YBS 42 ပေါ်တွင် အနုကြမ်းစီးခံရသည့်သတင်းမှာ သတင်းမှားဖြစ်ကြောင်း YRTC ပြန်လည်တုံ့ပြန်

 1058

ဟိန်း (NP News) - ဇူလိုင် ၃၁
YBS 42 ပေါ်တွင် အနုကြမ်းစီးခံရသည်ဆိုသည့်သတင်းမှာ သတင်းမှားဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) က ယနေ့ (ဇူလိုင်လ ၃၁ ရက်)တွင် ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာမှတဆင့် ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (ဇူလိုင်လ ၃ဝ ရက်)၊ နေ့လည် ၂ နာရီခန့်တွင် ရွှေပြည်သာမှ သာကေတသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း 42( 6p / 6057 )သည် မြောက်ဥက္ကလာပ အိန္ဒြာ မှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရကြောင်း လူမှုကွန်ရက်ပေါ်တွင် သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းများ ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ YRTC ၏ ထုတ်ပြန်ချက်တွင် YBS 42 ပေါ်၌ အနုကြမ်းစီးခံရကြောင်း သတင်းများ လူမှုကွန်ရက်ပေါ်တွင် ခြိမ်းခြောက်ပြန့်နှံ့နေပါသဖြင့် ၎င်းအကြောင်းအရာမှာ သတင်းမှားသာဖြစ်ကြောင်း ခရီးသွားမိဘပြည်သူများအား အသိပေး‌ကြေညာအပ်ပါသည်ဟု ရေးသားထားသည်။

လူမှုကွန်ရက်သတင်းများတွင် အဆိုပါ YBS 42 ယာဉ်ပေါ်သို့ အမျိုးသား ၁၅ ယောက်ခန့် တက်လာပြီး ကားသမားအား ဓားဖြင့်ထောက်ထားကာ ကားပေါ်ပါလာသည့် ခရီးသည်များဆီမှ ရွှေ၊ ငွေ လက်ဝတ်ရတနာများ လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ရေး သားဖော်ပြကြသည်ကို တွေ့ရသည်။

လုယက်ခံရချိန်တွင် ကားပေါ်၌ ခရီးသည် ၁ဝ ယောက်ခန့်သာရှိပြီး ကားပေါ်တွင်လည်း CCTV တပ်ဆင်းထားခြင်းမရှိကြောင်းလည်း ပြောဆိုမှုများရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း YBS ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်ခံရမှုများ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်လုယက်မှုပုံစံမျိုး ပြုလုပ်လာနေမှုများလည်း ရှိနေကြောင်း YBS စီးနင်းသူခရီးသွားများထံမှ သိရသည်။

zawgyi version
YBS 42 ေပၚတြင္ အႏုၾကမ္းစီးခံရသည့္သတင္းမွာ သတင္းမွားျဖစ္ေၾကာင္း YRTC ျပန္လည္တုံ႔ျပန္
ဟိန္း (NP News) - ဇူလိုင္ ၃၁

YBS 42 ေပၚတြင္ အႏုၾကမ္းစီးခံရသည္ဆိုသည့္သတင္းမွာ သတင္းမွားျဖစ္ေၾကာင္း ရန္ ကုန္တိုင္းေဒသႀကီးပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ ေကာ္မတီ (YRTC) က ယေန႔ (ဇူလိုင္လ ၃၁ ရက္)တြင္ ၎တို႔၏ ေဖ့ဘုတ္စာမ်က္ႏွာမွတဆင့္ ထုတ္ျပန္လိုက္သည္။

ယမန္ေန႔ (ဇူလိုင္လ ၃ဝ ရက္)၊ ေန႔လည္ ၂ နာရီခန႔္တြင္ ေ႐ႊျပည္သာမွ သာေကတသို႔ ေျပးဆြဲေနသည့္ YBS ယာဥ္လိုင္း 42( 6p / 6057 )သည္ ေျမာက္ဥကၠလာပ အိျႏၵာ မွတ္တိုင္အနီးတြင္ အႏုၾကမ္းစီးခံလိုက္ရေၾကာင္း လူမႈကြန္ရက္ေပၚတြင္ သတင္းမ်ား ထြက္ေပၚခဲ့ျခင္းျဖစ္သည္။

အဆိုပါသတင္းမ်ား ပ်ံ႕ႏွံ႔ေနမႈႏွင့္ပတ္သက္၍ YRTC ၏ ထုတ္ျပန္ခ်က္တြင္ YBS 42 ေပၚ၌ အႏုၾကမ္းစီးခံရေၾကာင္း သတင္းမ်ား လူမႈကြန္ရက္ေပၚတြင္ ၿခိမ္းေျခာက္ျပန႔္ႏွံ႔ေနပါသျဖင့္ ၎အေၾကာင္းအရာမွာ သတင္းမွားသာျဖစ္ေၾကာင္း ခရီးသြားမိဘျပည္သူမ်ားအား အသိေပး‌ေၾကညာအပ္ပါသည္ဟု ေရးသားထားသည္။

လူမႈကြန္ရက္သတင္းမ်ားတြင္ အဆိုပါ YBS 42 ယာဥ္ေပၚသို႔ အမ်ိဳးသား ၁၅ ေယာက္ခန႔္ တက္လာၿပီး ကားသမားအား ဓားျဖင့္ေထာက္ထားကာ ကားေပၚပါလာသည့္ ခရီးသည္မ်ားဆီမွ ေ႐ႊ၊ ေငြ လက္ဝတ္ရတနာမ်ား လုယက္ယူေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ေရး သားေဖာ္ျပၾကသည္ကို ေတြ႕ရသည္။

လုယက္ခံရခ်ိန္တြင္ ကားေပၚ၌ ခရီးသည္ ၁ဝ ေယာက္ခန႔္သာရွိၿပီး ကားေပၚတြင္လည္း CCTV တပ္ဆင္းထားျခင္းမရွိေၾကာင္းလည္း ေျပာဆိုမႈမ်ားရွိခဲ့သည္။

ယခုရက္ပိုင္းအတြင္း YBS ယာဥ္ေပၚတြင္ ခါးပိုက္ႏႈိက္ခံရမႈမ်ား မၾကာခဏျဖစ္ပြားလ်က္ရွိေနၿပီး အုပ္စုဖြဲ႕၍ ခါးပိုက္ႏႈိက္လုယက္မႈပုံစံမ်ိဳး ျပဳလုပ္လာေနမႈမ်ားလည္း ရွိေနေၾကာင္း YBS စီးနင္းသူခရီးသြားမ်ားထံမွ သိရသည္။

Picture

Khinkyaw Nyo

31/07/2022 19:39

အုပ်စုဖွဲ့ခါးပိုက်နှိုက်နေတာတော့အမှန်ပဲ၂ခါကြုံဖူးတယ်

Picture

Ko Min

31/07/2022 22:46

ခါးပိုက္ႏိုက္ေတေပါေနတယ္

Related news

© 2021. All rights reserved.