အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခတ်၍ ငွေကျပ်သိန်း(၃ဝဝ)နှင့် ဆိုင်ကယ်လုယက်မှု မလှိုင်တွင်ဖြစ်ပွား

 1560

NP News - ဇူလိုင် ၂၇
မန္တလေးတိုင်း၊ မလှိုင်မြို့တွင် အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်ပစ်ခတ်၍ ငွေကျပ်သိန်း (၃ဝဝ)နှင့် ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက်၊ နံနက် ၈နာရီခွဲအချိန်ခန့်တွင် မလှိုင်မြို့နယ်၊ ရုံးတောကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေသည် ဇနီးဖြစ်သူ ဒေါ်ခင်ထွေးနှင့် မလှိုင်မြို့သမဝါ ယမအသင်းစုသို့ ငွေပေးသွင်းရန် သွားရောက်ချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ဦးဝင်းဆွေနှင့် ဇနီးဖြစ်သူဒေါ်ခင်ထွေးတို့သည် သမဝါယမအသင်းသို့ ငွေကျပ်သိန်း(၃ဝဝ) အားပေးသွင်းရန် ဆိုင်ကယ်ဖြင့် ထွက်လာချိန်တွင် ကန်ကြီးရွာလမ်းဆုံအရောက်၌ အသင့်စောင့်နေသော အကြမ်းဖက်အမျိုးသား (၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးဆိုင်ကယ်လဲကျချိန်တွင် အဆိုပါအကြမ်းဖက်သမားများက ငွေကျပ်သိန်း(၃ဝဝ)နှင့်ဆိုင်ကယ်တို့အား ယူဆောင်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးဝင်းဆွေသည် မျက်လုံးနှင့် လည်ပင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၃)ချက်ရရှိကာအခင်းဖြစ်ရာ နေရာတွင်သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်းထုတ်ပြန်ထားသည်။

zawgyi version
အုပ္ခ်ဳပ္ေရးမႉးအား ေသနတ္ျဖင့္ ပစ္ခတ္၍ ေငြက်ပ္သိန္း(၃ဝဝ)ႏွင့္ ဆိုင္ကယ္လုယက္မႈ မလႈိင္တြင္ျဖစ္ပြား
NP News - ဇူလိုင္ ၂၇

မႏၲေလးတိုင္း၊ မလႈိင္ၿမိဳ႕တြင္ အုပ္ခ်ဳပ္ေရးမႉးအား ေသနတ္ျဖင့္ပစ္ခတ္၍ ေငြက်ပ္သိန္း (၃ဝဝ)ႏွင့္ ဆိုင္ကယ္လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၂၆ ရက္၊ နံနက္ ၈နာရီခြဲအခ်ိန္ခန႔္တြင္ မလႈိင္ၿမိဳ႕နယ္၊ ႐ုံးေတာေက်း ႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဆြသည္ ဇနီးျဖစ္သူ ေဒၚခင္ေထြးႏွင့္ မလႈိင္ၿမိဳ႕သမဝါ ယမအသင္းစုသို႔ ေငြေပးသြင္းရန္ သြားေရာက္ခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာသည္။

ဦးဝင္းေဆြႏွင့္ ဇနီးျဖစ္သူေဒၚခင္ေထြးတို႔သည္ သမဝါယမအသင္းသို႔ ေငြက်ပ္သိန္း(၃ဝဝ) အားေပးသြင္းရန္ ဆိုင္ကယ္ျဖင့္ ထြက္လာခ်ိန္တြင္ ကန္ႀကီး႐ြာလမ္းဆုံအေရာက္၌ အသင့္ေစာင့္ေနေသာ အၾကမ္းဖက္အမ်ိဳးသား (၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ၿပီးဆိုင္ကယ္လဲက်ခ်ိန္တြင္ အဆိုပါအၾကမ္းဖက္သမားမ်ားက ေငြက်ပ္သိန္း(၃ဝဝ)ႏွင့္ဆိုင္ကယ္တို႔အား ယူေဆာင္ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ ဦးဝင္းေဆြသည္ မ်က္လုံးႏွင့္ လည္ပင္းတို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ (၃)ခ်က္ရရွိကာအခင္းျဖစ္ရာ ေနရာတြင္ေသဆုံးခဲ့ၿပီး ဇနီးျဖစ္သူမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္း မရွိေၾကာင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.