ကလေးမြို့တွင် ကျောင်းဆရာမ(၇)ဦး၏နေအိမ်များသို့ ခြိမ်းခြောက်စာများပေးပို့ခံရ

1402

NP News - ဇူလိုင် ၁၉
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကျောင်းဆရာမ(၇)ဦး၏ နေအိမ်များသို့ ခြိမ်းခြောက်စာများ ပေးပို့ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက်၊ နံနက် ၆ နာရီအချိန်တွင် ကလေးမြို့၊ ထောက်ကြန့်ကျေး ရွာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာမ(၇)ဦး၏ နေအိမ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်ဖြင့် ခြိမ်းခြောက်စာနှင့်အတူ ကျည်ဆံတစ်တောင့်တို့အား လာရောက်ပစ်ချ၍ ခြိမ်းခြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောသည်။
၎င်းခြိမ်းခြောက်စာတွင် “ဆရာ/ဆရာမများ CDM ပြုလုပ်ရန်၊ ကျောင်းဆက်တက်ခြင်း ဆက်လက်မပြုလုပ်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက အပြတ်ချေမှုန်းသွားမည်ဖြစ် ကြောင်း နောက်ဆုံးအနေဖြင့် သတိပေးခြင်း”ဟု ရေးသားထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းပေးထုတ်ပြန်ထားသည်။
အလားတူ ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက် အခြေခံပညာအ ထက်တန်းကျောင်းတွင် လည်းကောင်း၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း ခြိမ်းခြောက်ဆန့်ကျင်သည့် စာများဖြင့်ရေးသားနှောင့်ယှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက် လက်သတင်းပေးထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

zawgyi version
ကေလးၿမိဳ႕တြင္ ေက်ာင္းဆရာမ(၇)ဦး၏ေနအိမ္မ်ားသို႔ ၿခိမ္းေျခာက္စာမ်ားေပးပို႔ခံရ
NP News - ဇူလိုင္ ၁၉
စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕တြင္ ေက်ာင္းဆရာမ(၇)ဦး၏ ေနအိမ္မ်ားသို႔ ၿခိမ္းေျခာက္စာမ်ား ေပးပို႔ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇူလိုင္လ ၁၇ ရက္၊ နံနက္ ၆ နာရီအခ်ိန္တြင္ ကေလးၿမိဳ႕၊ ေထာက္ၾကန႔္ေက်း ႐ြာ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ အဆိုပါေက်း႐ြာ အေျခခံပညာအထက္တန္းေက်ာင္းတြင္ တာဝန္ထမ္းေဆာင္ေနၾကသည့္ ေက်ာင္းဆရာမ(၇)ဦး၏ ေနအိမ္မ်ားအား ျပည္သူ႔ကာကြယ္ေရးအဖြဲ႕အမည္ျဖင့္ ၿခိမ္းေျခာက္စာႏွင့္အတူ က်ည္ဆံတစ္ေတာင့္တို႔အား လာေရာက္ပစ္ခ်၍ ၿခိမ္းေျခာက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွေျပာသည္။
၎ၿခိမ္းေျခာက္စာတြင္ “ဆရာ/ဆရာမမ်ား CDM ျပဳလုပ္ရန္၊ ေက်ာင္းဆက္တက္ျခင္း ဆက္လက္မျပဳလုပ္ရန္ႏွင့္ ဆက္လက္လုပ္ေဆာင္ပါက အျပတ္ေခ်မႈန္းသြားမည္ျဖစ္ ေၾကာင္း ေနာက္ဆုံးအေနျဖင့္ သတိေပးျခင္း”ဟု ေရးသားထားေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းေပးထုတ္ျပန္ထားသည္။
အလားတူ ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕၊ ေကာင္ကေထာင္ရပ္ကြက္ အေျခခံပညာအ ထက္တန္းေက်ာင္းတြင္ လည္းေကာင္း၊ ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္၊ ေက်ာက္ေျမာင္းအေရွ႕ရပ္ကြက္ရွိ အမွတ္(၂) အေျခခံပညာအထက္တန္းေက်ာင္းတြင္ လည္းေကာင္း ၿခိမ္းေျခာက္ဆန႔္က်င္သည့္ စာမ်ားျဖင့္ေရးသားေႏွာင့္ယွက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆက္ လက္သတင္းေပးထုတ္ျပန္ထားသည္။
အထက္ပါျဖစ္စဥ္တြင္ ပါဝင္ပတ္သက္ခဲ့သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။