စီးပွားရေးအကြပ်အတည်းများ တွေ့ကြုံနေရသည့် သီရီလင်္ကာနိုင်ငံကို မြန်မာနိုင်ငံမှဆန်တန်ချိန် ၁ဝဝဝ လှူဒါန်းမည်

 1417

ရဲပြည့် (NP News) - ဇူလိုင် ၁၄
သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရခြင်းကြောင့် မြန်မာနိုင်ငံမှ လူသားချင်းစာနာထောက်ထားပြီး နိုင်ငံတော်ရန်ပုံငွေဖြင့် ဆန်တန်ချိန် ၁ဝဝဝ လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဆန်လှူဒါန်းနိုင်ရေးအတွက် ဇူလိုင်လ ၁၃ ရက်၊ နံနက် ၁ဝနာရီခွဲတွင် နေပြည် တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့်ဆန်အမျိုးအစား၊ ဝယ်ယူစုဆောင်းမည့်အစီအစဉ်၊ ကွန်တိန်နာငှားရမ်းမှု၊ ပေးပို့လှူဒါန်းမည့်ကာလ၊ ကုန်ကျစရိတ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူဦးရေ ၂၂ သန်းရှိသည့် သီရိလင်္ကာနိုင်ငံတွင် သမိုင်းတစ်လျှောက်အဆိုးရွားဆုံး စီး ပွားရေးအကျပ်တည်းများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး လျှပ်စစ်ဓါတ်အားလိုအပ်ချက်များ၊ အစားစာလိုအပ်ချက်များ၊ ရေနံ နှင့် အခြားကုန်စည်းများ လိုအပ်ချက်များကြောင့် မတ်လကုန်တွင် ပြည်သူများက စတင်ဆန္ဒပြခဲ့သည်။

လက်ရှိအချိန်တွင် သမ္မတအိမ်တော်ကို လူထောင်ချီမှ ဝင်ရောက်စီးနင်းထားပြီး နိုင်ငံ၏ သမ္မတရာထူးမှဆင်းပေးမှသာ အိမ်တော်မှပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း ဆန္ဒပြ ပြည်သူများကပြောထားပြီး သမ္မတကိုယ်တိုင်လည်းနိုင်ငံမှ ထွက်ပြေးရသည်အထိ ဆိုးရွားသည့် အခြေအနေများနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။

https://npnewsmm.com/news/62cfab98aa0c594b7c12f325

zawgyi version
စီးပြားေရးအၾကပ္အတည္းမ်ား ေတြ႕ႀကဳံေနရသည့္ သီရီလကၤာႏိုင္ငံကို ျမန္မာႏိုင္ငံမွဆန္တန္ခ်ိန္ ၁ဝဝဝ လႉဒါန္းမည္
ရဲျပည့္ (NP News) - ဇူလိုင္ ၁၄

သီရိလကၤာႏိုင္ငံတြင္ စီးပြားေရးအက်ပ္အတည္းမ်ားႏွင့္ ႀကဳံေတြ႕ေနရျခင္းေၾကာင့္ ျမန္မာႏိုင္ငံမွ လူသားခ်င္းစာနာေထာက္ထားၿပီး ႏိုင္ငံေတာ္ရန္ပုံေငြျဖင့္ ဆန္တန္ခ်ိန္ ၁ဝဝဝ လႉဒါန္းႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

အဆိုပါ ဆန္လႉဒါန္းႏိုင္ေရးအတြက္ ဇူလိုင္လ ၁၃ ရက္၊ နံနက္ ၁ဝနာရီခြဲတြင္ ေနျပည္ ေတာ္ရွိ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအစည္းအေဝးခန္းမတြင္ ေဆြးေႏြးညႇိႏႈိင္းခဲ့ေၾကာင္း သိရသည္။

အစည္းအေဝးတြင္ သီရိလကၤာႏိုင္ငံသို႔ လႉဒါန္းမည့္ဆန္အမ်ိဳးအစား၊ ဝယ္ယူစုေဆာင္းမည့္အစီအစဥ္၊ ကြန္တိန္နာငွားရမ္းမႈ၊ ေပးပို႔လႉဒါန္းမည့္ကာလ၊ ကုန္က်စရိတ္မ်ားႏွင့္ စပ္လ်ဥ္း၍ သက္ဆိုင္ရာက႑အလိုက္တင္ျပ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

လူဦးေရ ၂၂ သန္းရွိသည့္ သီရိလကၤာႏိုင္ငံတြင္ သမိုင္းတစ္ေလွ်ာက္အဆိုး႐ြားဆုံး စီး ပြားေရးအက်ပ္တည္းမ်ားႏွင့္ ရင္ဆိုင္ေနရျခင္းျဖစ္ၿပီး လွ်ပ္စစ္ဓါတ္အားလိုအပ္ခ်က္မ်ား၊ အစားစာလိုအပ္ခ်က္မ်ား၊ ေရနံ ႏွင့္ အျခားကုန္စည္းမ်ား လိုအပ္ခ်က္မ်ားေၾကာင့္ မတ္လကုန္တြင္ ျပည္သူမ်ားက စတင္ဆႏၵျပခဲ့သည္။

လက္ရွိအခ်ိန္တြင္ သမၼတအိမ္ေတာ္ကို လူေထာင္ခ်ီမွ ဝင္ေရာက္စီးနင္းထားၿပီး ႏိုင္ငံ၏ သမၼတရာထူးမွဆင္းေပးမွသာ အိမ္ေတာ္မွျပန္လည္ထြက္ခြာမည္ျဖစ္ေၾကာင္း ဆႏၵျပ ျပည္သူမ်ားကေျပာထားၿပီး သမၼတကိုယ္တိုင္လည္းႏိုင္ငံမွ ထြက္ေျပးရသည္အထိ ဆိုး႐ြားသည့္ အေျခအေနမ်ားႏွင့္ရင္ဆိုင္ေနရျခင္းျဖစ္သည္။

https://npnewsmm.com/news/62cfab98aa0c594b7c12f325

Picture

Bo Tho

14/07/2022 12:19

သာဓုသာဓုသာဓုပါ

Picture

Khank Zaw Hain

14/07/2022 12:31

သာဓုပါဗျာ

Picture

Thant zin Oo

14/07/2022 14:15

မဂ်လာပါ

Picture

နှင်း ဆီ

14/07/2022 14:27

ပြည်သူ့စစ်အဖွဲတေနဲ့pdfရန်ကြောက်လို့ထွက်ပြေးနေရသူတွေကိုကယ်ဆယ်စောင့်ရှောက်ထားတဲ့ဘုန်းကြီးကျောင်းတေကိုလဲနိုငိငံတော်အနေနဲ့လှူဒါန်းထောက်ပံ့ပေးပါအုံး

Related news

© 2021. All rights reserved.