ရန်ကုန်မြို့ရှိ PTTEP ကုမ္ပဏီ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုးကောင်းရတနာဆေးရုံလည်း ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံရ

 2785

NP News - ဇူလိုင် ၂၂
ရန်ကုန်မြို့ရှိ PTTEP ရေနံကုမ္ပဏီ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အပြင် မိုးကောင်းရတနာဆေးရုံလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ဆည်မြောင်းရိပ်သာလမ်းရှိ PTTEP ရေနံကုမ္ပဏီ၏ ပထမထပ် ကားပါကင်တွင် ယနေ့ (ဇူလိုင်လ ၂၂ ရက်)၊ နံနက် ၁ဝ နာရီဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားနေရာအနီးရှိ သတင်းအရင်းအမြစ် တစ်ဦးက NP News ကို ပြောသည်။

PTTEP ရေနံကုမ္ပဏီ၏ ကားပါကင်တွင် အသက်(၂၉)နှစ်အရွယ်ရှိ ထုတ်လုပ်ရေးမန် နေဂျာဖြစ်သူ ကိုမျိုးမင်းထက် ပိုင်သည့် အဖြူရောင်ကားအောက်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ (ဇူလိုင်လ ၂၂ ရက်)၊ နေ့လည် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းနှင့်ကုန်သည်လမ်းပေါ်ရှိ ပန်းဘဲတန်းမြို့နယ်လျှပ်စစ်ရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

ဆက်လက်ပြီး ၎င်းပေါက်ကွဲမှုဖြစ်စဉ်အနီးရှိ ကျောက်တံတားမြို့နယ် လျှပ်စစ်ရုံးအနီးတွင်လည်း မပေါက်ကွဲသေးသော လက်လုပ်ဗုံးတစ်လုံးကိုတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာလုံခြုံ ရေးအဖွဲ့ဝင်များက ရှင်းလင်းပေးသွားကြောင်း သိရသည်။

ထို့အတူ ဇူလိုင်လ ၂၁ ရက် ညပိုင်းကလည်း ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မိုးကောင်းရတနာဆေးရုံး ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သ တင်းရရှိသည်။

ဖြစ်စဉ်မှာ မိုးကောင်းရတနာဆေးရုံရှေ့ရှိ ဘောလုံးကွင်းအတွင်းမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုယူဆရပြီး ပစ်ခတ်မှုကြောင့် ဆေးရုံအုတ်တံတိုင်း အနည်းငယ်ပျက်စီးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သတင်းရရှိသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ PTTEP ကုမၸဏီ၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး မိုးေကာင္းရတနာေဆး႐ုံလည္း ေရွာ့တိုက္ဒုံးျဖင့္ပစ္ခတ္ခံရ
NP News - ဇူလိုင္ ၂၂

ရန္ကုန္ၿမိဳ႕ရွိ PTTEP ေရနံကုမၸဏီ၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္အျပင္ မိုးေကာင္းရတနာေဆး႐ုံလည္း ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

မရမ္းကုန္းၿမိဳ႕နယ္၊ (၄)ရပ္ကြက္၊ ဆည္ေျမာင္းရိပ္သာလမ္းရွိ PTTEP ေရနံကုမၸဏီ၏ ပထမထပ္ ကားပါကင္တြင္ ယေန႔ (ဇူလိုင္လ ၂၂ ရက္)၊ နံနက္ ၁ဝ နာရီဝန္းက်င္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားေနရာအနီးရွိ သတင္းအရင္းအျမစ္ တစ္ဦးက NP News ကို ေျပာသည္။

PTTEP ေရနံကုမၸဏီ၏ ကားပါကင္တြင္ အသက္(၂၉)ႏွစ္အ႐ြယ္ရွိ ထုတ္လုပ္ေရးမန္ ေနဂ်ာျဖစ္သူ ကိုမ်ိဳးမင္းထက္ ပိုင္သည့္ အျဖဴေရာင္ကားေအာက္မွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ လူထိခိုက္ဒဏ္ရာရရွိခဲ့မႈ မရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ယေန႔ (ဇူလိုင္လ ၂၂ ရက္)၊ ေန႔လည္ ၁၂ နာရီခန႔္တြင္ ရန္ကုန္တိုင္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္၊ ဆိပ္ကမ္းသာလမ္းႏွင့္ကုန္သည္လမ္းေပၚရွိ ပန္းဘဲတန္းၿမိဳ႕နယ္လွ်ပ္စစ္႐ုံးအနီးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိ သည္။

ဆက္လက္ၿပီး ၎ေပါက္ကြဲမႈျဖစ္စဥ္အနီးရွိ ေက်ာက္တံတားၿမိဳ႕နယ္ လွ်ပ္စစ္႐ုံးအနီးတြင္လည္း မေပါက္ကြဲေသးေသာ လက္လုပ္ဗုံးတစ္လုံးကိုေတြ႕ရွိခဲ့ၿပီး သက္ဆိုင္ရာလုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားက ရွင္းလင္းေပးသြားေၾကာင္း သိရသည္။

ထို႔အတူ ဇူလိုင္လ ၂၁ ရက္ ညပိုင္းကလည္း ရန္ကုန္တိုင္း၊ ရန္ကင္းၿမိဳ႕နယ္၊ မိုးေကာင္းလမ္းရွိ မိုးေကာင္းရတနာေဆး႐ုံး ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေၾကာင္း သ တင္းရရွိသည္။

ျဖစ္စဥ္မွာ မိုးေကာင္းရတနာေဆး႐ုံေရွ႕ရွိ ေဘာလုံးကြင္းအတြင္းမွ ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟုယူဆရၿပီး ပစ္ခတ္မႈေၾကာင့္ ေဆး႐ုံအုတ္တံတိုင္း အနည္းငယ္ပ်က္စီးသြားခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေၾကာင္း သတင္းရရွိသည္။

Related news

© 2021. All rights reserved.