သေဒဏ်ချမှတ်ခံထားရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင်(၄)ဦးကို ပြစ်ဒဏ်စီရင်ပြီးစီးဟု နိုင်ငံပိုင်သတင်းစာများဖော်ပြ

 4092

NP News - ဇူလိုင် ၂၅
စစ်ခုံရုံး၏ သေဒဏ်ချမှတ်ခံထားရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင်(၄)ဦးကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် ထွက်ရှိသည့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်မှစ၍ နိုင်ငံတော်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများဖြစ်ပွားခဲ့ရာ ၎င်းလုပ်ရပ်များတွင် ကိုကျော်မင်းယု(ခ)
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်(ခ)မောင်ကျော်၊ ကိုလှမျိုးအောင်(ခ)ကိုမျိုး နှင့် ကိုအောင်သူရဇော်(ခ)ကတုံး တို့ပါဝင်ခဲ့ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

၎င်းတို့(၄)ဦးသည် အကြမ်းဖက်သတ် ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင် ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအများအပြားသေဆုံးခဲ့ရမှုအတွက် သက်ဆိုင်ရာစစ်ခုံရုံးအသီးသီးက ကျူးလွန်သည့်ပြစ်မှုအလိုက် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပါ သက်ဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မများဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာတွင် ရေးသားထားသည်။

လက်ရှိတွင် ကိုဂျင်မီအပါအဝင် (၄)ဦးကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သို့သော် ၎င်းသတင်းတွင် ကိုဂျင်မီအပါအဝင် (၄)ဦးကို မည်သည့်နေ့၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ပြစ်ဒဏ်စီရင်ခဲ့သည်ကို ထည့်သွင်းရေးသားထားခြင်းမျိုး မတွေ့ရပေ။

NP News အနေဖြင့် ထပ်မံသိရှိရသည့်သတင်းများအရ သေဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရ သော ကိုဂျင်မီအပါအဝင် (၄)ဦးကို ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ပြစ်ဒဏ်စီရင်ခဲ့ပြီး ထိန်ပင်သုဿန်တွင် သဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့သည် ၎င်းတို့မိသားစုဝင်များနှင့် နောက်ဆုံးအကြိမ်အဖြစ် အွန်လိုင်းမှတွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နှစ်ပေါင်း(၃ဝ)ကျော်နောက်ပိုင်း လက်ရှိ နစကလက်ထက်တွင် သေဒဏ်ကို ပထမဆုံးအကြိမ်ပြန် လည်အကောင်အထည် ဖော်ခြင်းမျိုး ဖြစ်သည်။

Zawgyi Version;
ေသဒဏ္ခ်မွတ္ခံထားရေသာ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္ အပါအဝင္(၄)ဦးကို ျပစ္ဒဏ္စီရင္ၿပီးစီးဟု ႏိုင္ငံပိုင္သတင္းစာမ်ားေဖာ္ျပ
NP News - ဇူလိုင္ ၂၅

စစ္ခုံ႐ုံး၏ ေသဒဏ္ခ်မွတ္ခံထားရေသာ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္ အပါအဝင္(၄)ဦးကို ျပစ္ဒဏ္စီရင္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း ယေန႔ ဇူလိုင္လ ၂၅ ရက္တြင္ ထြက္ရွိသည့္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပထားသည္။

၂၀၂၁ ခုႏွစ္ မတ္လ ၁၄ ရက္မွစ၍ ႏိုင္ငံေတာ္အတြင္း အၾကမ္းဖက္လုပ္ႀကံသတ္ျဖတ္မႈမ်ားျဖစ္ပြားခဲ့ရာ ၎လုပ္ရပ္မ်ားတြင္ ကိုေက်ာ္မင္းယု(ခ) ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္(ခ)ေမာင္ေက်ာ္၊ ကိုလွမ်ိဳးေအာင္(ခ)ကိုမ်ိဳး ႏွင့္ ကိုေအာင္သူရေဇာ္(ခ)ကတုံး တို႔ပါဝင္ခဲ့ေၾကာင္း သတင္းစာတြင္ ေဖာ္ျပထားသည္။

၎တို႔(၄)ဦးသည္ အၾကမ္းဖက္သတ္ ျဖတ္မႈမ်ားကို က်ဴးလြန္ရာတြင္ စီစဥ္ၫႊန္ၾကားျခင္း၊ စီမံေဆာင္႐ြက္ျခင္း၊ ပူးေပါင္းႀကံစည္ျခင္း၊ ကိုယ္တိုင္ ပါဝင္က်ဴးလြန္ျခင္းတို႔ေၾကာင့္ အျပစ္မဲ့ျပည္သူအမ်ားအျပားေသဆုံးခဲ့ရမႈအတြက္ သက္ဆိုင္ရာစစ္ခုံ႐ုံးအသီးသီးက က်ဴးလြန္သည့္ျပစ္မႈအလိုက္ အၾကမ္း ဖက္မႈတိုက္ဖ်က္ေရးဥပေဒပါ သက္ဆိုင္ရာျပ႒ာန္းခ်က္ ပုဒ္မမ်ား၊ ရာဇသတ္ႀကီး၏ သက္ဆိုင္ရာျပ႒ာန္းခ်က္ပုဒ္မမ်ားျဖင့္ စြဲခ်က္တင္ၿပီး ျပစ္မႈထင္ရွားသျဖင့္ ေသဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းစာတြင္ ေရးသားထားသည္။

လက္ရွိတြင္ ကိုဂ်င္မီအပါအဝင္ (၄)ဦးကို အက်ဥ္းေထာင္လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ျပစ္ဒဏ္စီရင္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း သက္ဆိုင္ရာမွ သတင္းရရွိသည္ဟု ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။

သို႔ေသာ္ ၎သတင္းတြင္ ကိုဂ်င္မီအပါအဝင္ (၄)ဦးကို မည္သည့္ေန႔၊ မည္သည့္အခ်ိန္၊ မည္သည့္ေနရာတြင္ ျပစ္ဒဏ္စီရင္ခဲ့သည္ကို ထည့္သြင္းေရးသားထားျခင္းမ်ိဳး မေတြ႕ရေပ။

NP News အေနျဖင့္ ထပ္မံသိရွိရသည့္သတင္းမ်ားအရ ေသဒဏ္ျပစ္ဒဏ္ခ်မွတ္ခံထားရ ေသာ ကိုဂ်င္မီအပါအဝင္ (၄)ဦးကို ဇူလိုင္လ ၂၃ ရက္ နံနက္ပိုင္းက ျပစ္ဒဏ္စီရင္ခဲ့ၿပီး ထိန္ပင္သုႆန္တြင္ သၿဂိဳဟ္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းက ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္တို႔သည္ ၎တို႔မိသားစုဝင္မ်ားႏွင့္ ေနာက္ဆုံးအႀကိမ္အျဖစ္ အြန္လိုင္းမွေတြ႕ဆုံခြင့္ရရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ ႏွစ္ေပါင္း(၃ဝ)ေက်ာ္ေနာက္ပိုင္း လက္ရွိ နစကလက္ထက္တြင္ ေသဒဏ္ကို ပထမဆုံးအႀကိမ္ျပန္ လည္အေကာင္အထည္ ေဖာ္ျခင္းမ်ိဳး ျဖစ္သည္။

Picture

Htun Aung Kyaw

25/07/2022 09:26

တူသောအကျိုးပေးပါပဲ

Picture

Ko Latt

25/07/2022 09:56

အခ်ိဳ႕ကဝမ္းနည္းက်တယ္ အခ်ိဳ႕ကေက်နပ္ေနၾကတယ္ တကယ္ေတာ့ မိမိလုပ္ရက္ဟာ မိမိကုိပဲအက်ိဳးေပးေစတာပါ

Picture

nyi zaw

25/07/2022 20:11

ဗုဒ္ဓဘာသာနိုင်ငံမှာ သံဃာတော်တွေကို ၆၀ ကျော်သတ်တာကိုတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြန် တာတွေမလုပ် အကြမ်း ဖက်သမား၄ယောက် လက်နက်တွေအများကြီးနဲ့ဖမ်းမိလို့ သေဒဏ်ပေးမှ အမျိုးတွေသေတာလို ဝမ်းနည်းနေတာ ခံစားလို့မရပါ ဘယ်သူ့အသတ်ခံရတာမှမကြိုက်ပါ ဒါပေမဲ့ ဒီနေ့မြင်ကြားနေရတာ အဆင်မပြေလို့ပါ

Picture

nyi zaw

25/07/2022 20:11

ဗုဒ္ဓဘာသာနိုင်ငံမှာ သံဃာတော်တွေကို ၆၀ ကျော်သတ်တာကိုတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြန် တာတွေမလုပ် အကြမ်း ဖက်သမား၄ယောက် လက်နက်တွေအများကြီးနဲ့ဖမ်းမိလို့ သေဒဏ်ပေးမှ အမျိုးတွေသေတာလို ဝမ်းနည်းနေတာ ခံစားလို့မရပါ ဘယ်သူ့အသတ်ခံရတာမှမကြိုက်ပါ ဒါပေမဲ့ ဒီနေ့မြင်ကြားနေရတာ အဆင်မပြေလို့ပါ

Related news

© 2021. All rights reserved.