အာဇာနည်ဗိမာန်ကို လာရောက်မည့်သူများအနေဖြင့် ဖုန်းအပါအဝင် ပစ္စည်း(၁ဝ)မျိုး မယူဆောင်လာရန် နစက အသိပေး

 1648

ယွန်း (NP News) - ဇူလိုင် ၁၇
ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် (၇၅)ကြိမ်မြောက် အာဇာနည်နေ့၌ အာဇာနည်ဗိမာန်သို့ လာရောက်မည့်သူများအနေဖြင့် ဖုန်းအပါအဝင် ပစ္စည်း(၁ဝ)မျိုး ယူဆောင်မလာရန် နစကဘက်က အသိပေးထုတ်ပြန်ထားသည်။

လက်ကိုင်ဖုန်းအပါအဝင် ဘောလ်ပင်အမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/သံပိုက်များမယူဆောင်လာရန် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အာဇာနည်နေ့တွင် တတ်ရောက်သူများအနေဖြင့် နှာခေါင်းစည်း(MASK) မ ပျက်မကွက်တပ်ဆင်ရန်နှင့် သတ်မှတ်ထားသောနေရာများတွင် လက်ဆေးခြင်း၊ အသင့်ထားရှိသော Hand Sanitizer သုတ်လိမ်းပြီးမှသာ ဝင်ရောက်ခွင့်ပြုမည် ဖြစ် ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဗဟန်းမြို့နယ်၊ လင့်ခ်လမ်းတွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာစိစစ်မှုများနှင့် နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်)ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြားယူဆောင်လာရန် နစကမှထည့်သွင်း အသိပေးထားသည်။

၎င်းအပြင် ကျန်းမာရေးဌာနမှသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ တာ ဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုကို ပူးပေါင်းပါဝင်ရန်နှင့် ကိုယ်အပူချိန်မြင့်ခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများတွေ့ရှိပါက သက်ဆိုင်ရာ၏အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။

အာဇာနည်နေ့တွင် လာရောက်ဂါရဝပြုသူများသည် တာဝန်ထမ်းဆောင်သူများ၏ စီစဉ်ဆောင်ရွက်မှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ဂါရဝပြုရာတွင် တစ်ဦးလျှင် (၆)ပေခြား၍ (၁)ကြိမ်လျှင် (၁ဝ)ဦးစီဖြင့် သတ်မှတ်နေရာတွင် ဂါရဝပြုရန် နစကမှ အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါအာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါရှိနေသူများအား လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုရန် နှင့် နေမကောင်းဖြစ်နေသူများအပါအဝင် အသက်ရှုရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေသူများသည်လည်း လုံးဝ(လုံးဝ)လာရောက်ခြင်း မပြုရန် ထည့်သွင်းထုတ်ပြန်ထားသည်။

ထို့အတူ အတွင်းဝန်ရုံး(ယခင် ဝန်ကြီများရုံး)နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွား ရောက်လည်ပတ်မည့်သူများအနေဖြင့် အထက်ပါကဲ့သို့ ပစ္စည်းများယူဆောင်လာခြင်းကို ခွင့်မပြုကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version
အာဇာနည္ဗိမာန္ကို လာေရာက္မည့္သူမ်ားအေနျဖင့္ ဖုန္းအပါအဝင္ ပစၥည္း(၁ဝ)မ်ိဳး မယူေဆာင္လာရန္ နစက အသိေပး
ယြန္း (NP News) - ဇူလိုင္ ၁၇

ဇူလိုင္လ ၁၉ ရက္တြင္ က်ေရာက္မည့္ (၇၅)ႀကိမ္ေျမာက္ အာဇာနည္ေန႔၌ အာဇာနည္ဗိမာန္သို႔ လာေရာက္မည့္သူမ်ားအေနျဖင့္ ဖုန္းအပါအဝင္ ပစၥည္း(၁ဝ)မ်ိဳး ယူေဆာင္မလာရန္ နစကဘက္က အသိေပးထုတ္ျပန္ထားသည္။

လက္ကိုင္ဖုန္းအပါအဝင္ ေဘာလ္ပင္အမ်ိဳးမ်ိဳး၊ အလံအမ်ိဳးမ်ိဳး၊ လက္ကိုင္အိတ္အမ်ိဳးမ်ိဳး၊ ကင္မရာအမ်ိဳးမ်ိဳး၊ မီးျခစ္အမ်ိဳးမ်ိဳး၊ ပန္းေခြ/ပန္းစည္း/ပန္းျခင္းအမ်ိဳးမ်ိဳး၊ ဗီႏိုင္းစအမ်ိဳးမ်ိဳး၊ ပုလင္း/ဘူးအမ်ိဳးမ်ိဳး၊ အလံကိုင္ေဆာင္ရာတြင္ အသုံးျပဳသည့္ တုတ္ႏွင့္ေကာ္ပိုက္/သံပိုက္မ်ားမယူေဆာင္လာရန္ အသိေပးထုတ္ျပန္ထားသည္။

အဆိုပါ အာဇာနည္ေန႔တြင္ တတ္ေရာက္သူမ်ားအေနျဖင့္ ႏွာေခါင္းစည္း(MASK) မ ပ်က္မကြက္တပ္ဆင္ရန္ႏွင့္ သတ္မွတ္ထားေသာေနရာမ်ားတြင္ လက္ေဆးျခင္း၊ အသင့္ထားရွိေသာ Hand Sanitizer သုတ္လိမ္းၿပီးမွသာ ဝင္ေရာက္ခြင့္ျပဳမည္ ျဖစ္ ေၾကာင္းလည္း ထုတ္ျပန္ထားသည္။

ဗဟန္းၿမိဳ႕နယ္၊ လင့္ခ္လမ္းတြင္ ကိုယ္အပူခ်ိန္တိုင္းတာျခင္းအပါအဝင္ က်န္းမာေရးဆိုင္ရာစိစစ္မႈမ်ားႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္(သို႔မဟုတ္)ကိုယ္ေရးအခ်က္အလက္ စိစစ္ႏိုင္သည့္ အသိအမွတ္ျပဳကတ္ျပားယူေဆာင္လာရန္ နစကမွထည့္သြင္း အသိေပးထားသည္။

၎အျပင္ က်န္းမာေရးဌာနမွသတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းႏွင့္အညီ တာ ဝန္ရွိသူမ်ား၏ စီစဥ္ေဆာင္႐ြက္ေပးမႈကို ပူးေပါင္းပါဝင္ရန္ႏွင့္ ကိုယ္အပူခ်ိန္ျမင့္ျခင္းအပါအဝင္ သံသယျဖစ္ဖြယ္လကၡဏာမ်ားေတြ႕ရွိပါက သက္ဆိုင္ရာ၏အႀကံျပဳခ်က္အတိုင္း လိုက္နာေဆာင္႐ြက္ရန္ ထုတ္ျပန္ထားသည္။

အာဇာနည္ေန႔တြင္ လာေရာက္ဂါရဝျပဳသူမ်ားသည္ တာဝန္ထမ္းေဆာင္သူမ်ား၏ စီစဥ္ေဆာင္႐ြက္မႈႏွင့္အညီ လိုက္နာေဆာင္႐ြက္ရန္ႏွင့္ ဂါရဝျပဳရာတြင္ တစ္ဦးလွ်င္ (၆)ေပျခား၍ (၁)ႀကိမ္လွ်င္ (၁ဝ)ဦးစီျဖင့္ သတ္မွတ္ေနရာတြင္ ဂါရဝျပဳရန္ နစကမွ အသိေပး ထုတ္ျပန္ထားသည္။

အဆိုပါအာဇာနည္ေန႔တြင္ အာဇာနည္ဗိမာန္သို႔ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ နာတာရွည္ ေရာဂါရွိေနသူမ်ားအား လုံးဝ (လုံးဝ) လာေရာက္ျခင္းမျပဳရန္ ႏွင့္ ေနမေကာင္းျဖစ္ေနသူမ်ားအပါအဝင္ အသက္ရႈရခက္ခဲျခင္း၊ အားအင္ကုန္ခမ္းျခင္းစသည့္ ေရာဂါလကၡဏာမ်ား ျဖစ္ပြားေနသူမ်ားသည္လည္း လုံးဝ(လုံးဝ)လာေရာက္ျခင္း မျပဳရန္ ထည့္သြင္းထုတ္ျပန္ထားသည္။

ထို႔အတူ အတြင္းဝန္႐ုံး(ယခင္ ဝန္ႀကီမ်ား႐ုံး)ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္သို႔ သြား ေရာက္လည္ပတ္မည့္သူမ်ားအေနျဖင့္ အထက္ပါကဲ့သို႔ ပစၥည္းမ်ားယူေဆာင္လာျခင္းကို ခြင့္မျပဳေၾကာင္းလည္း အသိေပးထုတ္ျပန္ထားသည္။

© 2021. All rights reserved.