ပဲ၊ ပြောင်း၊ နှမ်းတို့အား ပင်လယ်ရေကြောင်းမှတင်ပို့ရန် ပို့ကုန်လိုင်စင်ထောက်ခံချက်ရယူလိုပါက ပို့ကုန်တန်ဖိုး USD ကိုကြိုတင်ရငွေအဖြစ် ပူးတွဲတင်ပြရမည်

 1065

ဖူးပြည့် (NP News) - ဇူလိုင် ၃၁
ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲတို့အား ပင်လယ်ရေကြောင်းမှ တင်ပို့ရန်အ တွက် ပို့ကုန်လိုင်စင်ထောက်ခံချက်ရယူလိုပါက ပို့ကုန်တန်ဖိုးကို အမေရိကန်ဒေါ်လာ (USD) ငွေအဝင်ပြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်းက ဇူလိုင်လ ၂၉ ရက်က အသိပေးကြေညာထားသည်။

“ပဲ၊ပြောင်း၊နှမ်း export ထွက်ဖို့ခက်ပြီ။ ပို့ကုန်တန်ဖိုးကို USD ငွေအဝင်ပြ၊ ငွေကြိုလွှဲခိုင်းမှ ပို့ကုန်လိုင်စင်ရမှာ” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။

မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်း၏ ၂ဝ၂ဝ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ပြည်ပတင်ပို့မှု မှတ်တမ်းစာရင်းတွင် တင်ပို့ထားခြင်းမရှိသည့် ပို့ကုန်ကုမ္ပဏီများသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂ဝ၂၂ ခုနှစ် ဧပြီလ ၃ ရက် ရက်စွဲပါ (၁၂/၂ဝ၂၂) အမိန့်ကြော်ငြာချက်ထုတ်ပြီး နောက်ပိုင်းရက်များတွင်မှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲတို့အား ပင်လယ်ရေကြောင်းမှ တင်ပို့ရန်အတွက် ပို့ကုန်လိုင်စင်ထောက်ခံချက်ရယူလိုပါက ၎င်းတင်ပို့မည့် ပို့ကုန်တန်ဖိုးအတွက် ကျသင့် USD တန်ဖိုးအား ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နှင့် နောက်ပိုင်းရက်စွဲနှင့် ပို့ကုန်ကြိုတင်ရငွေအဖြစ် ထည့်သွင်းပြီးသည့် Credit Note နှင့် သက်ဆိုင်သည့် Bank Statement အား ပူးတွဲလျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာနဝန်ကြီးရုံး၏ လမ်းညွှန်ချက်အရ အသိပေးအကြောင်းကြားကြောင်း အသင်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း “သူများတိုင်းပြည်တွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ပြီး Quality service အတင်းပြိုင်ရောင်းဝယ်နေကြရပါတယ်ဆိုမှ ဒုက္ခတွေပါလား အမိန့်စာလက်တမ်းထုတ်နေသူတွေ ကိုယ်တိုင်ရောင်းကြည့်စမ်း ကြပါအုံး။ ဝယ်တဲ့သူက အရင်ကြို ပိုက်ဆံပေးရအောင် အမျိုးလားလို့ဗျာ”ဟုလည်း သုံးသပ်သည်။

ထို့ပြင် နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား အမိန့်ကြော်ငြာစာအ မှတ် ၂၄/၂ဝ၁၉ ဖြင့် ပြည်ပသို့တင်ပို့ ခွင့်ပြုခဲ့သည့် ကုန်ပစ္စည်းအုပ်စု(၇)မျိုးတွင် ပါဝင်သော တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသော ကောက်ပဲသီးနှံများ နှင့်စပ်လျဉ်း၍ ရှင်း လင်းစွာ သိရှိဆောင်ရွက်နိုင်ရန် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင် ထုတ်လုပ်နိုင်သော ထုတ်ကုန်အခြေအနေများကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သ တင်းလွှာ(၂/၂ဝ၂ဝ)ဖြင့် အသိပေးထုတ်ပြန်ခဲ့သည်။

ယခုအခါအချို့သော နိုင်ငံခြားကုမ္ပဏီများသည် သတင်းလွှာပါ ဖော်ပြချက်တစ်ချို့အ ပေါ်အခြေခံ၍ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့ကို တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ခြင်းမရှိဘဲ တစ် ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသော ကောက်ပဲသီးနှံများအဖြစ် တင်ပို့လျက်ရှိကြောင်း စိ စစ်တွေ့ရှိရခြင်းကြောင့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင်သော ထုတ်ကုန်အခြေအနေနှင့်စပ်လျဉ်းသည့် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာကိုလည်း ပယ်ဖျက်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်ကအသိပေးထုတ်ပြန်ခဲ့သည်။

zawgyi version
ပဲ၊ ေျပာင္း၊ ႏွမ္းတို႔အား ပင္လယ္ေရေၾကာင္းမွတင္ပို႔ရန္ ပို႔ကုန္လိုင္စင္ေထာက္ခံခ်က္ရယူလိုပါက ပို႔ကုန္တန္ဖိုး USD ကိုႀကိဳတင္ရေငြအျဖစ္ ပူးတြဲတင္ျပရမည္
ဖူးျပည့္ (NP News) - ဇူလိုင္ ၃၁

ပဲမ်ိဳးစုံ၊ ေျပာင္း၊ ႏွမ္းအမ်ိဳးမ်ိဳးႏွင့္ ေျမပဲတို႔အား ပင္လယ္ေရေၾကာင္းမွ တင္ပို႔ရန္အ တြက္ ပို႔ကုန္လိုင္စင္ေထာက္ခံခ်က္ရယူလိုပါက ပို႔ကုန္တန္ဖိုးကို အေမရိကန္ေဒၚလာ (USD) ေငြအဝင္ျပရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံပဲမ်ိဳးစုံ၊ ေျပာင္း ႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းက ဇူလိုင္လ ၂၉ ရက္က အသိေပးေၾကညာထားသည္။

“ပဲ၊ေျပာင္း၊ႏွမ္း export ထြက္ဖို႔ခက္ၿပီ။ ပို႔ကုန္တန္ဖိုးကို USD ေငြအဝင္ျပ၊ ေငြႀကိဳလႊဲခိုင္းမွ ပို႔ကုန္လိုင္စင္ရမွာ” ဟု ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာသည္။

ျမန္မာႏိုင္ငံပဲမ်ိဳးစုံ၊ ေျပာင္း ႏွင့္ ႏွမ္းကုန္သည္မ်ားအသင္း၏ ၂ဝ၂ဝ ခုႏွစ္ ဒီဇင္ဘာလ ၁၄ ရက္မွ ၂ဝ၂၂ ခုႏွစ္ မတ္လ ၃၁ ရက္အထိ ျပည္ပတင္ပို႔မႈ မွတ္တမ္းစာရင္းတြင္ တင္ပို႔ထားျခင္းမရွိသည့္ ပို႔ကုန္ကုမၸဏီမ်ားသည္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၃ ရက္ ရက္စြဲပါ (၁၂/၂ဝ၂၂) အမိန႔္ေၾကာ္ျငာခ်က္ထုတ္ၿပီး ေနာက္ပိုင္းရက္မ်ားတြင္မွ ပဲမ်ိဳးစုံ၊ ေျပာင္း၊ ႏွမ္းအမ်ိဳးမ်ိဳးႏွင့္ ေျမပဲတို႔အား ပင္လယ္ေရေၾကာင္းမွ တင္ပို႔ရန္အတြက္ ပို႔ကုန္လိုင္စင္ေထာက္ခံခ်က္ရယူလိုပါက ၎တင္ပို႔မည့္ ပို႔ကုန္တန္ဖိုးအတြက္ က်သင့္ USD တန္ဖိုးအား ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လ ၁ ရက္ႏွင့္ ေနာက္ပိုင္းရက္စြဲႏွင့္ ပို႔ကုန္ႀကိဳတင္ရေငြအျဖစ္ ထည့္သြင္းၿပီးသည့္ Credit Note ႏွင့္ သက္ဆိုင္သည့္ Bank Statement အား ပူးတြဲေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း ဝယ္ ေရးဝန္ႀကီးဌာနဝန္ႀကီး႐ုံး၏ လမ္းၫႊန္ခ်က္အရ အသိေပးအေၾကာင္းၾကားေၾကာင္း အသင္း၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးကလည္း “သူမ်ားတိုင္းျပည္ေတြနဲ႔ ေဈးကြက္ယွဥ္ၿပိဳင္ၿပီး Quality service အတင္းၿပိဳင္ေရာင္းဝယ္ေနၾကရပါတယ္ဆိုမွ ဒုကၡေတြပါလား အမိန႔္စာလက္တမ္းထုတ္ေနသူေတြ ကိုယ္တိုင္ေရာင္းၾကည့္စမ္း ၾကပါအုံး။ ဝယ္တဲ့သူက အရင္ႀကိဳ ပိုက္ဆံေပးရေအာင္ အမ်ိဳးလားလို႔ဗ်ာ”ဟုလည္း သုံးသပ္သည္။

ထို႔ျပင္ ႏိုင္ငံျခားကုမၸဏီမ်ားႏွင့္ ႏိုင္ငံျခားဖက္စပ္ကုမၸဏီမ်ားအား အမိန႔္ေၾကာ္ျငာစာအ မွတ္ ၂၄/၂ဝ၁၉ ျဖင့္ ျပည္ပသို႔တင္ပို႔ ခြင့္ျပဳခဲ့သည့္ ကုန္ပစၥည္းအုပ္စု(၇)မ်ိဳးတြင္ ပါဝင္ေသာ တစ္ဆင့္ျမင့္ျပဳျပင္ထုတ္လုပ္ထားေသာ ေကာက္ပဲသီးႏွံမ်ား ႏွင့္စပ္လ်ဥ္း၍ ရွင္း လင္းစြာ သိရွိေဆာင္႐ြက္ႏိုင္ရန္ ပဲမ်ိဳးစုံ၊ ေျပာင္းႏွင့္ ႏွမ္းတို႔အတြက္ တစ္ဆင့္ျမင့္ျပဳျပင္ ထုတ္လုပ္ႏိုင္ေသာ ထုတ္ကုန္အေျခအေနမ်ားကို ပို႔ကုန္သြင္းကုန္ႏွင့္ပတ္သက္ေသာ သ တင္းလႊာ(၂/၂ဝ၂ဝ)ျဖင့္ အသိေပးထုတ္ျပန္ခဲ့သည္။

ယခုအခါအခ်ိဳ႕ေသာ ႏိုင္ငံျခားကုမၸဏီမ်ားသည္ သတင္းလႊာပါ ေဖာ္ျပခ်က္တစ္ခ်ိဳ႕အ ေပၚအေျခခံ၍ ပဲမ်ိဳးစုံ၊ ေျပာင္း၊ ႏွမ္းတို႔ကို တစ္ဆင့္ျမင့္ျပဳျပင္ထုတ္လုပ္ျခင္းမရွိဘဲ တစ္ ဆင့္ျမင့္ျပဳျပင္ထုတ္လုပ္ထားေသာ ေကာက္ပဲသီးႏွံမ်ားအျဖစ္ တင္ပို႔လ်က္ရွိေၾကာင္း စိ စစ္ေတြ႕ရွိရျခင္းေၾကာင့္ ပဲမ်ိဳးစုံ၊ ေျပာင္း၊ ႏွမ္းတို႔အတြက္ တစ္ဆင့္ျမင့္ျပဳျပင္ထုတ္လုပ္ႏိုင္ေသာ ထုတ္ကုန္အေျခအေနႏွင့္စပ္လ်ဥ္းသည့္ ပို႔ကုန္သြင္းကုန္ႏွင့္ပတ္သက္ေသာ သတင္းလႊာကိုလည္း ပယ္ဖ်က္လိုက္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဇူလိုင္လ ၂၇ ရက္ကအသိေပးထုတ္ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.