ကလေးငယ်တစ်ဦးကို မျောက်အုပ်စုလုယူပြီး တိုက်ပေါ်ကပစ်ချခဲ့တာကြောင့် လေးလအရွယ်ကလေးငယ် သေဆုံး

3555

ဖြိုးခန့် (NP News) - ဇူလိုင် ၂ဝ
အိန္ဒိယနိုင်ငံတွင် လေးလသားအရွယ်ကလေးငယ်တစ်ဦးကို မိဘများလက်ထဲကနေ မျောက်များသည် လုယူပြီး အဆောက်အဦးပေါ်မှ ပစ်ချခဲ့သည့်အတွက် ကလေးငယ် သေဆုံးသွားခဲ့ကြောင်းသိရသည်။
ကလေးငယ်၏ဖခင်ဖြစ်သူ နီဒက်ချ် အူပတ်ယေးသည် ဇူလိုင်(၁၅)ရက်နေ့တွင် ဥတ္တရာပရာဒက်ချ်ပြည်နယ် ဘာရီလီ မြို့ရှိ ၎င်းတို့နေအိမ်တွင် လျှပ်စစ်မီးပြတ်သွားသဖြင့် ဇနီးသည်နှင့်အတူ တတိယထပ်ခေါင်မိုးလှေကားထစ်သို့ မွေးကင်းစကလေးငယ်ကိုချီကာ တက်လာခဲ့ကြောင်း သိရသည်။
တတိယထပ်လှေကားထစ်သို့ရောက်ပြီးမကြာမီ မျောက်အုပ်စုသည် အခြားအခန်းခေါင်မိုးပေါ်မှ ၎င်းတို့၏အိမ်ပေါ် သို့ ခုန်ကူးလာခဲ့ပြီး ၎င်းတို့မိသားစုကို ဝိုင်းရံထားခဲ့ကြောင်းသိရသည်။ အဆိုပါမိသားစုသည် အထဲကို ချက်ချင်းပြေး ဝင်ရန် ကြိုးစားသော်လည်း မျောက်တစ်ကောင်သည် ကလေးငယ်ကို လှမ်းဆွဲယူကာ အိမ်ခေါင်မိုးပေါ်မှ ချက်ချင်းပစ်ချခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်၊၊
အခြားမိသားစုဝင်များသည် အကူအညီပေးရန် လှေကားထစ်သို့ ချက်ချင်းပြေးတက်ခဲ့သော်လည်း မျောက်များ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်း သိရသည်၊၊ လယ်သမားတစ်ဦးဖြစ်သည့် အူပတ်ယေးက “အခင်းဖြစ်ပွားခဲ့ချိန်က ဇူလိုင်လ (၁၅) ရက်နေ့ ညနေမှောင်ရီပျိုးကာစ အချိန်မှာဖြစ်ခဲ့တာပါ၊၊ ကျွန်တော်တို့ဟာ သားကြီးမွေးနေ့အတွက် ပြင်ဆင်နေခဲ့တာပါ၊၊ အဲဒီအချိန်မှာ သားငယ်ကငိုတော့ ကျွန်တော်သူ့ကိုချီပီး လှေကားထစ်ပေါ်သို့တက်သွားခဲ့ပါ တယ်၊၊ သိပ်မကြာခင်မှာပဲ မျောက်အချို့ဟာ အခြားခေါင်းမိုးပေါ်ကနေ ခုန်ဆင်းလာခဲ့ပြီး မျောက်နှစ်ကောင်က ကျွန်တော့်ကို တိုက်ခိုက်ခဲ့တယ်။ သူတို့ရဲ့ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ မျောက်တွေထဲက တစ်ကောင်က ကျွန်တော့်ရဲ့ သားငယ်ကိုဆွဲယူသွားခဲ့ပြီး ခေါင်မိုးပေါ်ကနေပစ်ချခဲ့ပါတယ်၊၊ ကျွန်တော်အော်ဟစ်အကူအညီတောင်းခဲ့ပြီးတော့ ပစ်ချခံခဲ့ရတဲ့ ကျွန်တော့်သားဆီကို ချက်ချင်းပြေးသွားခဲ့တယ်၊၊ ကျွန်တော့်သားငယ်ကို သွေးအိုင်ထဲမှာတွေ့ခဲ့ တယ်” ဟု ပြောခဲ့သည်၊၊
အဆိုပါပြည်နယ်သည် လူများကိုတိုက်ခိုက်သည်ဟု နာမည်ကြီးသည့် မျောက်ဖင်နီများ လည်ပတ်နေသည့် လူဦးရေထူထပ်သော နေရာတစ်ခုလည်းဖြစ်သည်၊၊ အဆိုပါမိသားစုအပေါ် မျောက်များ၏အပြုအမူသည် ပုံမှန် မဟုတ်ကြောင်းနှင့် ထပ်မံလေ့လာစုံစမ်းရန် လိုအပ်ကြောင်း ဒေသခံသစ်တောအရာရှိတစ်ဦးက ပြောကြားခဲ့သည်၊၊
အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန်အတွက် ဒေသခံရဲများနှင့် တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်များကို ခေါ်ယူထားကြောင်းသိရသည်၊၊ အဆိုပါဒေသရှိ အာဏာပိုင်များသည် ဆူပူအကြမ်းဖက်များ တိုးမြင့်လာပြီးနောက် မျောက်များကို လူနေထူထပ်သောနေရာများမှပြောင်းရွှေ့ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်၊၊
အဆိုပါမြို့တွင် ယခင်ကလည်း အသက်(၅)နှစ်အရွယ် မိန်းခလေးတစ်ဦးကို မျောက်များကဆွဲခေါ်သွားခဲ့ပြီး ဝိုင်းဝန်း ကုတ်ခြစ်ခြင်းကြောင့် အရေပြားများစုတ်ပြတ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်၊၊
Shahjahanpur မြို့တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်က မျောက်များသည် အမျိုးသမီးတစ်ဦးနှင့် သူမ၏ကလေး(၄)ဦး အပေါ် အုတ်ခဲများတွန်းချခဲ့မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
https://metro.co.uk/2022/07/19/india-monkeys-snatch-baby-from-dads-arms-and-throw-him-to-his-death-17025190/?ito=push-notification&ci=LqCT1Mw20G&cri=OylderYJh5&si=7lksVfXbJc0t&xi=ca788154-5e2e-4eb4-a5b7-7f8fce0e2adf&ai=17025190

Zawgyi Version;
ကေလးငယ္တစ္ဦးကို ေမ်ာက္အုပ္စုလုယူၿပီး တိုက္ေပၚကပစ္ခ်ခဲ့တာေၾကာင့္ ေလးလအ႐ြယ္ကေလးငယ္ ေသဆုံး
ၿဖိဳးခန္႔ (NP News) - ဇူလိုင္ ၂ဝ
အိႏၵိယႏိုင္ငံတြင္ ေလးလသားအ႐ြယ္ကေလးငယ္တစ္ဦးကို မိဘမ်ားလက္ထဲကေန ေမ်ာက္မ်ားသည္ လုယူၿပီး အေဆာက္အဦးေပၚမွ ပစ္ခ်ခဲ့သည့္အတြက္ ကေလးငယ္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။
ကေလးငယ္၏ဖခင္ျဖစ္သူ နီဒက္ခ်္ အူပတ္ေယးသည္ ဇူလိုင္(၁၅)ရက္ေန႔တြင္ ဥတၱရာပရာဒက္ခ်္ျပည္နယ္ ဘာရီလီ ၿမိဳ႕ရွိ ၎တို႔ေနအိမ္တြင္ လွ်ပ္စစ္မီးျပတ္သြားသျဖင့္ ဇနီးသည္ႏွင့္အတူ တတိယထပ္ေခါင္မိုးေလွကားထစ္သို႔ ေမြးကင္းစကေလးငယ္ကိုခ်ီကာ တက္လာခဲ့ေၾကာင္း သိရသည္။
တတိယထပ္ေလွကားထစ္သို႔ေရာက္ၿပီးမၾကာမီ ေမ်ာက္အုပ္စုသည္ အျခားအခန္းေခါင္မိုးေပၚမွ ၎တို႔၏အိမ္ေပၚ သို႔ ခုန္ကူးလာခဲ့ၿပီး ၎တို႔မိသားစုကို ဝိုင္းရံထားခဲ့ေၾကာင္းသိရသည္။ အဆိုပါမိသားစုသည္ အထဲကို ခ်က္ခ်င္းေျပး ဝင္ရန္ ႀကိဳးစားေသာ္လည္း ေမ်ာက္တစ္ေကာင္သည္ ကေလးငယ္ကို လွမ္းဆြဲယူကာ အိမ္ေခါင္မိုးေပၚမွ ခ်က္ခ်င္းပစ္ခ်ခဲ့သျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္၊၊
အျခားမိသားစုဝင္မ်ားသည္ အကူအညီေပးရန္ ေလွကားထစ္သို႔ ခ်က္ခ်င္းေျပးတက္ခဲ့ေသာ္လည္း ေမ်ာက္မ်ား၏ တိုက္ခိုက္ျခင္းကိုခံခဲ့ရေၾကာင္း သိရသည္၊၊ လယ္သမားတစ္ဦးျဖစ္သည့္ အူပတ္ေယးက “အခင္းျဖစ္ပြားခဲ့ခ်ိန္က ဇူလိုင္လ (၁၅) ရက္ေန႔ ညေနေမွာင္ရီပ်ိဳးကာစ အခ်ိန္မွာျဖစ္ခဲ့တာပါ၊၊ ကြၽန္ေတာ္တို႔ဟာ သားႀကီးေမြးေန႔အတြက္ ျပင္ဆင္ေနခဲ့တာပါ၊၊ အဲဒီအခ်ိန္မွာ သားငယ္ကငိုေတာ့ ကြၽန္ေတာ္သူ႔ကိုခ်ီပီး ေလွကားထစ္ေပၚသို႔တက္သြားခဲ့ပါ တယ္၊၊ သိပ္မၾကာခင္မွာပဲ ေမ်ာက္အခ်ိဳ႕ဟာ အျခားေခါင္းမိုးေပၚကေန ခုန္ဆင္းလာခဲ့ၿပီး ေမ်ာက္ႏွစ္ေကာင္က ကြၽန္ေတာ့္ကို တိုက္ခိုက္ခဲ့တယ္။ သူတို႔ရဲ႕ေခါင္းေဆာင္ျဖစ္ပုံေပၚတဲ့ ေမ်ာက္ေတြထဲက တစ္ေကာင္က ကြၽန္ေတာ့္ရဲ႕ သားငယ္ကိုဆြဲယူသြားခဲ့ၿပီး ေခါင္မိုးေပၚကေနပစ္ခ်ခဲ့ပါတယ္၊၊ ကြၽန္ေတာ္ေအာ္ဟစ္အကူအညီေတာင္းခဲ့ၿပီးေတာ့ ပစ္ခ်ခံခဲ့ရတဲ့ ကြၽန္ေတာ့္သားဆီကို ခ်က္ခ်င္းေျပးသြားခဲ့တယ္၊၊ ကြၽန္ေတာ့္သားငယ္ကို ေသြးအိုင္ထဲမွာေတြ႕ခဲ့ တယ္” ဟု ေျပာခဲ့သည္၊၊
အဆိုပါျပည္နယ္သည္ လူမ်ားကိုတိုက္ခိုက္သည္ဟု နာမည္ႀကီးသည့္ ေမ်ာက္ဖင္နီမ်ား လည္ပတ္ေနသည့္ လူဦးေရထူထပ္ေသာ ေနရာတစ္ခုလည္းျဖစ္သည္၊၊ အဆိုပါမိသားစုအေပၚ ေမ်ာက္မ်ား၏အျပဳအမူသည္ ပုံမွန္ မဟုတ္ေၾကာင္းႏွင့္ ထပ္မံေလ့လာစုံစမ္းရန္ လိုအပ္ေၾကာင္း ေဒသခံသစ္ေတာအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္၊၊
အဆိုပါျဖစ္ရပ္ကို စုံစမ္းစစ္ေဆးရန္အတြက္ ေဒသခံရဲမ်ားႏွင့္ ေတာ႐ိုင္းတိရိစာၦန္ ကာကြယ္ေစာင့္ေရွာက္ေရး အာဏာပိုင္မ်ားကို ေခၚယူထားေၾကာင္းသိရသည္၊၊ အဆိုပါေဒသရွိ အာဏာပိုင္မ်ားသည္ ဆူပူအၾကမ္းဖက္မ်ား တိုးျမင့္လာၿပီးေနာက္ ေမ်ာက္မ်ားကို လူေနထူထပ္ေသာေနရာမ်ားမွေျပာင္းေ႐ႊ႕ရန္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္၊၊
အဆိုပါၿမိဳ႕တြင္ ယခင္ကလည္း အသက္(၅)ႏွစ္အ႐ြယ္ မိန္းခေလးတစ္ဦးကို ေမ်ာက္မ်ားကဆြဲေခၚသြားခဲ့ၿပီး ဝိုင္းဝန္း ကုတ္ျခစ္ျခင္းေၾကာင့္ အေရျပားမ်ားစုတ္ျပတ္ကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္၊၊
Shahjahanpur ၿမိဳ႕တြင္ လြန္ခဲ့သည့္ ႏွစ္ႏွစ္ခန႔္က ေမ်ာက္မ်ားသည္ အမ်ိဳးသမီးတစ္ဦးႏွင့္ သူမ၏ကေလး(၄)ဦး အေပၚ အုတ္ခဲမ်ားတြန္းခ်ခဲ့မႈေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
https://metro.co.uk/2022/07/19/india-monkeys-snatch-baby-from-dads-arms-and-throw-him-to-his-death-17025190/?ito=push-notification&ci=LqCT1Mw20G&cri=OylderYJh5&si=7lksVfXbJc0t&xi=ca788154-5e2e-4eb4-a5b7-7f8fce0e2adf&ai=17025190