်ငံသားတွေကိုသာမက ကိုယ့်နိုင်ငံသား မဟုတ်တဲ့လူတွေတောင်မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးကြပါတယ်။ ကဲ..ဒီတော့ နိုင်ငံသား မဟုတ်တဲ့လူတွေတောင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုရတဲ့ နိုင်ငံတွေက ဘယ်နိုင်ငံတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
အခမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေပးတဲ့ ကမာၻ႔ထိပ္တန္းႏိုင္ငံေတြ
ဝတီ (NP News) - ဇူလိုင္ ၁၂

အခမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေပးတဲ့ ကမာၻ႔ထိပ္တန္းႏိုင္ငံေတြရွိေပမယ့္ အခမဲ့ဆိုတဲ့ စကားလုံးဟာ နည္းနည္းေတာ့ ရႈပ္ေထြးပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပည္သူလူထု ေဆာင္ထားတဲ့ အခြန္ေတြနဲ႔ အစိုးရက အခြန္ထမ္းျပည္သူေတြကို က်န္းမာေရးကုသမႈေတြ လုပ္ေပးတာေၾကာင့္မို႔ပါ။ ဒါေၾကာင့္ တကယ္တမ္းေတာ့ အခမဲ့မဟုတ္ပါဘူး။ ကိုယ္ေဆာင္ထားတဲ့ အခြန္ေငြေတြနဲ႔အစိုးရက ကိုယ့္ကို ေဆးကုေပးတာပါပဲ။ ဒါေၾကာင့္မို႔ ကိုယ္ေနထိုင္မေကာင္းလို႔ ေဆး႐ုံမွာ ဘာစရိတ္မွ မကုန္ဘဲ အခမဲ့ ကုသခြင့္ရတယ္ဆိုတာဟာ ကိုယ္ေပးေဆာင္ထားတဲ့ အခြန္ေတြရဲ႕ အသီးအပြင့္ကို ကိုယ္ခံစားရတဲ့သေဘာပါပဲ။ တခ်ိဳ႕ႏိုင္ငံႀကီးေတြဆိုရင္ ကိုယ့္ႏိုင္ငံသားေတြကိုသာမက ကိုယ့္ႏိုင္ငံသား မဟုတ္တဲ့လူေတြေတာင္မွ အခမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေပးၾကပါတယ္။ ကဲ..ဒီေတာ့ ႏိုင္ငံသား မဟုတ္တဲ့လူေတြေတာင္ အခမဲ့က်န္းမာေရးေစာင့္ေရွာက္မႈရတဲ့ ႏိုင္ငံေတြက ဘယ္ႏိုင္ငံေတြလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

မက္ကဆီကို (Mexico)
မက္ကဆီကိုမှာဆိုရင် နိုင်ငံခြားသား အပါအဝင် လူတိုင်းလူတိုင်း အခမဲ့ကျန်းမာရေးစောင့် ရှောက်မှုရကြပါတယ်။ မက္ကဆီကိုကျန်းမာရေးစနစ်မှာ ပြည်သူ့ကျန်းမာရေးအာမခံ နှစ်မျိုးနှစ်စားရှိပြီး ပထမတစ်ခုမှာ နိုင်ငံခြားသား အပါအဝင် မက္ကဆီကိုနိုင်ငံမှာ တရားဝင်အလုပ် လုပ်နေတဲ့ လူအားလုံးအကျုံးဝင်ပါတယ်။ ဒုတိယတစ်ခုမှာတော့ အလုပ်လက်မဲ့ မက္ကဆီကိုနိုင်ငံသားတွေနဲ့ အာမခံထားဖို့ မတတ်နိုင်တဲ့ ဘယ်သူမဆို အကျုံးဝင်ပါတယ်။ ဒါကြောင့် ကိုယ်ကမက္ကဆီကိုနိုင်ငံမှာ အလုပ်သွားလုပ်တယ်ဆိုရင် မက္ကဆီကိုကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာသာ စာရင်းသွင်းထားရင် ကျန်းမာရေးပြဿနာအတွက် ဘာမှစိတ်ပူနေစရာ မလိုပါဘူး။ ဒါ့ပြင် ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် တောင် ကိုယ့်လစာထဲက တစ်စိတ်တစ်ပိုင်းကိုလည်း နောက်လာမယ့် ၅၂ ပတ်အထိ ခံစားခွင့်ရဦးမှာပါတဲ့။

zawgyi version
မကၠဆီကို (Mexico)
မကၠဆီကိုမွာဆိုရင္ ႏိုင္ငံျခားသား အပါအဝင္ လူတိုင္းလူတိုင္း အခမဲ့က်န္းမာေရးေစာင့္ ေရွာက္မႈရၾကပါတယ္။ မကၠဆီကိုက်န္းမာေရးစနစ္မွာ ျပည္သူ႔က်န္းမာေရးအာမခံ ႏွစ္မ်ိဳးႏွစ္စားရွိၿပီး ပထမတစ္ခုမွာ ႏိုင္ငံျခားသား အပါအဝင္ မကၠဆီကိုႏိုင္ငံမွာ တရားဝင္အလုပ္ လုပ္ေနတဲ့ လူအားလုံးအက်ဳံးဝင္ပါတယ္။ ဒုတိယတစ္ခုမွာေတာ့ အလုပ္လက္မဲ့ မကၠဆီကိုႏိုင္ငံသားေတြနဲ႔ အာမခံထားဖို႔ မတတ္ႏိုင္တဲ့ ဘယ္သူမဆို အက်ဳံးဝင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ကမကၠဆီကိုႏိုင္ငံမွာ အလုပ္သြားလုပ္တယ္ဆိုရင္ မကၠဆီကိုက်န္းမာေရးေစာင့္ေရွာက္မႈစနစ္မွာသာ စာရင္းသြင္းထားရင္ က်န္းမာေရးျပႆနာအတြက္ ဘာမွစိတ္ပူေနစရာ မလိုပါဘူး။ ဒါ့ျပင္ က်န္းမာေရးေၾကာင့္ အလုပ္မလုပ္ႏိုင္ေတာ့ဘူးဆိုရင္ ေတာင္ ကိုယ့္လစာထဲက တစ္စိတ္တစ္ပိုင္းကိုလည္း ေနာက္လာမယ့္ ၅၂ ပတ္အထိ ခံစားခြင့္ရဦးမွာပါတဲ့။

ဂျာမနီ
ဂျာမနီနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကတော့ ကမ္ဘာ့အကောင်းဆုံးတွေထဲမှာ ပါပါတယ်။ ဂျာမနီနိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားအလုပ်သမားပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နိုင်ငံ တကာကျောင်းသားပဲ ဖြစ်ဖြစ် ဂျာမနီမှာ နေထိုင်တဲ့ ဘယ်သူမဆို ကျန်းမာရေးအာမခံ ထားကြရပါတယ်။ လစာ ၅ဝ၆၃ ယူရိုရတဲ့ လူတွေဟာ အများပြည်သူကျန်းမာရေးအာမခံ မဖြစ်မနေထားကြရတာပါ။ အဲဒီအာမခံထားမယ်ဆိုရင် ကိုယ်က ကိုယ့်လစာထဲက ၇ ဒသ မ ၃ ရာခိုင်နှုန်းကို လစဉ်သွင်းရပြီး ကျန်တဲ့ ၇ ဒသမ ၃ ရာခိုင်နှုန်းကိုတော့ ကိုယ့်အလုပ် ရှင်က သွင်းပေးရပါတယ်။ လစာ ဒီ့ထက်များတဲ့လူတွေကတော့ ပုဂ္ဂလိက ကျန်းမာရေးအာမခံလည်း ထားလို့ရပေမယ့် အများစုကတော့ စောစောက ပြောပြသွားတဲ့ အများပြည်သူကျန်းမာရေးအာမခံကိုပဲ ထားကြတာပါ။

zawgyi version
ဂ်ာမနီ
ဂ်ာမနီႏိုင္ငံရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကေတာ့ ကမာၻ႔အေကာင္းဆုံးေတြထဲမွာ ပါပါတယ္။ ဂ်ာမနီႏိုင္ငံသားပဲျဖစ္ျဖစ္၊ ႏိုင္ငံျခားအလုပ္သမားပဲ ျဖစ္ျဖစ္ ဒါမွမဟုတ္ ႏိုင္ငံ တကာေက်ာင္းသားပဲ ျဖစ္ျဖစ္ ဂ်ာမနီမွာ ေနထိုင္တဲ့ ဘယ္သူမဆို က်န္းမာေရးအာမခံ ထားၾကရပါတယ္။ လစာ ၅ဝ၆၃ ယူ႐ိုရတဲ့ လူေတြဟာ အမ်ားျပည္သူက်န္းမာေရးအာမခံ မျဖစ္မေနထားၾကရတာပါ။ အဲဒီအာမခံထားမယ္ဆိုရင္ ကိုယ္က ကိုယ့္လစာထဲက ၇ ဒသ မ ၃ ရာခိုင္ႏႈန္းကို လစဥ္သြင္းရၿပီး က်န္တဲ့ ၇ ဒသမ ၃ ရာခိုင္ႏႈန္းကိုေတာ့ ကိုယ့္အလုပ္ ရွင္က သြင္းေပးရပါတယ္။ လစာ ဒီ့ထက္မ်ားတဲ့လူေတြကေတာ့ ပုဂၢလိက က်န္းမာေရးအာမခံလည္း ထားလို႔ရေပမယ့္ အမ်ားစုကေတာ့ ေစာေစာက ေျပာျပသြားတဲ့ အမ်ားျပည္သူက်န္းမာေရးအာမခံကိုပဲ ထားၾကတာပါ။

ထိုင်း
ထိုင်းမှာ တရားဝင် အလုပ်လုပ်တဲ့ ဘယ်သူမဆို ထိုင်း အများပြည်သူကျန်းမာရေးအာမခံ စနစ်ကို အသုံးပြုနိုင်ပါတယ်။ ဒီစနစ်ထဲမှာ အကျုံးဝင်ဖို့ဆိုရင် ကိုယ့်ဝင်ငွေထဲက ၅ ရာခိုင် နှုန်းကို ထိုင်းလူမှုဖူလုံရေးစနစ်မှာ မဖြစ်မနေ ပေးသွင်းရပါမယ်။ အဲဒီအခါကျရင် လူမှု ဖူလုံရေး နံပါတ်တစ်ခုရပြီး သူတို့ချပေးထားတဲ့ ဆေးရုံမှာ အခမဲ့ ဆေးကုသခွင့်ရမှာပါ။

zawgyi version
ထိုင္း
ထိုင္းမွာ တရားဝင္ အလုပ္လုပ္တဲ့ ဘယ္သူမဆို ထိုင္း အမ်ားျပည္သူက်န္းမာေရးအာမခံ စနစ္ကို အသုံးျပဳႏိုင္ပါတယ္။ ဒီစနစ္ထဲမွာ အက်ဳံးဝင္ဖို႔ဆိုရင္ ကိုယ့္ဝင္ေငြထဲက ၅ ရာခိုင္ ႏႈန္းကို ထိုင္းလူမႈဖူလုံေရးစနစ္မွာ မျဖစ္မေန ေပးသြင္းရပါမယ္။ အဲဒီအခါက်ရင္ လူမႈ ဖူလုံေရး နံပါတ္တစ္ခုရၿပီး သူတို႔ခ်ေပးထားတဲ့ ေဆး႐ုံမွာ အခမဲ့ ေဆးကုသခြင့္ရမွာပါ။

ကနေဒါ
ကိုယ်က ကနေဒါနိုင်ငံသားဖြစ်စေ ၊ ကနေဒါမှာ အမြဲတမ်းနေထိုင်ခွင့်ရသူဖြစ်စေ နိုင်ငံလုံးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အကျုံးဝင်ပါတယ်။ အခမဲ့ ဆေးကုသခွင့်ပေးတဲ့ အခြားနိုင်ငံအများစုမှာလိုပဲ ကိုယ်ဆောင်ထားတဲ့ အခွန်ငွေတွေထဲက တချို့တစ်ဝက်ဟာ ပြည်သူ့ကျန်းမာရေးရန်ပုံငွေထဲရောက်သွားပြီး အစိုးရက အဲဒီငွေနဲ့ ကိုယ့်ကို အခမဲ့ဆေးကုသခွင့် ပေးတာဖြစ်ပါတယ်။ ကနေဒါကျန်းမာရေးစောင့်ရှောက်မှုစနစ်ထဲမှာ ခွဲစိတ်မှုနဲ့ ကုသမှုအများစု အကျုံးဝင်ပေမယ့် ကနေဒါမှာ ရောက်နေတဲ့ နိုင်ငံခြားသားအများစုဟာ ပုဂ္ဂလိက ကျန်းမာရေးအာမခံကိုပါ ထားလေ့ရှိကြပါတယ်။ အများပြည်သူ ကျန်းမာ ရေးအာမခံထဲမှာမပါတဲ့ ကုသမှုတွေက ပုဂ္ဂလိက ကျန်းမာရေးအာမခံစနစ်ထဲမှာ ပါနေတာကြောင့်မို့ပါ။ ဥပမာအားဖြင့်ပြောရရင် ခံတွင်းကျန်းမာရေး၊ ပြန်လည်သန်စွမ်းလာစေ ရေးအတွက် ကာယလေ့ကျင့်ခန်းတွေနဲ့ကုသမှုလုပ်တာ၊ လူနာတင်ကားဝန်ဆောင်မှု စတာတွေဟာ ပုဂ္ဂလိက ကျန်းမာရေးအာမခံထားမှ ခံစားခွင့်ရတာတွေပါ။

zawgyi version
ကေနဒါ
ကိုယ္က ကေနဒါႏိုင္ငံသားျဖစ္ေစ ၊ ကေနဒါမွာ အၿမဲတမ္းေနထိုင္ခြင့္ရသူျဖစ္ေစ ႏိုင္ငံလုံးဆိုင္ရာက်န္းမာေရးေစာင့္ေရွာက္မႈစနစ္မွာ အက်ဳံးဝင္ပါတယ္။ အခမဲ့ ေဆးကုသခြင့္ေပးတဲ့ အျခားႏိုင္ငံအမ်ားစုမွာလိုပဲ ကိုယ္ေဆာင္ထားတဲ့ အခြန္ေငြေတြထဲက တခ်ိဳ႕တစ္ဝက္ဟာ ျပည္သူ႔က်န္းမာေရးရန္ပုံေငြထဲေရာက္သြားၿပီး အစိုးရက အဲဒီေငြနဲ႔ ကိုယ့္ကို အခမဲ့ေဆးကုသခြင့္ ေပးတာျဖစ္ပါတယ္။ ကေနဒါက်န္းမာေရးေစာင့္ေရွာက္မႈစနစ္ထဲမွာ ခြဲစိတ္မႈနဲ႔ ကုသမႈအမ်ားစု အက်ဳံးဝင္ေပမယ့္ ကေနဒါမွာ ေရာက္ေနတဲ့ ႏိုင္ငံျခားသားအမ်ားစုဟာ ပုဂၢလိက က်န္းမာေရးအာမခံကိုပါ ထားေလ့ရွိၾကပါတယ္။ အမ်ားျပည္သူ က်န္းမာ ေရးအာမခံထဲမွာမပါတဲ့ ကုသမႈေတြက ပုဂၢလိက က်န္းမာေရးအာမခံစနစ္ထဲမွာ ပါေနတာေၾကာင့္မို႔ပါ။ ဥပမာအားျဖင့္ေျပာရရင္ ခံတြင္းက်န္းမာေရး၊ ျပန္လည္သန္စြမ္းလာေစ ေရးအတြက္ ကာယေလ့က်င့္ခန္းေတြနဲ႔ကုသမႈလုပ္တာ၊ လူနာတင္ကားဝန္ေဆာင္မႈ စတာေတြဟာ ပုဂၢလိက က်န္းမာေရးအာမခံထားမွ ခံစားခြင့္ရတာေတြပါ။

ယူကေ
ဘယ်နိုင်ငံသားပဲ ဖြစ်နေပါစေ ယူကေမှာ တရားဝင် နေထိုင်တဲ့ ဘယ်သူမဆို ယူကေမှာ အခမဲ့ ဆေးကုသခွင့် ရပါတယ်။ ယူကေ ကျန်းမာရေးစနစ်ကြီးဟာ အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ငွေတွေနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ ဗီဇာ လျှောက်ထားကတည်းက နိုင်ငံခြားသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ရဖို့အတွက် တစ်ယောက်ကို တစ်နှစ် ၆၂၄ ပေါင် သွင်းရတာပါ။ ဒါကြောင့် ယူကေမှာ နေထိုင်အလုပ်လုပ်တဲ့ နိုင်ငံခြား သားတွေဟာလည်း ယူကေနိုင်ငံသားတွေနဲ့တန်းတူ အခမဲ့ဆေးကုသခွင့်၊ ဆေးဝါးကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူခွင့်တွေ ရကြတာပါ။ ဒါ့ပြင် စိတ်ကျန်းမာရေးအ တွက် ကုသမှု ခံယူချင်တယ်၊ ဆေးစစ်ချင်တယ်ဆိုရင်လည်း ရပါသေးတယ်။

zawgyi version
ယူေက
ဘယ္ႏိုင္ငံသားပဲ ျဖစ္ေနပါေစ ယူေကမွာ တရားဝင္ ေနထိုင္တဲ့ ဘယ္သူမဆို ယူေကမွာ အခမဲ့ ေဆးကုသခြင့္ ရပါတယ္။ ယူေက က်န္းမာေရးစနစ္ႀကီးဟာ အခြန္ထမ္းျပည္သူေတြရဲ႕ အခြန္ေငြေတြနဲ႔ လည္ပတ္ေနတာျဖစ္ပါတယ္။ ဗီဇာ ေလွ်ာက္ထားကတည္းက ႏိုင္ငံျခားသားေတြဟာ က်န္းမာေရးေစာင့္ေရွာက္မႈ ခံစားခြင့္ရဖို႔အတြက္ တစ္ေယာက္ကို တစ္ႏွစ္ ၆၂၄ ေပါင္ သြင္းရတာပါ။ ဒါေၾကာင့္ ယူေကမွာ ေနထိုင္အလုပ္လုပ္တဲ့ ႏိုင္ငံျခား သားေတြဟာလည္း ယူေကႏိုင္ငံသားေတြနဲ႔တန္းတူ အခမဲ့ေဆးကုသခြင့္၊ ေဆးဝါးကို ေဈးႏႈန္းသက္သက္သာသာနဲ႔ ဝယ္ယူခြင့္ေတြ ရၾကတာပါ။ ဒါ့ျပင္ စိတ္က်န္းမာေရးအ တြက္ ကုသမႈ ခံယူခ်င္တယ္၊ ေဆးစစ္ခ်င္တယ္ဆိုရင္လည္း ရပါေသးတယ္။

စပိန်
စပိန်ကျန်းမာရေးစနစ်ကြီးဟာ စပိန်နိုင်ငံသားတွေနဲ့ စပိန်မှာ တရားဝင်နေထိုင်တဲ့သူတွေ ပေးဆောင်တဲ့ အခွန်တွေ၊ လူမှုဖူလုံရေးကြေးတွေနဲ့ အဓိက လည်ပတ်နေတာပါ။ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးအာမခံမှာ စာရင်းသွင်းထားပြီဆိုတာနဲ့ စပိန်ကျန်းမာရေးဌာနက ကျန်းမာရေးကတ်ပြားလေး ထုတ်ပေးပါလိမ့်မယ်။ အဲဒီကတ်ပြားကိုပြပြီး စပိန်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်တွေရမှာဖြစ်သလို လိုအပ်တဲ့ဆေးဝါးတွေကိုလည်း ဈေးသက် သက်သာသာနဲ့ ဝယ်ယူခွင့်ရဦးမှာပါ။

zawgyi version
စပိန္
စပိန္က်န္းမာေရးစနစ္ႀကီးဟာ စပိန္ႏိုင္ငံသားေတြနဲ႔ စပိန္မွာ တရားဝင္ေနထိုင္တဲ့သူေတြ ေပးေဆာင္တဲ့ အခြန္ေတြ၊ လူမႈဖူလုံေရးေၾကးေတြနဲ႔ အဓိက လည္ပတ္ေနတာပါ။ ႏိုင္ငံလုံးဆိုင္ရာ က်န္းမာေရးအာမခံမွာ စာရင္းသြင္းထားၿပီဆိုတာနဲ႔ စပိန္က်န္းမာေရးဌာနက က်န္းမာေရးကတ္ျပားေလး ထုတ္ေပးပါလိမ့္မယ္။ အဲဒီကတ္ျပားကိုျပၿပီး စပိန္ေဆး႐ုံေတြမွာ အခမဲ့ ေဆးကုသခြင့္ေတြရမွာျဖစ္သလို လိုအပ္တဲ့ေဆးဝါးေတြကိုလည္း ေဈးသက္ သက္သာသာနဲ႔ ဝယ္ယူခြင့္ရဦးမွာပါ။

ဂျပန်
ဂျပန်မှာလည်း ကျန်းမာရေးအာမခံစနစ် နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမတစ်ခုကတော့ အချိန်ပြည့်ဝန်ထမ်းတွေအတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ ကျောင်းသားတွေ၊ အလုပ်မရှိတဲ့လူတွေ၊ အချိန်ပိုင်းအလုပ်သမားတွေအတွက်ပါ။ ဒီအာမခံနှစ်ခုထဲက ဘယ်တစ်ခုကို ထားသည်ဖြစ်စေ ကျန်းမာရေး ကိစ္စဖြစ်လာလို့ ကုန်ကျစရိတ်တွေရှိလာပြီဆိုရင် အဲဒီကုန် ကျစရိတ်တွေထဲက အနည်းဆုံး ၇ဝ ရာခိုင်နှုန်းကို ဒီအာမခံစနစ်က အကုန်အကျခံပေးသွားမှာဖြစ်ပါတယ်။

zawgyi version
ဂ်ပန္
ဂ်ပန္မွာလည္း က်န္းမာေရးအာမခံစနစ္ ႏွစ္မ်ိဳးႏွစ္စား ရွိပါတယ္။ ပထမတစ္ခုကေတာ့ အခ်ိန္ျပည့္ဝန္ထမ္းေတြအတြက္ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ေက်ာင္းသားေတြ၊ အလုပ္မရွိတဲ့လူေတြ၊ အခ်ိန္ပိုင္းအလုပ္သမားေတြအတြက္ပါ။ ဒီအာမခံႏွစ္ခုထဲက ဘယ္တစ္ခုကို ထားသည္ျဖစ္ေစ က်န္းမာေရး ကိစၥျဖစ္လာလို႔ ကုန္က်စရိတ္ေတြရွိလာၿပီဆိုရင္ အဲဒီကုန္ က်စရိတ္ေတြထဲက အနည္းဆုံး ၇ဝ ရာခိုင္ႏႈန္းကို ဒီအာမခံစနစ္က အကုန္အက်ခံေပးသြားမွာျဖစ္ပါတယ္။

https://ngsup.com/top-countries-with-free-healthcare-and-education-in-2022/?fbclid=IwAR1s_Nf-yn9uVMLX-1mxR1YYHZbI22XSjmLFu8ASCIGGN4MG0vF_m0ZGG4U

Related news

© 2021. All rights reserved.