မျောက်များ အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် ဂျပန်မြို့နေသူအများအပြား ဒဏ်ရာရရှိခဲ့တဲ့အပြင် မျောက်အချို့ကလည်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ထီးနဲ့ သစ်ကိုင်းဖြတ်ကက်ကြေး ဆောင်ထားကြဟု ဆို

996

Htay Oung(NP News) - ဇူလိုင် ၂၉
ဂျပန်အနောက်ပိုင်းနေ လူ ၅ဝ နီးပါးကို တိုက်ခိုက်ဒဏ်ရာရရှိစေခဲ့တဲ့ မျောက်ဂိုဏ်းတစ်ဂိုဏ်းကို ဒေသဆိုင်ရာ အာဏာပိုင်တွေက လိုက်လံရှာဖွေနေပြီး လှည့်လည်သောင်းကျန်းနေတဲ့ မျောက်တစ်ကောင်ကို ဖမ်းဆီးသတ်ဖြတ် လိုက်ရတယ်လို့ တာဝန်ရှိသူတစ်ဦးက Japan Times က ဇူလိုင်လ ၂၇ ရက်က ရေးသားဖော်ပြခဲ့ပါတယ်။
ယာမာဂူချီမြို့ အထက်တန်းကျောင်းဝင်းတစ်ခုမှာ သွားလာကျင်လည်နေတဲ့ မျောက်ထီးတစ်ကောင်ကို ဖမ်းဆီးရမိ လိုက်ပေမယ့် အဲဒါဟာ အမြီးလိမ်ကောက်ကောက် မျောက်သောင်းကျန်းမှု ပုံပြင်အဆုံးသတ်တော့ ဟုတ်မယ် မထင်ပါဘူး။ တခြားမျောက်တွေ လွတ်မြောက်နေမှာကို စိုးရိမ်နေရပါတယ်။
မြို့ခံတွေကို သာမာန်ကုတ်ခြစ်ရာများနဲ့ အကိုက်ခံရတဲ့ဒဏ်ရာအများစုဖြစ်ပေါ်စေအောင် တိုက်ခိုက်နှောင့်ယှက် လျက်ရှိကြောင်းသတင်းတွေဟာ တစ်နိုင်ငံလုံး ပျံ့နှံ့ခဲ့ရပြီးနောက် ဆိုးသွမ်းမျောက်အုပ်စုကိုခြေရာခံဖို့ အာဏာပိုင် များအနေနဲ့ ရက်သတ္တပတ်များစွာ ကြိုးပမ်းနေခဲ့ရပါတယ်။
အထူးတာဝန်ပေးထားတဲ့ တောလိုက်မုဆိုးတွေဟာ မျောက်များကို စိတ်ငြိမ်ဆေး သေနတ်နဲ့ လိုက်လံပစ်ခတ်နေပြီး အင်္ဂါနေ့ ညနေပိုင်းမှာ အဲဒီမျောက်ကို ကျောင်းဝင်းအတွင်းရှိ ရေကန်တစ်ခုအနီးမှာ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက AFP ကို ပြောပြပါတယ်။
အဆိုပါမျောက်ဟာ မြို့ခံတွေကို တိုက်ခိုက်ရာမှာ ပါဝင်တဲ့ တိရစ္ဆာန်ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီးနောက် မျောက်ကို သုတ်သင်လိုက်ရကြောင်း၊ မျောက်ဟာ အသက် ၄ နှစ်ခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းရပြီး အရပ်အမြင့် မီတာဝက်ခန့်ရှိ တယ်လို့ တာ၀န်ခံက ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်ခန့်က စတင်ပြီး ကလေးနဲ့ လူကြီးများကိုပါ မျောက်အုပ်စုရဲ့တိုက်ခိုက်ခံခဲ့ရတဲ့ ယာမာဂူချီမြို့မှာ ကင်းလှည့်မှုများ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။
ဒါပေမဲ့ အင်္ဂါနေ့မွန်းလွဲပိုင်းအထိ ဒဏ်ရာရရှိသူပေါင်း ၄၉ ဦး ရှိနေပြီး မျောက်သောင်းကျန်းမှု သတင်းအသစ်များ ထွက်ပေါ်နေတဲ့အတွက် အသေးစိတ် ဆက်လက် ရှာဖွေနေဆဲဖြစ်ပါတယ်။
“မျက်မြင်တွေ့ရှိသူတွေပြောတဲ့အတိုင်း အရွယ်အစားအမျိုးမျိုးရှိတဲ့မျောက်တွေကို ဖမ်းမိပြီးတောင်မှ တိုက်ခိုက်ခံရ နေဆဲဖြစ်ကြောင်း သတင်းတွေရရှိထားပါတယ်” လို့ အမည်မဖော်လိုသူ မြို့တော်အရာရှိတစ်ဦးက ပြောပါတယ်။
နိုင်ငံအနှံ့အပြားတွေ့ရလေ့ရှိတဲ့ “ဂျပန်မာကတ်” မျောက်တွေဟာ ပိုးမွှား၊ ကောက်ပဲသီးနှံများကိုစားသုံးကြပြီး အချို့ နေရာများမှာတော့ နေအိမ်များအတွင်း ဝင်ရောက်တတ်ကြပါတယ်။
ဒါပေမဲ့ လူတွေကို တိုက်ခိုက်တာမျိုးမရှိတဲ့အတွက် ယာမာဂူချီမြို့အဖြစ်အပျက်ဟာ ထူဆန်းနေပါတယ်။ မျောက် တွေဟာ ယခုအခါ သူတို့ကိုယ်သူတို့ကာကွယ်ဖို့အတွက် ထီးများနဲ့ သစ်ကိုင်းဖြတ်ကတ်ကြေးများကိုတောင် ကိုင်ဆောင်ထားကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
မျောက်နဲ့ လူတို့မှာ အမေ ညီမအစ်မရင်းတို့မှဆင်းသက်တဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်ပါတယ်။ မျောက်မှာမူ လက်လေးဖက်ပါ သတ္တဝါများဖြစ်ပါတယ်။ လူများနည်းတူ အုပ်စုဖွဲ့နေလေ့ရှိတဲ့ မျောက်အုပ်တိုင်းမှာ အကြီးအကဲ ခေါင်းဆောင်တစ်ကောင် အမြဲရှိတတ်ပါတယ်။ မျောက်အများစုမှာ ပါးစောင်အိတ်ပါရှိတာကြောင့် အစာအများ အပြားကို ပါးစပ်အတွင်း လျင်မြန်စွာ ထည့်သွင်းပြီး အလိုရှိချိန်ရောက်မှ ထုတ်ယူစားတတ်ပါတယ်။
မျောက်အုပ်တိုင်းမှာ ကိုယ်ပိုင်သီးသန့်အဖြစ် သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှာသာ အစာရှာခြင်း၊ ကစားခြင်း၊ အိပ်စက်ခြင်းပြုလေ့ရှိတယ်လို့ သိရပါတယ်။ ၄င်းတို့အမြဲနေထိုင်တဲ့နေရာကို ၄င်းတို့အပိုင်လို့ ယူဆထားကြပြီး အခြား မျောက်အုပ်စု ကျူးကျော်ဝင်ရောက်လာရင် ဝိုင်းဝန်းတိုက်ခိုက်ပြီး မောင်းထုတ်တတ်ပါတယ်။ တစ်ခါတစ်ရံ မျောက်တစ်အုပ်နှင့် တစ်အုပ် အပြင်းအထန်တိုက်ခိုက်တတ်ကြပြီး နိုင်တဲ့မျောက်က ရှုံးတဲ့မျောက်တို့ကို မောင်းနှင် ထုတ်ကာ အဲဒီနယ်မြေကို အပိုင်စီးတတ်ကြပါတယ်။
မျောက်ဝံ-လူဝံအားလုံးနီးပါးမှာ သူတို့ကိုယ်သူတို့ ကာကွယ်ရန်မှတစ်ပါး လူများကို အကြောင်းမဲ့ တိုက်ခိုက်တာမျိုး အလွန်နည်းပါးပါတယ်။ တရားလွန် ဖမ်းဆီးသတ်ခံရတာကြောင့် ၄င်းနေထိုင်ရာ စားကျက်နဲ့ အစာရှားပါးမှုကြောင့် မျောက်အတော်များများမှာ မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ် ။
ဂျပန် မားကတ်မျောက်မျိုးကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တွေ့မြင်ရဖူးပါတယ်။ ဂျပန်မျောက်မျိုးစိတ်အချို့မှာ လူအများ ဆံပင်အလယ်ခွဲထားသကဲ့သို့ ထူးခြားပါတယ်။ သို့ပေမယ့် ရန်လိုတဲ့သတ္တဝါများ ဟုတ်ပုံမရဘူးလို့ သိရပါ တယ်။
ယာမာဂူချီမြို့အဖြစ်အပျက်မှာ အလွန်ထူးဆန်းနေပါ၍ အခြားတစ်နေရာမှ ရောက်ရှိလာတဲ့ မျောက်များ ဟုတ်-မဟုတ်နဲ့ လူများကို အုပ်စုဖွဲ့တိုက်ခိုက်မှုဖြစ်အောင် စေ့ဆော်တဲ့အကြောင်းရင်းတို့ကို မကြာမီ ရှာဖွေဖော်ထုတ်နိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
#ဂျပန်တွင်မျောက်များအုပ်စုဖွဲ့၍မြို့နေလူအများကိုတိုက်ခိုက်
(AFP-JIJI., 27 July 2022, “Member of marauding monkey gang killed after dozens of people injured in Japan ” ကို #HtayOung #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
https://www.japantimes.co.jp/news/2022/07/27/national/marauding-monkey-caught/

Zawgyi Version;
ေမ်ာက္မ်ား အုပ္စုဖြဲ႕တိုက္ခိုက္မႈေၾကာင့္ ဂ်ပန္ၿမိဳ႕ေနသူအမ်ားအျပား ဒဏ္ရာရရွိခဲ့တဲ့အျပင္ ေမ်ာက္အခ်ိဳ႕ကလည္း ကိုယ့္ကိုယ္ကိုကာကြယ္ဖို႔ ထီးနဲ႔ သစ္ကိုင္းျဖတ္ကက္ေၾကး ေဆာင္ထားၾကဟု ဆို
Htay Oung(NP News) - ဇူလိုင္ ၂၉
ဂ်ပန္အေနာက္ပိုင္းေန လူ ၅ဝ နီးပါးကို တိုက္ခိုက္ဒဏ္ရာရရွိေစခဲ့တဲ့ ေမ်ာက္ဂိုဏ္းတစ္ဂိုဏ္းကို ေဒသဆိုင္ရာ အာဏာပိုင္ေတြက လိုက္လံရွာေဖြေနၿပီး လွည့္လည္ေသာင္းက်န္းေနတဲ့ ေမ်ာက္တစ္ေကာင္ကို ဖမ္းဆီးသတ္ျဖတ္ လိုက္ရတယ္လို႔ တာဝန္ရွိသူတစ္ဦးက Japan Times က ဇူလိုင္လ ၂၇ ရက္က ေရးသားေဖာ္ျပခဲ့ပါတယ္။
ယာမာဂူခ်ီၿမိဳ႕ အထက္တန္းေက်ာင္းဝင္းတစ္ခုမွာ သြားလာက်င္လည္ေနတဲ့ ေမ်ာက္ထီးတစ္ေကာင္ကို ဖမ္းဆီးရမိ လိုက္ေပမယ့္ အဲဒါဟာ အၿမီးလိမ္ေကာက္ေကာက္ ေမ်ာက္ေသာင္းက်န္းမႈ ပုံျပင္အဆုံးသတ္ေတာ့ ဟုတ္မယ္ မထင္ပါဘူး။ တျခားေမ်ာက္ေတြ လြတ္ေျမာက္ေနမွာကို စိုးရိမ္ေနရပါတယ္။
ၿမိဳ႕ခံေတြကို သာမာန္ကုတ္ျခစ္ရာမ်ားနဲ႔ အကိုက္ခံရတဲ့ဒဏ္ရာအမ်ားစုျဖစ္ေပၚေစေအာင္ တိုက္ခိုက္ေႏွာင့္ယွက္ လ်က္ရွိေၾကာင္းသတင္းေတြဟာ တစ္ႏိုင္ငံလုံး ပ်ံ႕ႏွံ႔ခဲ့ရၿပီးေနာက္ ဆိုးသြမ္းေမ်ာက္အုပ္စုကိုေျခရာခံဖို႔ အာဏာပိုင္ မ်ားအေနနဲ႔ ရက္သတၱပတ္မ်ားစြာ ႀကိဳးပမ္းေနခဲ့ရပါတယ္။
အထူးတာဝန္ေပးထားတဲ့ ေတာလိုက္မုဆိုးေတြဟာ ေမ်ာက္မ်ားကို စိတ္ၿငိမ္ေဆး ေသနတ္နဲ႔ လိုက္လံပစ္ခတ္ေနၿပီး အဂၤါေန႔ ညေနပိုင္းမွာ အဲဒီေမ်ာက္ကို ေက်ာင္းဝင္းအတြင္းရွိ ေရကန္တစ္ခုအနီးမွာ ဖမ္းဆီးရမိခဲ့ေၾကာင္း ေဒသတြင္း စိုက္ပ်ိဳးေရးဌာနမွ တာဝန္ရွိသူတစ္ဦးက AFP ကို ေျပာျပပါတယ္။
အဆိုပါေမ်ာက္ဟာ ၿမိဳ႕ခံေတြကို တိုက္ခိုက္ရာမွာ ပါဝင္တဲ့ တိရစာၦန္ျဖစ္ေၾကာင္း ေဖာ္ထုတ္ခဲ့ၿပီးေနာက္ ေမ်ာက္ကို သုတ္သင္လိုက္ရေၾကာင္း၊ ေမ်ာက္ဟာ အသက္ ၄ ႏွစ္ခန္႔ ရွိလိမ့္မယ္လို႔ ခန္႔မွန္းရၿပီး အရပ္အျမင့္ မီတာဝက္ခန႔္ရွိ တယ္လို႔ တာ၀န္ခံက ရွင္းျပပါတယ္။
လြန္ခဲ့တဲ့ ရက္သတၱပတ္ သုံးပတ္ခန႔္က စတင္ၿပီး ကေလးနဲ႔ လူႀကီးမ်ားကိုပါ ေမ်ာက္အုပ္စုရဲ႕တိုက္ခိုက္ခံခဲ့ရတဲ့ ယာမာဂူခ်ီၿမိဳ႕မွာ ကင္းလွည့္မႈမ်ား လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ သိရွိရပါတယ္။
ဒါေပမဲ့ အဂၤါေန႔မြန္းလြဲပိုင္းအထိ ဒဏ္ရာရရွိသူေပါင္း ၄၉ ဦး ရွိေနၿပီး ေမ်ာက္ေသာင္းက်န္းမႈ သတင္းအသစ္မ်ား ထြက္ေပၚေနတဲ့အတြက္ အေသးစိတ္ ဆက္လက္ ရွာေဖြေနဆဲျဖစ္ပါတယ္။
“မ်က္ျမင္ေတြ႕ရွိသူေတြေျပာတဲ့အတိုင္း အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိတဲ့ေမ်ာက္ေတြကို ဖမ္းမိၿပီးေတာင္မွ တိုက္ခိုက္ခံရ ေနဆဲျဖစ္ေၾကာင္း သတင္းေတြရရွိထားပါတယ္” လို႔ အမည္မေဖာ္လိုသူ ၿမိဳ႕ေတာ္အရာရွိတစ္ဦးက ေျပာပါတယ္။
ႏိုင္ငံအႏွံ႔အျပားေတြ႕ရေလ့ရွိတဲ့ “ဂ်ပန္မာကတ္” ေမ်ာက္ေတြဟာ ပိုးမႊား၊ ေကာက္ပဲသီးႏွံမ်ားကိုစားသုံးၾကၿပီး အခ်ိဳ႕ ေနရာမ်ားမွာေတာ့ ေနအိမ္မ်ားအတြင္း ဝင္ေရာက္တတ္ၾကပါတယ္။
ဒါေပမဲ့ လူေတြကို တိုက္ခိုက္တာမ်ိဳးမရွိတဲ့အတြက္ ယာမာဂူခ်ီၿမိဳ႕အျဖစ္အပ်က္ဟာ ထူဆန္းေနပါတယ္။ ေမ်ာက္ ေတြဟာ ယခုအခါ သူတို႔ကိုယ္သူတို႔ကာကြယ္ဖို႔အတြက္ ထီးမ်ားနဲ႔ သစ္ကိုင္းျဖတ္ကတ္ေၾကးမ်ားကိုေတာင္ ကိုင္ေဆာင္ထားၾကတယ္လို႔ ေဒသခံအခ်ိဳ႕က ေျပာပါတယ္။
ေမ်ာက္နဲ႔ လူတို႔မွာ အေမ ညီမအစ္မရင္းတို႔မွဆင္းသက္တဲ့ ညီအစ္ကိုဝမ္းကြဲေတာ္စပ္ပါတယ္။ ေမ်ာက္မွာမူ လက္ေလးဖက္ပါ သတၱဝါမ်ားျဖစ္ပါတယ္။ လူမ်ားနည္းတူ အုပ္စုဖြဲ႕ေနေလ့ရွိတဲ့ ေမ်ာက္အုပ္တိုင္းမွာ အႀကီးအကဲ ေခါင္းေဆာင္တစ္ေကာင္ အၿမဲရွိတတ္ပါတယ္။ ေမ်ာက္အမ်ားစုမွာ ပါးေစာင္အိတ္ပါရွိတာေၾကာင့္ အစာအမ်ား အျပားကို ပါးစပ္အတြင္း လ်င္ျမန္စြာ ထည့္သြင္းၿပီး အလိုရွိခ်ိန္ေရာက္မွ ထုတ္ယူစားတတ္ပါတယ္။
ေမ်ာက္အုပ္တိုင္းမွာ ကိုယ္ပိုင္သီးသန္႔အျဖစ္ သတ္မွတ္ထားတဲ့ နယ္ေျမအတြင္းမွာသာ အစာရွာျခင္း၊ ကစားျခင္း၊ အိပ္စက္ျခင္းျပဳေလ့ရွိတယ္လို႔ သိရပါတယ္။ ၄င္းတို႔အၿမဲေနထိုင္တဲ့ေနရာကို ၄င္းတို႔အပိုင္လို႔ ယူဆထားၾကၿပီး အျခား ေမ်ာက္အုပ္စု က်ဴးေက်ာ္ဝင္ေရာက္လာရင္ ဝိုင္းဝန္းတိုက္ခိုက္ၿပီး ေမာင္းထုတ္တတ္ပါတယ္။ တစ္ခါတစ္ရံ ေမ်ာက္တစ္အုပ္ႏွင့္ တစ္အုပ္ အျပင္းအထန္တိုက္ခိုက္တတ္ၾကၿပီး ႏိုင္တဲ့ေမ်ာက္က ရႈံးတဲ့ေမ်ာက္တို႔ကို ေမာင္းႏွင္ ထုတ္ကာ အဲဒီနယ္ေျမကို အပိုင္စီးတတ္ၾကပါတယ္။
ေမ်ာက္ဝံ-လူဝံအားလုံးနီးပါးမွာ သူတို႔ကိုယ္သူတို႔ ကာကြယ္ရန္မွတစ္ပါး လူမ်ားကို အေၾကာင္းမဲ့ တိုက္ခိုက္တာမ်ိဳး အလြန္နည္းပါးပါတယ္။ တရားလြန္ ဖမ္းဆီးသတ္ခံရတာေၾကာင့္ ၄င္းေနထိုင္ရာ စားက်က္နဲ႔ အစာရွားပါးမႈေၾကာင့္ ေမ်ာက္အေတာ္မ်ားမ်ားမွာ မ်ိဳးတုန္းေပ်ာက္ကြယ္မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရပါတယ္ ။
ဂ်ပန္ မားကတ္ေမ်ာက္မ်ိဳးကို ရန္ကုန္တိရစာၦန္ဥယ်ာဥ္မွာ ေတြ႕ျမင္ရဖူးပါတယ္။ ဂ်ပန္ေမ်ာက္မ်ိဳးစိတ္အခ်ိဳ႕မွာ လူအမ်ား ဆံပင္အလယ္ခြဲထားသကဲ့သို႔ ထူးျခားပါတယ္။ သို႔ေပမယ့္ ရန္လိုတဲ့သတၱဝါမ်ား ဟုတ္ပုံမရဘူးလို႔ သိရပါ တယ္။
ယာမာဂူခ်ီၿမိဳ႕အျဖစ္အပ်က္မွာ အလြန္ထူးဆန္းေနပါ၍ အျခားတစ္ေနရာမွ ေရာက္ရွိလာတဲ့ ေမ်ာက္မ်ား ဟုတ္-မဟုတ္နဲ႔ လူမ်ားကို အုပ္စုဖြဲ႕တိုက္ခိုက္မႈျဖစ္ေအာင္ ေစ့ေဆာ္တဲ့အေၾကာင္းရင္းတို႔ကို မၾကာမီ ရွာေဖြေဖာ္ထုတ္ႏိုင္ လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
#ဂ်ပန္တြင္ေမ်ာက္မ်ားအုပ္စုဖြဲ႕၍ၿမိဳ႕ေနလူအမ်ားကိုတိုက္ခိုက္
(AFP-JIJI., 27 July 2022, “Member of marauding monkey gang killed after dozens of people injured in Japan ” ကို #HtayOung #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)
https://www.japantimes.co.jp/news/2022/07/27/national/marauding-monkey-caught/