နစကဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးသော EAO (၉)ဖွဲ့နှင့် ဒုတိယအကျော့ ထပ်မံဆွေးနွေးနိုင်ရေး ပြင်ဆင်နေဟုဆို

1158

မျိုးကြီး (NP News) - ဇူလိုင် ၂၆
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့(EAO) (၉)ဖွဲ့ နှင့် ဒုတိယအကျော့ ထပ်မံဆွေးနွေးနိုင်ရေး ပြင် ဆင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (ဇူလိုင်လ ၂၆ ရက်)တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် နစကဥက္ကဋ္ဌသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ခေါင်းဆောင်များကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမည်ဟု ပြီးခဲ့သော ဧပြီလ ၂၂ ရက်က ဖိတ်ခေါ်ခဲ့သည်။
ထိုသို့ဖိတ်ခေါ်မှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော RCSS/SSA၊ NMSP၊ KNU/KNLA-PC၊ UWSP/UWSA၊ NDAA၊ ALP၊ PNLO၊ LDU၊ DKBA တို့က တက်ရောက်မည်ဟုအကြောင်းပြန်ခဲ့ပြီး လက်ရှိတွင် နစကဥက္ကဋ္ဌ နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။
“ငြိမ်းချမ်းဖိတ်ခေါ်ကမ်းလှမ်းချက်ရလာဒ်အနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ လက်နက် ကိုင်အဖွဲ့(၂)ဖွဲ့ စုစုပေါင်း (၉)ဖွဲ့က နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီးဖြစ်ပါတယ်။ ယခင်တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒုတိယအကျော့တွေ့ ဆုံဆွေးနွေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဒီနေရာကနေ အသိပေးပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် လက်ရှိတွင် နစကဥက္ကဋ္ဌနှင့် တစ်ချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သည် လာရောက်ဆွေးနွေးရန် ပြင်ဆင်နေမှုများရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။
“အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လာရောက်ဆွေးနွေးဖို့ ပြင်ဆင်နေတာတွေရှိပါတယ်။ သူတို့ရဲ့အဖွဲ့တွေထဲမှာ အစည်းအဝေးလုပ်တာတွေ၊ ကိုယ်စား လှယ်ရွေးချယ်တာတွေ ဆွေးနွေးမယ့်အကြောင်းအရာပြုစုတာတွေ လုပ်နေကြတဲ့အ တွက် နှောင့်နှေးမှုတစ်ချို့ ရှိနေကြောင်း ထည့်သွင်းပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
နစကဥက္ကဋ္ဌ ပထမဆုံးအကြိမ်အဖြစ် ဖိတ်ခေါ်မှုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် KNU၊ KIO/KIA၊ CNF နှင့် ABSDF တို့က တက်ရောက်မည်မဟုတ်ကြောင်း အကြောင်းပြန်ခဲ့သည်ကို တွေ့ရသည်။

zawgyi version
နစကဥကၠ႒ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေသာ EAO (၉)ဖြဲ႕ႏွင့္ ဒုတိယအေက်ာ့ ထပ္မံေဆြးေႏြးႏိုင္ေရး ျပင္ဆင္ေနဟုဆို
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၂၆
နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေသာ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕(EAO) (၉)ဖြဲ႕ ႏွင့္ ဒုတိယအေက်ာ့ ထပ္မံေဆြးေႏြးႏိုင္ေရး ျပင္ ဆင္ေနေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ (ဇူလိုင္လ ၂၆ ရက္)တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာ ဆိုခဲ့ျခင္းျဖစ္သည္။
ၿငိမ္းခ်မ္းေရးရရွိရန္ႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေရးအတြက္ နစကဥကၠ႒သည္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ အစည္းမ်ား၏ ေခါင္းေဆာင္မ်ားကို ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမည္ဟု ၿပီးခဲ့ေသာ ဧၿပီလ ၂၂ ရက္က ဖိတ္ေခၚခဲ့သည္။
ထိုသို႔ဖိတ္ေခၚမႈအေပၚ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားျဖစ္ေသာ RCSS/SSA၊ NMSP၊ KNU/KNLA-PC၊ UWSP/UWSA၊ NDAA၊ ALP၊ PNLO၊ LDU၊ DKBA တို႔က တက္ေရာက္မည္ဟုအေၾကာင္းျပန္ခဲ့ၿပီး လက္ရွိတြင္ နစကဥကၠ႒ ႏွင့္ သီးျခားစီေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးျဖစ္သည္။
“ၿငိမ္းခ်မ္းဖိတ္ေခၚကမ္းလွမ္းခ်က္ရလာဒ္အေနနဲ႔ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕ (၇)ဖြဲ႕၊ NCA လက္မွတ္ေရးထိုးထားျခင္းမရွိတဲ့ လက္နက္ ကိုင္အဖြဲ႕(၂)ဖြဲ႕ စုစုေပါင္း (၉)ဖြဲ႕က ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးျဖစ္ပါတယ္။ ယခင္ေတြ႕ဆုံၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ဒုတိယအေက်ာ့ေတြ႕ ဆုံေဆြးေႏြးႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒီေနရာကေန အသိေပးေျပာၾကားလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ လက္ရွိတြင္ နစကဥကၠ႒ႏွင့္ တစ္ခ်ိဳ႕ေသာတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား သည္ လာေရာက္ေဆြးေႏြးရန္ ျပင္ဆင္ေနမႈမ်ားရွိေၾကာင္း ၎က ဆက္လက္ေျပာ သည္။
“အခ်ိဳ႕ေသာတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြဟာ လာေရာက္ေဆြးေႏြးဖို႔ ျပင္ဆင္ေနတာေတြရွိပါတယ္။ သူတို႔ရဲ႕အဖြဲ႕ေတြထဲမွာ အစည္းအေဝးလုပ္တာေတြ၊ ကိုယ္စား လွယ္ေ႐ြးခ်ယ္တာေတြ ေဆြးေႏြးမယ့္အေၾကာင္းအရာျပဳစုတာေတြ လုပ္ေနၾကတဲ့အ တြက္ ေႏွာင့္ေႏွးမႈတစ္ခ်ိဳ႕ ရွိေနေၾကာင္း ထည့္သြင္းေျပာၾကားလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
နစကဥကၠ႒ ပထမဆုံးအႀကိမ္အျဖစ္ ဖိတ္ေခၚမႈတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားျဖစ္သည့္ KNU၊ KIO/KIA၊ CNF ႏွင့္ ABSDF တို႔က တက္ေရာက္မည္မဟုတ္ေၾကာင္း အေၾကာင္းျပန္ခဲ့သည္ကို ေတြ႕ရသည္။