ကမ္ဘာမှာ လက်ရှိဖြစ်နေတဲ့ပြဿနာတွေက နျူကလီးယားစစ်ပွဲ (သို့မဟုတ်) တတိယကမ္ဘာစစ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ်ဟွန်ဆန် သုံးသပ်

1520

ဂျန်ဇက် (NP News) - ဇူလိုင် ၁၄
ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့စစ်ပွဲအပါအဝင် ကမ္ဘာမှာလက်ရှိဖြစ်နေတဲ့ပြဿနာများက နျူကလီးယားစစ်ပွဲ (သို့မဟုတ်) တတိယကမ္ဘာစစ်ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က သတိပေး ပြောဆိုလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်ပြဿနာ၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှု၊ အီရန်နျူကလီးယားစာချုပ်တို့အပြင် ရုရှားနဲ့ ယူကရိန်းကြားဖြစ်နေတဲ့စစ်ပွဲနဲ့ နိုင်ငံများကြား အပြန်အလှန်ပိတ်ဆို့မှုချမှတ်ခြင်းများက ကမ္ဘာမှာ တင်းမာမှုအရှိန် မြင့်တက်လာနေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဆိုပါတယ်။
အဆိုပါအငြင်းပွားမှု၊ တင်းမာမှုတွေဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများရဲ့သြဇာလွှမ်းမိုးဖို့ ပြိုင်ဆိုင်မှုများကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် က ပြောပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ကမ္ဘောဒီးယားခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဖိုရမ်မှာ အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာဖြစ်နေတဲ့ပြဿနာတွေရဲ့အခြေအနေကိုခန့်မှန်းဖို့ ခက်ခဲပြီး ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုများအတွက် ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ ရေနံစျေးနှုန်းများ ဆက်လက်မြင့်တက်နေမယ်ဆိုရင် ကမ္ဘာ့စီးပွားရေးအခက်အခဲများဖြစ်လာနိုင်ဖွယ်ရှိပြီး ခရီးသွား လုပ်ငန်းအပေါ်ကိုလည်း သက်ရောက်လာနိုင်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က သုံးသပ်ပြောဆိုခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်က "လက်ရှိဖြစ်နေတဲ့ပြဿနာတွေက နျူကလီးယားစစ်ပွဲ ဒါမှမဟုတ် တတိယကမ္ဘာစစ်ကို ဖြစ်ပွားလာနိုင်ဖွယ်ရှိနေတယ်။ ဒီအဆင့်က မပြီးသေးဘူး။ အင်အားကြီးနိုင်ငံတွေဟာ တစ်ဖက်နဲ့တစ်ဖက် ခြိမ်းခြောက်နေတယ်" လို့ပြောပါတယ်။
စစ်ပွဲနဲ့ အပြန်အလှန်ပိတ်ဆို့မှု ပြစ်ဒဏ်ချမှတ်ခြင်းတွေက ကမ္ဘာ့နိုင်ငံတွေကိုပိုင်းခြားနေပြီး ခရီးသွားလုပ်ငန်းကို ဖျက်ဆီးနေတယ်လို့လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောပါတယ်။
https://dap--news-com.translate.goog/national/2022/07/14/262178/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

Zawgyi Version;
ကမာၻမွာ လက္ရွိျဖစ္ေနတဲ့ျပႆနာေတြက န်ဴကလီးယားစစ္ပြဲ (သို႔မဟုတ္) တတိယကမာၻစစ္ ျဖစ္လာႏိုင္ဖြယ္ရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ သုံးသပ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၄
ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့စစ္ပြဲအပါအဝင္ ကမာၻမွာလက္ရွိျဖစ္ေနတဲ့ျပႆနာမ်ားက န်ဴကလီးယားစစ္ပြဲ (သို႔မဟုတ္) တတိယကမာၻစစ္ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က သတိေပး ေျပာဆိုလိုက္ပါတယ္။
ကိုရီးယားကြၽန္းဆြယ္ျပႆနာ၊ ေတာင္တ႐ုတ္ပင္လယ္အျငင္းပြားမႈ၊ အီရန္န်ဴကလီးယားစာခ်ဳပ္တို႔အျပင္ ႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ေနတဲ့စစ္ပြဲနဲ႔ ႏိုင္ငံမ်ားၾကား အျပန္အလွန္ပိတ္ဆို႔မႈခ်မွတ္ျခင္းမ်ားက ကမာၻမွာ တင္းမာမႈအရွိန္ ျမင့္တက္လာေနေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ဆိုပါတယ္။
အဆိုပါအျငင္းပြားမႈ၊ တင္းမာမႈေတြဟာ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္၊ ႐ုရွား၊ အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံမ်ားရဲ႕ၾသဇာလႊမ္းမိုးဖို႔ ၿပိဳင္ဆိုင္မႈမ်ားေၾကာင့္ ျဖစ္လာခဲ့ျခင္းျဖစ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ က ေျပာပါတယ္။
ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ဇူလိုင္ ၁၄ ရက္ေန႔က က်င္းပခဲ့တဲ့ ကေမာၻဒီးယားခရီးသြားဝန္ေဆာင္မႈလုပ္ငန္း ဖိုရမ္မွာ အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။ လက္ရွိကမာၻမွာျဖစ္ေနတဲ့ျပႆနာေတြရဲ႕အေျခအေနကိုခန႔္မွန္းဖို႔ ခက္ခဲၿပီး ကေမာၻဒီးယားႏိုင္ငံအေနနဲ႔ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈမ်ားအတြက္ ျပင္ဆင္ထားရမွာျဖစ္ေၾကာင္း၊ ေရနံေစ်းႏႈန္းမ်ား ဆက္လက္ျမင့္တက္ေနမယ္ဆိုရင္ ကမာၻ႔စီးပြားေရးအခက္အခဲမ်ားျဖစ္လာႏိုင္ဖြယ္ရွိၿပီး ခရီးသြား လုပ္ငန္းအေပၚကိုလည္း သက္ေရာက္လာႏိုင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က သုံးသပ္ေျပာဆိုခဲ့ပါတယ္။
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က "လက္ရွိျဖစ္ေနတဲ့ျပႆနာေတြက န်ဴကလီးယားစစ္ပြဲ ဒါမွမဟုတ္ တတိယကမာၻစစ္ကို ျဖစ္ပြားလာႏိုင္ဖြယ္ရွိေနတယ္။ ဒီအဆင့္က မၿပီးေသးဘူး။ အင္အားႀကီးႏိုင္ငံေတြဟာ တစ္ဖက္နဲ႔တစ္ဖက္ ၿခိမ္းေျခာက္ေနတယ္" လို႔ေျပာပါတယ္။
စစ္ပြဲနဲ႔ အျပန္အလွန္ပိတ္ဆို႔မႈ ျပစ္ဒဏ္ခ်မွတ္ျခင္းေတြက ကမာၻ႔ႏိုင္ငံေတြကိုပိုင္းျခားေနၿပီး ခရီးသြားလုပ္ငန္းကို ဖ်က္ဆီးေနတယ္လို႔လည္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။
https://dap--news-com.translate.goog/national/2022/07/14/262178/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc