ချင်းတွင်းတံတားပေါ်မှ အမျိုးသမီးတစ်ဦးခုန်ချမှု ဖြစ်ပွား

 1197

NP News - ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ချင်းတွင်းတံတာပေါ်မှ မြစ်ထဲသို့ အမျိုးသမီးတစ်ဦးခုန်ချသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(မုံရွာ)ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးက ခုန်ချခဲ့သည့်နေရာတွင် ဆိုင်ကယ်၊ ဖိနပ်နှင့် ဖခင်ဖြစ်သူ၏ ဖုန်းနံပါတ်ပါသည့် စာကိုချန်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၁၇ ရက်)၊ နံနက် ၁ဝနာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးသည် အသက်(၂ဝ)ဝန်းကျင်ခန့်သာရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

"ဖြစ်တာကတော့ ၁ဝ နာရီခွဲလောက်ဖြစ်တာ။ အစ်ကိုတို့ရောက်သွားတဲ့အချိန်မှာတော့ တံတားပေါ်မှာ ဆိုင်ကယ်တစ်စီးတွေ့တယ်။ ဆိုင်ကယ်က Kenbo 125 အမျိုးအစားဖြစ်တယ်။ ပြီးတော့ စာရွက်တစ်ရွက်တွေ့တယ်။ စာရွက်ပေါ်မှာတော့ သူ့အဖေနာမည်နဲ့ဆိုပြီးတော့ ဖုန်းနံပါတ်ရေးပြီးချန်ခဲ့တယ်။ ပြီးတော့ ဖိနပ်လည်းရှိနေတယ်"လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်ကိုကိုက NP News ကို ပြော သည်။

အသက်(၂ဝ)ဝန်းကျင်ရှိ အမျိုးသမီးသည် ချင်းတွင်းတံတားပေါ်မှ ခုန်ချသွားခဲ့ခြင်းရှိ၊ မရှိကို အနီးအနားရှိ မည်သူတစ်ဦးတစ်ယောက်မျှတွေ့ရှိခဲ့ခြင်းမရှိကြောင်း ၎င်းမှ ဆက် လက်ပြောသည်။

"ကျွန်တော်တို့ကတော့ လက်ရှိမှာ အဲ့အမျိုးသမီးကို ဆက်လက်ရှာဖွေနေတယ်။သူ့အဖေဖြစ်သူကတော့ သက်ဆိုင်ရာက ဖုန်းဆက်လိုက်တော့ ရောက်လာတယ်လို့ပြောတယ်။ ကျွန်တော်တို့ရှာဖွေရေးတွေ လုပ်နေတဲ့အတွက် သူ့အဖေနဲ့တော့ မတွေ့လိုက်ဘူး"လို့ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်ကိုကိုက NP News ကို ပြောသည်။

လက်ရှိတွင် ချင်းတွင်းတံတားပေါ်မှ ရေထဲသို့ ခုန်ချသွားကြောင်း ယူဆရသည့် အသက် (၂ဝ)ဝန်းကျင်းကျင်ရှိ အမျိုးသမီးကို သတင်းအရဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
ခ်င္းတြင္းတံတားေပၚမွ အမ်ိဳးသမီးတစ္ဦးခုန္ခ်မႈ ျဖစ္ပြား
NP News - ဇူလိုင္ ၁၇

စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕၊ ခ်င္းတြင္းတံတာေပၚမွ ျမစ္ထဲသို႔ အမ်ိဳးသမီးတစ္ဦးခုန္ခ်သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမူကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာ)ထံမွ သိရသည္။

အဆိုပါ အမ်ိဳးသမီးက ခုန္ခ်ခဲ့သည့္ေနရာတြင္ ဆိုင္ကယ္၊ ဖိနပ္ႏွင့္ ဖခင္ျဖစ္သူ၏ ဖုန္းနံပါတ္ပါသည့္ စာကိုခ်န္ခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္သည္ ယေန႔ (ဇူလိုင္လ ၁၇ ရက္)၊ နံနက္ ၁ဝနာရီခြဲခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသမီးသည္ အသက္(၂ဝ)ဝန္းက်င္ခန႔္သာရွိေၾကာင္း ၎တို႔ထံမွ သိရသည္။

"ျဖစ္တာကေတာ့ ၁ဝ နာရီခြဲေလာက္ျဖစ္တာ။ အစ္ကိုတို႔ေရာက္သြားတဲ့အခ်ိန္မွာေတာ့ တံတားေပၚမွာ ဆိုင္ကယ္တစ္စီးေတြ႕တယ္။ ဆိုင္ကယ္က Kenbo 125 အမ်ိဳးအစားျဖစ္တယ္။ ၿပီးေတာ့ စာ႐ြက္တစ္႐ြက္ေတြ႕တယ္။ စာ႐ြက္ေပၚမွာေတာ့ သူ႔အေဖနာမည္နဲ႔ဆိုၿပီးေတာ့ ဖုန္းနံပါတ္ေရးၿပီးခ်န္ခဲ့တယ္။ ၿပီးေတာ့ ဖိနပ္လည္းရွိေနတယ္"လို႔ ျမန္မာႏိုင္ငံလူမူကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာ)၏ ဥကၠ႒ျဖစ္သူ ဦးစိန္ကိုကိုက NP News ကို ေျပာ သည္။

အသက္(၂ဝ)ဝန္းက်င္ရွိ အမ်ိဳးသမီးသည္ ခ်င္းတြင္းတံတားေပၚမွ ခုန္ခ်သြားခဲ့ျခင္းရွိ၊ မရွိကို အနီးအနားရွိ မည္သူတစ္ဦးတစ္ေယာက္မွ်ေတြ႕ရွိခဲ့ျခင္းမရွိေၾကာင္း ၎မွ ဆက္ လက္ေျပာသည္။

"ကြၽန္ေတာ္တို႔ကေတာ့ လက္ရွိမွာ အဲ့အမ်ိဳးသမီးကို ဆက္လက္ရွာေဖြေနတယ္။သူ႔အေဖျဖစ္သူကေတာ့ သက္ဆိုင္ရာက ဖုန္းဆက္လိုက္ေတာ့ ေရာက္လာတယ္လို႔ေျပာတယ္။ ကြၽန္ေတာ္တို႔ရွာေဖြေရးေတြ လုပ္ေနတဲ့အတြက္ သူ႔အေဖနဲ႔ေတာ့ မေတြ႕လိုက္ဘူး"လို႔ ဥကၠ႒ျဖစ္သူ ဦးစိန္ကိုကိုက NP News ကို ေျပာသည္။

လက္ရွိတြင္ ခ်င္းတြင္းတံတားေပၚမွ ေရထဲသို႔ ခုန္ခ်သြားေၾကာင္း ယူဆရသည့္ အသက္ (၂ဝ)ဝန္းက်င္းက်င္ရွိ အမ်ိဳးသမီးကို သတင္းအရဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.