ပန်းတနော်မြို့တွင် စာသင်ကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံရ

1149
NP News ဇူလိုင် ၂၉
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် အခြေံပညာအလယ်တန်းကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ လက်ပန်ကုန်းရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်းအား အကြမ်းဖက်အဖွဲ့က မီးရှို့၍ ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
အဆိုပါမီးလောင်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
မီးလောင်မှုကြောင့် ကျောင်းရုံးခန်းနှင့် စာကြည့်တိုက်တွဲလျက် အဆောက်အဦအတွင်းရှိ စာရွက် စာတမ်းများ၊ ပြဌာန်းစာအုပ် များ၊ သံဗီရို ၁ လုံး၊ သစ်သားဗီရို ၂ လုံးနှင့် ဆုံလည်ကုလားထိုင် ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Zawgyi Version;