တောင်ဒဂုံ၊ နတ်စင်ကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ခရီးသည်(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ (၂) ဦးမှာ စိုးရိမ်ရ

 1152

NP News - ဇူလိုင် ၃၁
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ နတ်စင်ကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ခရီးသည်(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂) ဦးမှာ စိုးရိမ်ရသောအခြေအနေရှိကြောင်း သတင်းရရှိသည်။

တောင်ဒဂုံမြို့နယ်၊ (၁၇)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးရှိ နတ်စင်ကားမှတ်တိုင်တွင် ယနေ့ ဇူလိုင် ၃၁ ရက် ၉ နာရီအချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်သည် နတ်စင်ကားမှတ်တိုင်ရှိ ထိုင်ခုံဘေးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကားမှတ်တိုင်၌ YBS ကားစောင့်ဆိုင်နေသော ခရီးသည်တစ်ချို့ ဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

ပေါက်ကွဲမှုကြောင့် YBS ကားစောင့်နေသည့် ကိုသန်းဝင်းမှာ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာ၊ ခြေသလုံးဒဏ်ရာများ၊ လက်ပေါက် ပြဲဒဏ်ရာများရရှိခဲ့သလို ကိုဟန်ဝင်းငြိမ်းမှာလည်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသောအခြေအနေရှိကြောင်း သိရသည်။

ထို့ပြင် YBS ကားစောင့်နေသော ဦးကျော်မင်းနိုင်နှင့် မဖြူသွယ်အေးတို့မှာလည်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့သော်လည်း စိုးရိမ်ရသောအခြေအနေမရှိကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သော ခရီးသည်များကို သက်ဆိုင်ရာဆေးရုံအသီးသီးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရပြီး အခင်းဖြစ်ပွားခဲ့သော ကားမှတ်တိုင်တစ်ဝိုက်ကိုလည်း သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက လာရောက်ရှင်းလင်းသွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေတာင္ဒဂုံ၊ နတ္စင္ကားမွတ္တိုင္၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ခရီးသည္(၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး၊ (၂) ဦးမွာ စိုးရိမ္ရ
NP News - ဇူလိုင္ ၃၁
ရန္ကုန္တိုင္း၊ ေတာင္ဒဂုံၿမိဳ႕နယ္၊ နတ္စင္ကားမွတ္တိုင္၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ခရီးသည္(၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး (၂) ဦးမွာ စိုးရိမ္ရေသာအေျခအေနရွိေၾကာင္း သတင္းရရွိသည္။

ေတာင္ဒဂုံၿမိဳ႕နယ္၊ (၁၇)ရပ္ကြက္၊ အမွတ္(၂)လမ္းမႀကီးရွိ နတ္စင္ကားမွတ္တိုင္တြင္ ယေန႔ ဇူလိုင္ ၃၁ ရက္ ၉ နာရီအခ်ိန္ခန႔္က ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါေပါက္ကြဲမႈျဖစ္စဥ္သည္ နတ္စင္ကားမွတ္တိုင္ရွိ ထိုင္ခုံေဘးမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ကားမွတ္တိုင္၌ YBS ကားေစာင့္ဆိုင္ေနေသာ ခရီးသည္တစ္ခ်ိဳ႕ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

ေပါက္ကြဲမႈေၾကာင့္ YBS ကားေစာင့္ေနသည့္ ကိုသန္းဝင္းမွာ ဝမ္းဗိုက္ေပါက္ၿပဲဒဏ္ရာ၊ ေျခသလုံးဒဏ္ရာမ်ား၊ လက္ေပါက္ ၿပဲဒဏ္ရာမ်ားရရွိခဲ့သလို ကိုဟန္ဝင္းၿငိမ္းမွာလည္း ေပါက္ၿပဲဒဏ္ရာမ်ားရရွိခဲ့ၿပီး အသက္အႏၲရာယ္စိုးရိမ္ရေသာအေျခအေနရွိေၾကာင္း သိရသည္။

ထို႔ျပင္ YBS ကားေစာင့္ေနေသာ ဦးေက်ာ္မင္းႏိုင္ႏွင့္ မျဖဴသြယ္ေအးတို႔မွာလည္း ေပါက္ၿပဲဒဏ္ရာမ်ားရရွိခဲ့ေသာ္လည္း စိုးရိမ္ရေသာအေျခအေနမရွိေၾကာင္း သိရသည္။

ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရရွိခဲ့ေသာ ခရီးသည္မ်ားကို သက္ဆိုင္ရာေဆး႐ုံအသီးသီးသို႔ ပို႔ေဆာင္ကုသလ်က္ရွိေၾကာင္း သိရၿပီး အခင္းျဖစ္ပြားခဲ့ေသာ ကားမွတ္တိုင္တစ္ဝိုက္ကိုလည္း သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္ရွင္းလင္းသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.