ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ရာအိမ်မှူးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးသေဆုံး
                        
                            
                             
 1534
 
                             
                            
                            
                         
                        
                        NP News - ဇူလိုင် ၁၇
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ (၁၅)ရပ်ကွက် ရာအိမ်မှူးနှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက် ၁ဝ နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့ နယ် (၁၅)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးရှိ လက်ဘက်ရည်ဆိုင်တွင် ပစ် ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းရပ်ကွက်အတွင်းနေထိုင်သော သတင်းအရင်း အမြစ်တစ်ဦးက ပြောသည်။
အဆိုပါလက်ဘက်ရည်ဆိုင်တွင် ရာအိမ်းမှူးဖြစ်သူ ဦးဝင်းနိုင်နှင့် ဦးထွန်းမင်းတို့ ထိုင်နေစဉ်အချိန် လူတစ်စုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ရာအိမ်မှူးဖြစ်သူ ဦးဝင်းနိုင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးထွန်းမင်းမှာလည်း ဒဏ်ရာများရရှိကာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အ ခင်းဖြစ်ပွားရာအနီးတစ်ဝိုက်တွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်သွားကြောင်း သိရသည်။
                     
                        
                                                                    
zawgyi version
ရန္ကုန္ၿမိဳ႕ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ရာအိမ္မႉးႏွစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရၿပီး တစ္ဦးေသဆုံး
NP News - ဇူလိုင္ ၁၇
ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ (၁၅)ရပ္ကြက္ ရာအိမ္မႉးႏွစ္ဦးမွာ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရၿပီး တစ္ဦးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇူလိုင္လ ၁၇ ရက္) နံနက္ ၁ဝ နာရီအခ်ိန္ခန႔္တြင္ ေ႐ႊျပည္သာၿမိဳ႕ နယ္ (၁၅)ရပ္ကြက္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးေဘးရွိ လက္ဘက္ရည္ဆိုင္တြင္ ပစ္ ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ၎ရပ္ကြက္အတြင္းေနထိုင္ေသာ သတင္းအရင္း အျမစ္တစ္ဦးက ေျပာသည္။
အဆိုပါလက္ဘက္ရည္ဆိုင္တြင္ ရာအိမ္းမႉးျဖစ္သူ ဦးဝင္းႏိုင္ႏွင့္ ဦးထြန္းမင္းတို႔ ထိုင္ေနစဥ္အခ်ိန္ လူတစ္စုက ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။
ထိုသို႔ ပစ္ခတ္မႈေၾကာင့္ ရာအိမ္မႉးျဖစ္သူ ဦးဝင္းႏိုင္မွာ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ၿပီး ဦးထြန္းမင္းမွာလည္း ဒဏ္ရာမ်ားရရွိကာ စိုးရိမ္ရသည့္အေျခအေနတြင္ ရွိေၾကာင္း သိရသည္။
ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာကာ အ ခင္းျဖစ္ပြားရာအနီးတစ္ဝိုက္တြင္ ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္သြားေၾကာင္း သိရသည္။