အမေရိကန်နိုင်ငံသားများနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး လုံခြုံရေးသတိပေးချက်ထုတ်ပြန်

 1404

ဂျန်ဇက် (NP New) - ဇူလိုင် ၂၈
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဟာ မြန်မာနိုင်ငံရှိ အထူးသဖြင့် ရန်ကုန်မြို့ရှိ အမေရိကန်နိုင်ငံသားများနဲ့ပတ်သက်ပြီး လုံခြုံရေးသတိပေးချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံသားများအနေနဲ့ လုံခြုံရေးတပ်ဖွဲ့များနဲ့ ခပ်ဝေးဝေးနေထိုင်ဖို့အပြင် ပစ်မှတ်ထား လုပ်ကြံတိုက်ခိုက်မှု၊ IED တိုက်ခိုက်မှုများတွေ့ကြုံလာရင် ကြိုတင်ပြင်ဆင်ထားဖို့ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။

နိုင်ငံခြားသားများ အပေါ်သီးခြား ခြိမ်းခြောက်တာမျိုးမရှိပေမယ့် ရန်ကုန်မြို့အခြေစိုက် (PDF) များကအကြမ်းဖက်တိုက်ခိုက်တာမျိုးတွေလုပ်ဆောင်တာဖြစ်တဲ့အတွက် မသွားတဲ့နေရာမျိုးကို မသွားသင့်တဲ့အချိန်မျိုးမှာ သွားရောက်ခဲ့မယ်ဆိုရင် ခြိမ်းခြောက်ခံရမှုများဖြစ်လာမှာစိုးရိမ်နေတယ်လို့ အမေရိကန် သံရုံးက ဆိုပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့အတွင်း တိုက်ခိုက်မှုများဟာ အချိန်နေရာမရွေးဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း၊ ရန်ကုန်မြို့အတွင်း သွားလာမှုများကို စဉ်းစားလုပ်ကိုင်စေလိုကြောင်း အမေရိကန်သံရုံးက ဆိုပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးပြတ်တောက်ခြင်းများဖြစ်လာနိုင်တာကိုလည်း ကြိုတင်ထည့်တွက်ထားဖို့လိုအပ်သလို အစားစာ၊ ဆေးဝါး၊ ရေနှင့် အခြားလိုအပ်သည့်ပစ္စည်းများကိုစုဆောင်းထားဖို့ ဒါမှမဟုတ် ရန်ကုန်မြို့အနှံ့သွားလာလှုပ်ရှားခြင်းက အလွန်အန္တရာယ်များကြောင်း အမေရိကန်သံရုံးက သတိပေးထားပါတယ်။

ရန်ကုန်မြို့အတွင်းရှိ အမေရိကန်နိုင်ငံများအနေနဲ့ ပတ်ဝန်းကျင်လုံခြုံရေး၊ နဲ့ ဆက်သွယ်ရေးအခြေအနေများ အပြောင်းအလဲများရှိလာနိုင်ခြင်းကို သတိထားစေလိုကြောင်း အမေရိကန်သံရုံးက ဆိုပါတယ်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေးဦးကို သေဒဏ်ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်သံရုံးဟာ မြန်မာနိုင်ငံအတွင်းရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားများကို လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

https://mm.usembassy.gov/security-alert-u-s-embassy-rangoon-burma-myanmar-information-for-u-s-citizens-july-27-2022/

Zawgyi Version;








Picture

Ye Htun

28/07/2022 21:56

အမေရိကန် က ငကြောက်ကြီးတွေပါလား..🤣🤣🤣

Picture

Htun Aung Kyaw

29/07/2022 00:27

ခုမှသိပီပေါ့လေ😆😆

Related news

© 2021. All rights reserved.