မန္တလေးမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်နှင့် စာသင်ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား

 1533

NP News - ဇူလိုင် ၂ဝ
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ရပ်ကွက်အုပ် ချုပ်ရေးမှူးအိမ်နှင့် စာသင်ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၈ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၃)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁ဝ၇ လမ်းတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၏ နေအိမ်နှင့် နေအိမ်ဘေးရှိ “သုခစံ” အိမ်ဆောက်ပစ္စည်းဆိုင်ခြံဝင်းကြားတွင် လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါလက်ပစ်ဗုံးမှာ ၁ဝ၇ လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်အမျိုးသား နှစ်ဦးက ပစ်ပေါက်ထွက်ပြေးသွားခြင်းဖြစ်ပြီး ခြံဝင်း နှစ်ခုကြားသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အထက်ပါပေါက်ကွဲမှုကြောင့်“သုခစံ” အိမ်ဆောက်ပစ္စည်းဆိုင်၏ ပြတင်းမှန်တံခါး သုံးချက်ကွဲအပ်ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။

အလားတူ ည ၁ဝ နာရီအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်း ကြားရှိ အမှတ်(၃၆) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း လက်လုပ်မိုင်း တစ် လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ကျောင်းရှေ့တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေသော ပြည်ကြီးရန်လုံရပ်ကွက်နေ ဖြိုးသက်ပိုင်ခန့် (၂၃)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းထဲတွင် ရပ်ထားသော HIJET ယာဉ်၏လေကာမှန် နှစ်ချပ်နှင့် ကျောင်းပြတင်း ပေါက်မှန် နှစ်ချပ်တို့ ကွဲအပ်ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

zawgyi version
မႏၲေလးၿမိဳ႕ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအိမ္ႏွင့္ စာသင္ေက်ာင္းဝင္းအတြင္း ေပါက္ကြဲမႈျဖစ္ပြား
NP News - ဇူလိုင္ ၂ဝ

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ႏွင့္ ေအာင္ေျမသာစံၿမိဳ႕နယ္တို႔ရွိ ရပ္ကြက္အုပ္ ခ်ဳပ္ေရးမႉးအိမ္ႏွင့္ စာသင္ေက်ာင္းဝင္းအတြင္း ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း ျမန္ မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၁၈ ရက္၊ ည ၉ နာရီအခ်ိန္ခန႔္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ (၃)ရပ္ကြက္၊ ၆၁ လမ္းႏွင့္ ၆၂ လမ္းၾကား၊ ၁ဝ၇ လမ္းတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ၎ရပ္ကြက္ေန ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းထြန္း၏ ေနအိမ္ႏွင့္ ေနအိမ္ေဘးရွိ “သုခစံ” အိမ္ေဆာက္ပစၥည္းဆိုင္ၿခံဝင္းၾကားတြင္ လက္ပစ္ဗုံးတစ္လုံး ေပါက္ကြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။

အဆိုပါလက္ပစ္ဗုံးမွာ ၁ဝ၇ လမ္းအတိုင္း ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အၾကမ္းဖက္အမ်ိဳးသား ႏွစ္ဦးက ပစ္ေပါက္ထြက္ေျပးသြားျခင္းျဖစ္ၿပီး ၿခံဝင္း ႏွစ္ခုၾကားသို႔က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

အထက္ပါေပါက္ကြဲမႈေၾကာင့္“သုခစံ” အိမ္ေဆာက္ပစၥည္းဆိုင္၏ ျပတင္းမွန္တံခါး သုံးခ်က္ကြဲအပ္ပ်က္စီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။

အလားတူ ည ၁ဝ နာရီအခ်ိန္ခန႔္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၈၆ လမ္းႏွင့္ ၈၇ လမ္း ၾကားရွိ အမွတ္(၃၆) အေျခခံပညာအထက္တန္းေက်ာင္းဝင္းအတြင္း လက္လုပ္မိုင္း တစ္ လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ဆက္လက္ထုတ္ျပန္ထားသည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ ေက်ာင္းေရွ႕တြင္ ဆိုင္ကယ္ျဖင့္ ျဖတ္သန္းသြားလာေနေသာ ျပည္ႀကီးရန္လုံရပ္ကြက္ေန ၿဖိဳးသက္ပိုင္ခန႔္ (၂၃)ႏွစ္တြင္ မိုင္းစထိမွန္ဒဏ္ရာရရွိခဲ့ၿပီး ေက်ာင္းထဲတြင္ ရပ္ထားေသာ HIJET ယာဥ္၏ေလကာမွန္ ႏွစ္ခ်ပ္ႏွင့္ ေက်ာင္းျပတင္း ေပါက္မွန္ ႏွစ္ခ်ပ္တို႔ ကြဲအပ္ပ်က္စီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။

အထက္ပါျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ က်ဴးလြန္ခဲ့သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.