တိုက်ကြီးမြို့နယ်တွင် NLD ပါတီဝင်တစ်ဦး တည်းခိုခန်းတစ်ခု၌ သတ်ဖြတ်ခံရ

1974

ဟိန်း (NP News) - ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် NLD ပါတီဝင်တစ်ဦး တည်းခိုခန်းတစ်ခု၌ သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့၊ တိုက်ကြီး-ဖောင်ကြီးသွား ကားလမ်းမဘေးရှိ ရွှေအိမ်စံဟိုတယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့က သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း နယ်မြေခံသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
သေဆုံးသူ သက်ဦး (ခ) နှုတ်ခမ်းမွှေးသည် ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်အချိန်တွင် အဆိုပါတည်းခိုခန်းသို့ ယွန်းယမုံဖူး (ခ) ယွန်းနှင့် ဟေမာန်တို့နှင့်အတူ ရောက်ရှိလာပြီး တည်းခိုနေထိုင်ခဲ့ကြောင်း၊ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ယင်းအမျိုးသမီး ၂ ဦးက တည်းခိုခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းအထိ သက်ဦး(ခ)နှုတ်ခမ်းမွှေးသည် အပြင်သို့ ထွက်လာခြင်းမရှိသောကြောင့် တည်းခိုခန်းဝန်ထမ်းများမှ အခန်းတံခါးခေါက်ကာ ခေါ်သော်လည်း ပြန်မထူးသဖြင့် အခန်းတံခါးအား ဖျက်၍ ဝင်ကြည့်ခဲ့ရာမှ ဝဲမျက်ခုံးကွဲ ဂျိုစောင်းပေါက်ပြီး နဖူး ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါအခင်းဖြစ်ပွားသည့်နေရာမှ အုတ်နီခဲကျိုး အပိုင်း ၂ ခု တွေ့ရှိသိမ်းဆည်းခဲ့ပြီး သက်ဦး ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းနှင့် ဝတ်ဆင်သည့် လက်စွပ်၊ ဆွဲကြိုးတို့မှာ ပျောက်ဆုံးလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။
သေဆုံးသူ ဦးသက်ဦးသည် တိုက်ကြီးမြို့နယ် NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ၁ ဦးဖြစ်ပြီး နိုင်/ကျဥ်းကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဦး(ခ)နှုတ်ခမ်းမွှေးနှင့်အတူ လာရောက်တည်းခိုခဲ့သည့် ယွန်းယမုံး(ခ)ယွန်းနှင့် ဟေမာန်တို့အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
တိုက္ႀကီးၿမိဳ႕နယ္တြင္ NLD ပါတီဝင္တစ္ဦး တည္းခိုခန္းတစ္ခု၌ သတ္ျဖတ္ခံရ
ဟိန္း (NP News) - ဇူလိုင္ ၂၈
ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္တြင္ NLD ပါတီဝင္တစ္ဦး တည္းခိုခန္းတစ္ခု၌ သတ္ျဖတ္ခံရေၾကာင္း သတင္းရရွိသည္။
ရန္ကုန္တိုင္း၊ ေျမာက္ပိုင္းခ႐ိုင္၊ တိုက္ႀကီးၿမိဳ႕၊ တိုက္ႀကီး-ေဖာင္ႀကီးသြား ကားလမ္းမေဘးရွိ ေ႐ႊအိမ္စံဟိုတယ္တြင္ ဇူလိုင္လ ၂၆ ရက္ေန႔က သတ္ျဖတ္ခံရျခင္းျဖစ္ေၾကာင္း နယ္ေျမခံသတင္းရင္းျမစ္မ်ား၏ ေျပာျပခ်က္အရ သိရသည္။
ေသဆုံးသူ သက္ဦး (ခ) ႏႈတ္ခမ္းေမႊးသည္ ဇူလိုင္လ ၂၆ ရက္ေန႔ မြန္းလြဲ ၃ နာရီခြဲခန႔္အခ်ိန္တြင္ အဆိုပါတည္းခိုခန္းသို႔ ယြန္းယမုံဖူး (ခ) ယြန္းႏွင့္ ေဟမာန္တို႔ႏွင့္အတူ ေရာက္ရွိလာၿပီး တည္းခိုေနထိုင္ခဲ့ေၾကာင္း၊ ည ၉ နာရီ ၄၅ မိနစ္ခန႔္တြင္ ယင္းအမ်ိဳးသမီး ၂ ဦးက တည္းခိုခန္းမွ ျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္း၊ ထို႔ေနာက္ ဇူလိုင္လ ၂၇ ရက္ေန႔ ညပိုင္းအထိ သက္ဦး(ခ)ႏႈတ္ခမ္းေမႊးသည္ အျပင္သို႔ ထြက္လာျခင္းမရွိေသာေၾကာင့္ တည္းခိုခန္းဝန္ထမ္းမ်ားမွ အခန္းတံခါးေခါက္ကာ ေခၚေသာ္လည္း ျပန္မထူးသျဖင့္ အခန္းတံခါးအား ဖ်က္၍ ဝင္ၾကည့္ခဲ့ရာမွ ဝဲမ်က္ခုံးကြဲ ဂ်ိဳေစာင္းေပါက္ၿပီး နဖူး ဖူးေရာင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကိုေတြ႕ရွိခဲ့ေၾကာင္း နယ္ေျမခံသတင္းရင္းျမစ္မ်ားက ဆိုသည္။
အဆိုပါအခင္းျဖစ္ပြားသည့္ေနရာမွ အုတ္နီခဲက်ိဳး အပိုင္း ၂ ခု ေတြ႕ရွိသိမ္းဆည္းခဲ့ၿပီး သက္ဦး ကိုင္ေဆာင္သည့္ လက္ကိုင္ဖုန္းႏွင့္ ဝတ္ဆင္သည့္ လက္စြပ္၊ ဆြဲႀကိဳးတို႔မွာ ေပ်ာက္ဆုံးလ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။
ေသဆုံးသူ ဦးသက္ဦးသည္ တိုက္ႀကီးၿမိဳ႕နယ္ NLD ဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕ဝင္ ၁ ဦးျဖစ္ၿပီး ႏိုင္/က်ဥ္းေကာ္မတီဝင္ တစ္ဦးလည္းျဖစ္သည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဦး(ခ)ႏႈတ္ခမ္းေမႊးႏွင့္အတူ လာေရာက္တည္းခိုခဲ့သည့္ ယြန္းယမုံး(ခ)ယြန္းႏွင့္ ေဟမာန္တို႔အား ဖမ္းဆီးရမိေရးအတြက္ တာဝန္ရွိသူမ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။