ရန်ကုန်မြို့ ဒလမြို့နယ်၌ ဆိုက်ကားတစ်စီးပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် အမျိုးသား(၁)ဦး သေဆုံး

 2266

NP News - ဇူလိုင် ၁၇
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၌ ဆိုက်ကားတစ်စီးပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ခရေလမ်း၊ သောက်သုံးရေကန်အနီးတွင် ဇူလိုင်လ ၁၆ ရက် ညနေ ၅ နာရီအချိန်ခန့်၌ အထက်ပါကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်လကြောင်း ၎င်းရပ်ကွက်အတွင်းနေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ဆိုက်ကားတစ်စီးဖြင့် ကိုသိန်းထိုက်နှင့် ဦးအောင်ကိုဦးတို့ စီးနင်းလိုက်ပါလာစဉ်အချိန် အခင်းဖြစ်ပွားရာနေရာအရောက်၌ ဆိုက်ကားပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် ဆိုက်ကားနင်းသူ ကိုသိန်းထိုက်နှင့် လိုက်ပါလာသူ ဦးအောင်ကိုဦးတို့မှာ ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် ဦးအောင်ကိုဦး ဆိုသူမှာ လမ်း၌ပင် သေဆုံးသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

ထို့ပြင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာများရရှိခဲ့သော ကိုသိန်းထိုက်မှာလည်း စိုးရိမ်ရသောအခြေအနေတွင်ရှိနေပြီး လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ ဒလၿမိဳ႕နယ္၌ ဆိုက္ကားတစ္စီးေပၚတြင္ ျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသား(၁)ဦး ေသဆုံး
NP News - ဇူလိုင္ ၁၇

ရန္ကုန္တိုင္း၊ ဒလၿမိဳ႕နယ္၌ ဆိုက္ကားတစ္စီးေပၚတြင္ ျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသား(၁)ဦး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ဒလၿမိဳ႕နယ္၊ ကမာကဆစ္ရပ္ကြက္၊ ခေရလမ္း၊ ေသာက္သုံးေရကန္အနီးတြင္ ဇူလိုင္လ ၁၆ ရက္ ညေန ၅ နာရီအခ်ိန္ခန႔္၌ အထက္ပါကဲ့သို႔ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္လေၾကာင္း ၎ရပ္ကြက္အတြင္းေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ဆိုက္ကားတစ္စီးျဖင့္ ကိုသိန္းထိုက္ႏွင့္ ဦးေအာင္ကိုဦးတို႔ စီးနင္းလိုက္ပါလာစဥ္အခ်ိန္ အခင္းျဖစ္ပြားရာေနရာအေရာက္၌ ဆိုက္ကားေပၚတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ထိုသို႔ေပါက္ကြဲမႈေၾကာင့္ ဆိုက္ကားနင္းသူ ကိုသိန္းထိုက္ႏွင့္ လိုက္ပါလာသူ ဦးေအာင္ကိုဦးတို႔မွာ ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ဦးေအာင္ကိုဦး ဆိုသူမွာ လမ္း၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

ထို႔ျပင္ ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာမ်ားရရွိခဲ့ေသာ ကိုသိန္းထိုက္မွာလည္း စိုးရိမ္ရေသာအေျခအေနတြင္ရွိေနၿပီး လက္ရွိတြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ ကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။

Picture

Mya Ngwe

17/07/2022 12:01

ကိုယ်ပြည်သူအချင်းချင်းတွေသတ်ဖိုနိုင်ငံခြားတိုင်းပြည်တွေကသွေးထိုးပေးငွေပေးပြီးခိုင်နေကြတာကိုငွေမက်ပြီးကိုယ်လူမျိုးချင်းချင်းပြန်သတ်ဖို့မိုက်လုံးကြီးနေကြတာဝဋ်ကကြာကြာမနေဘူးတူသောအကျိုးပေးကြတာကိုယ်လူမျိုးမောင်ဖြူမောင်မဲဘယ်သူသေသေရင်နာအောင်ခံစားရတာကအမှန်ကန်နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့သူတွေပါ

Related news

© 2021. All rights reserved.