(၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်အပါအဝင် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးတို့ကို သွားရောက်မည့်လမ်းများအား ပိတ်ထားမည်

 1339

ရဲပြည့် (NP News) - ဇူလိုင်လ ၁၃
(၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည် ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် နှင့် အတွင်းဝန်ရုံးတို့ကို သွားရောက်မည့်လမ်းများအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ(၁၉)ရက်တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအ နားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၄နာရီမှ အခမ်းအနားပြီးဆုံးသည်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ၄င်းတို့မှ ထုတ်ပြန်ထားသည်။

အာဇာနည်ဗိမာန်သို့သွားရာလမ်းများဖြစ်သည့် အနောက်ရွှေဂုံတိုင်လမ်းအား ရေတာ ရှည်လမ်းဟောင်းမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံမှလည်းကောင်း၊ အာဇာနည် လမ်းအား ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံထိလည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်(သွေးဆေးကန်)လမ်းတို့အား ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/ လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်မည့်နေရာအား ဇူလိုင်လ ၁၉ ရက်မှ ဇူလိုင်လ ၂၁ ရက်၊ နံနက် ၅နာရီမှ ညနေ ၆နာရီအထိ နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှလည်းကောင်း၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက် လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့်ဆုံရာမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းနှင့်ဆုံရာ လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံမှလည်းကောင်း ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။

အလံတင်အခမ်းအနားကျင်းပမည့် အတွင်းဝန်ရုံးအား ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်၊ နံနက် ၅နာရီမှ ညနေ ၆နာရီအထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှလည်း ကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်)တို့တွင် ဇူလိုင်လ ၁၉ ရက်၊ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အထူးပြပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင်လည်း ပုံမှန်အတိုင်း ဝင်ရောက်လေ့လာနိုင်ကြောင်း စီစဉ်ထား ကြောင်းသိရသည်။

https://npnewsmm.com/news/62ce630b6e0f022a743a3b76

zawgyi version
(၇၅)ႏွစ္ေျမာက္ အာဇာနည္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနအိမ္ျပတိုက္အပါအဝင္ အာဇာနည္ဗိမာန္၊ အတြင္းဝန္႐ုံးတို႔ကို သြားေရာက္မည့္လမ္းမ်ားအား ပိတ္ထားမည္
ရဲျပည့္ (NP News) - ဇူလိုင္လ ၁၃

(၇၅)ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားတြင္ အာဇာနည္ ဗိမာန္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနအိမ္ျပတိုက္ ႏွင့္ အတြင္းဝန္႐ုံးတို႔ကို သြားေရာက္မည့္လမ္းမ်ားအား ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံမွ သိရသည္။

ဇူလိုင္လ(၁၉)ရက္တြင္ က်င္းပျပဳလုပ္မည့္ (၇၅)ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအ နားကို ဗဟန္းၿမိဳ႕နယ္ရွိ အာဇာနည္ဗိမာန္တြင္ က်င္းပျပဳလုပ္မည္ျဖစ္ရာ အခမ္းအနားက်င္းပမည့္ နံနက္ ၄နာရီမွ အခမ္းအနားၿပီးဆုံးသည္အထိ ပိတ္ထားမည္ျဖစ္ေၾကာင္း ၄င္းတို႔မွ ထုတ္ျပန္ထားသည္။

အာဇာနည္ဗိမာန္သို႔သြားရာလမ္းမ်ားျဖစ္သည့္ အေနာက္ေ႐ႊဂုံတိုင္လမ္းအား ေရတာ ရွည္လမ္းေဟာင္းမွလည္းေကာင္း၊ ဓမၼေစတီလမ္းအား ဦးဝိစာရ-ဓမၼေစတီလမ္းဆုံမွလည္းေကာင္း၊ ဓမၼေစတီလမ္းအား အင္းယားၿမိဳင္လမ္းဆုံမွလည္းေကာင္း၊ အာဇာနည္လမ္းအား အေနာက္ေ႐ႊဂုံတိုင္လမ္းႏွင့္ ဦးဝိစာရလမ္းဆုံမွလည္းေကာင္း၊ အာဇာနည္ လမ္းအား ဦးေထာင္ဘိုလမ္းႏွင့္ အာဇာနည္လမ္းဆုံမွလည္းေကာင္း၊ ဦးဝိစာရလမ္းအား ဦးဝိစာရအဝိုင္းမွ ဦးဝိစာရ-ဓမၼေစတီလမ္းဆုံထိလည္းေကာင္း၊ ေ႐ႊတိဂုံဘုရားေျမာက္ဘက္မုခ္(ေသြးေဆးကန္)လမ္းတို႔အား ေခတၱပိတ္ထားမည္ျဖစ္ၿပီး လမ္းပိတ္/ လမ္းလႊဲေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနအိမ္ျပတိုက္ ဖြင့္လွစ္မည့္ေနရာအား ဇူလိုင္လ ၁၉ ရက္မွ ဇူလိုင္လ ၂၁ ရက္၊ နံနက္ ၅နာရီမွ ညေန ၆နာရီအထိ နတ္ေမာက္လမ္းအား ဝကၤဘာလမ္းဆုံမွလည္းေကာင္း၊ နတ္ေမာက္လမ္းအား ဖိုးစိန္လမ္းဆုံမွလည္းေကာင္း၊ ဗိုလ္ခ်ဳပ္ျပတိုက္ လမ္းအား ငါးထပ္ႀကီးဘုရားလမ္းႏွင့္ဆုံရာမွလည္းေကာင္း၊ ဗိုလ္ခ်ိဳလမ္းအား ေ႐ႊၾကက္ယက္လမ္းႏွင့္ဆုံရာ လမ္းဆုံမွလည္းေကာင္း၊ ဗိုလ္ခ်ဳပ္ျပတိုက္လမ္းအား ေစာမဟာလမ္းဆုံမွလည္းေကာင္း ေခတၱပိတ္ထားမည္ျဖစ္ၿပီး လမ္းပိတ္/လမ္းလႊဲ ေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ဆက္လက္ထုတ္ျပန္ထားသည္။

အလံတင္အခမ္းအနားက်င္းပမည့္ အတြင္းဝန္႐ုံးအား ဇူလိုင္လ ၁၉ ရက္ေန႔မွ ဇူလိုင္လ ၂၁ ရက္၊ နံနက္ ၅နာရီမွ ညေန ၆နာရီအထိ သိမ္ျဖဴလမ္းအား ဗိုလ္ခ်ဳပ္လမ္းဆုံမွလည္း ေကာင္း၊ အေနာ္ရထာလမ္းအား ဗိုလ္ျမတ္ထြန္းလမ္းဆုံမွလည္းေကာင္း၊ မဟာဗႏၶဳလလမ္းအား ပန္းဆိုးတန္းလမ္းဆုံမွလည္းေကာင္း၊ ဗိုလ္ေအာင္ေက်ာ္လမ္းအား ကုန္သည္လမ္းဆုံမွလည္းေကာင္း လမ္းပိတ္ထားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ (ရန္ကုန္)ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနအိမ္ျပတိုက္ (နတ္ေမာက္)တို႔တြင္ ဇူလိုင္လ ၁၉ ရက္၊ နံနက္ ၈ နာရီမွ ညေန ၄ နာရီအထိ အထူးျပပြဲ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး အပတ္စဥ္ တနလၤာေန႔ႏွင့္ ျပန္တမ္းဝင္႐ုံးပိတ္ရက္မ်ားမွအပ က်န္ရက္မ်ားတြင္လည္း ပုံမွန္အတိုင္း ဝင္ေရာက္ေလ့လာႏိုင္ေၾကာင္း စီစဥ္ထား ေၾကာင္းသိရသည္။

https://npnewsmm.com/news/62ce630b6e0f022a743a3b76

Related news

© 2021. All rights reserved.