အသက်(၁)နှစ်အောက်နှင့်(၂)နှစ်အောက်ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးနေဟု ကျန်းမာရေးဝန်ကြီးဌာနအသိပေး

 785

ဖူးပြည့် (NP News) - ဇူလိုင် ၂၇
အသက် (၁) နှစ်အောက် ကလေးငယ်များနှင့် ပုံမှန်ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပြောကြားထား သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် သတ်မှတ်ထား သော ကာကွယ်ဆေးထိုးစုရပ်များတွင် လစဉ် ၁ ရက် မှ ၇ ရက်အထိ (ရုံးဖွင့်ရက်) များတွင်လည်းကောင်း၊ အပတ်စဉ် ကြာသပတေးနေ့ (ရုံးဖွင့်ရက်) တိုင်းတွင်လည်းကောင်း၊ ပုံမှန်ကာကွယ်ဆေးများကို ကလေးငယ်များ၏ အသက် အရွယ်အလိုက် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း အသိပေးထားသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကိုယ်ဝန်အပ်နှံသည့်နေ့တွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သည့်ကာကွယ်ဆေးကိုပါ ထိုးနှံပေးလျက်ရှိကြောင်း အသိပေးသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများအတွက် ခပ်ခွာခွာနေထိုင်ရေးအလေ့အထ အစီအမံများကို ဆောင်ရွက်နိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနက ၂ဝ၂ဝ ပြည့်နှစ် ဧပြီလ ၁ ရက်မှစတင်၍ ခေတ္တရပ်ဆိုင်းခဲ့ပြီး ပြည်သူလူထုအတွင်း ရောဂါကူးစက်ဖြစ် ပွားမှု အနည်းဆုံးရှိခဲ့ခြင်းကြောင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို ၂ဝ၂ဝ ပြည့်နှစ်မေလ ၁၈ ရက်တွင် အစိုးရဆေးရုံများ၌ စတင်ခဲ့ကာ ကျေးလက်ကျန်းမာရေးဌာနများနှင့် ပြည်သူလူထုအတွင်း ဇွန်လ ၁ ရက်မှစတင်ဆောင်ရွက်ခဲ့သည်။

ယင်းနောက် ၂ဝ၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအခြေအနေအပြောင်းအလဲများကြောင့် CDM လုပ်ဆောင်သည့် ကျန်းမာရေးဝန်ထမ်းများရှိလာသည့်အပြင် ကိုဗစ်တတိယလှိုင်း၏ ရိုက်ခတ်မှုကြောင့် ၂ဝ၂၁ ခုနှစ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ ကျဆင်းခဲ့ရသည်။

ထို့ကြောင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက်ရောဂါများဖြစ်ပွားနိုင်သည့် ဦး တည်အုပ်စုများကို ကြိုတင်ရှာဖွေကာ ရောဂါများဖြစ်ပွားမှုအား အထူးစောင့်ကြပ်ကြည့် ရှုပြီး ကပ်ရောဂါအသွင်မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန်အတွက် ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများကို ယခုနှစ် (၂ဝ၂၂ ခုနှစ်)အတွင်း အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။

ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ်ကို မွေးပြီးပြီးချင်းမှ အသက် (၁)နှစ်ခွဲအထိ (၆)ကြိမ်ခွဲကာ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
အသက္(၁)ႏွစ္ေအာက္ႏွင့္(၂)ႏွစ္ေအာက္ကေလးငယ္မ်ားအတြက္ ပုံမွန္ကာကြယ္ေဆးထိုးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနဟု က်န္းမာေရးဝန္ႀကီးဌာနအသိေပး
ဖူးျပည့္ (NP News) - ဇူလိုင္ ၂၇

အသက္ (၁) ႏွစ္ေအာက္ ကေလးငယ္မ်ားႏွင့္ ပုံမွန္ကာကြယ္ေဆး ထိုးရန္က်န္ရွိသည့္ အသက္ (၂) ႏွစ္ေအာက္ ကေလးငယ္မ်ားအား ပုံမွန္ကာကြယ္ေဆးထိုးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးေျပာၾကားထား သည္။

က်န္းမာေရးဝန္ႀကီးဌာနသည္ ပုံမွန္ကာကြယ္ေဆးထိုးႏွံတိုက္ေကြၽးျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိရာ သက္ဆိုင္ရာၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမ်ားႏွင့္ သတ္မွတ္ထား ေသာ ကာကြယ္ေဆးထိုးစုရပ္မ်ားတြင္ လစဥ္ ၁ ရက္ မွ ၇ ရက္အထိ (႐ုံးဖြင့္ရက္) မ်ားတြင္လည္းေကာင္း၊ အပတ္စဥ္ ၾကာသပေတးေန႔ (႐ုံးဖြင့္ရက္) တိုင္းတြင္လည္းေကာင္း၊ ပုံမွန္ကာကြယ္ေဆးမ်ားကို ကေလးငယ္မ်ား၏ အသက္ အ႐ြယ္အလိုက္ ထိုးႏွံတိုက္ေကြၽးေပးလ်က္ရွိေၾကာင္း အသိေပးထားသည္။

ထို႔ျပင္ ကိုယ္ဝန္ေဆာင္မိခင္မ်ားကိုလည္း ကိုယ္ဝန္အပ္ႏွံသည့္ေန႔တြင္ ကိုယ္ဝန္ေဆာင္မိခင္မ်ားအတြက္ လိုအပ္သည့္ကာကြယ္ေဆးကိုပါ ထိုးႏွံေပးလ်က္ရွိေၾကာင္း အသိေပးသည္။

ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ေရးႏွင့္ တုံ႔ျပန္ေဆာင္႐ြက္ျခင္းလုပ္ငန္းမ်ားအတြက္ ခပ္ခြာခြာေနထိုင္ေရးအေလ့အထ အစီအမံမ်ားကို ေဆာင္႐ြက္ႏိုင္ရန္ ပုံမွန္ကာကြယ္ေဆးထိုးအစီအစဥ္ကို က်န္းမာေရးဝန္ႀကီးဌာနက ၂ဝ၂ဝ ျပည့္ႏွစ္ ဧၿပီလ ၁ ရက္မွစတင္၍ ေခတၱရပ္ဆိုင္းခဲ့ၿပီး ျပည္သူလူထုအတြင္း ေရာဂါကူးစက္ျဖစ္ ပြားမႈ အနည္းဆုံးရွိခဲ့ျခင္းေၾကာင့္ ပုံမွန္ကာကြယ္ေဆးထိုးအစီအစဥ္ကို ၂ဝ၂ဝ ျပည့္ႏွစ္ေမလ ၁၈ ရက္တြင္ အစိုးရေဆး႐ုံမ်ား၌ စတင္ခဲ့ကာ ေက်းလက္က်န္းမာေရးဌာနမ်ားႏွင့္ ျပည္သူလူထုအတြင္း ဇြန္လ ၁ ရက္မွစတင္ေဆာင္႐ြက္ခဲ့သည္။

ယင္းေနာက္ ၂ဝ၂၁ ခုႏွစ္ေဖေဖာ္ဝါရီလ ၁ ရက္ေနာက္ပိုင္း ႏိုင္ငံေရးအေျခအေနအေျပာင္းအလဲမ်ားေၾကာင့္ CDM လုပ္ေဆာင္သည့္ က်န္းမာေရးဝန္ထမ္းမ်ားရွိလာသည့္အျပင္ ကိုဗစ္တတိယလႈိင္း၏ ႐ိုက္ခတ္မႈေၾကာင့္ ၂ဝ၂၁ ခုႏွစ္အတြင္း ပုံမွန္ကာကြယ္ေဆးထိုးလုပ္ငန္းမ်ား အတိုင္းအတာတစ္ခုအထိ က်ဆင္းခဲ့ရသည္။

ထို႔ေၾကာင့္ ကာကြယ္ေဆးျဖင့္ကာကြယ္၍ရေသာ ကူးစက္ေရာဂါမ်ားျဖစ္ပြားႏိုင္သည့္ ဦး တည္အုပ္စုမ်ားကို ႀကိဳတင္ရွာေဖြကာ ေရာဂါမ်ားျဖစ္ပြားမႈအား အထူးေစာင့္ၾကပ္ၾကည့္ ရႈၿပီး ကပ္ေရာဂါအသြင္မျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္ရန္အတြက္ ပုံမွန္ကာကြယ္ ေဆးထိုးလုပ္ငန္းမ်ားကို ယခုႏွစ္ (၂ဝ၂၂ ခုႏွစ္)အတြင္း အရွိန္ျမႇင့္ေဆာင္႐ြက္ခဲ့သည္။

ပုံမွန္ကာကြယ္ေဆးထိုး၊ ေဆးတိုက္ျခင္းအစီအစဥ္ကို ေမြးၿပီးၿပီးခ်င္းမွ အသက္ (၁)ႏွစ္ခြဲအထိ (၆)ႀကိမ္ခြဲကာ လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။

Picture

U KYAW SAN WIN

27/07/2022 21:12

​ကျောက်ပန်း​တောင် နယ်ဘက်ဆို မထိုးရ ၂ နှစ်​ကျော်​လောက် ကြာပါပြီ

Picture

Pho Htaung

27/07/2022 21:48

ကာကွယ်ဆေးက အမြဲတမ်းထိုးပေးနေပါတယ် အချို့လတွေ ဆေးအနည်းငယ်ပြတ်သွားလို့ပါ

Related news

© 2021. All rights reserved.