ဂိုးသွင်းခွင့်များ လွဲချော်ခဲ့ရသည့်တိုက်စစ်မှူး ဟာလန်းနှင့်ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာ ထုတ်ဖော်ပြောဆို

566

ဖြိုးခန့် (NP News) - ဇူလိုင် ၃၁
လီဗာပူးလ်အသင်းကို(၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ကွန်မြူနတီဒိုင်းပွဲစဉ်တွင် တိုက်စစ်မှူး ဟာလန်း အနီးကပ် ကန်သွင်းခွင့်များအပါအဝင် အခွင့်အရေးများစွာကိုဆုံးရှုံးခဲ့ရမှုအပေါ် စိုးရိမ်မှုမရှိကြောင်း
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုလိုက်သည်။
မန်စီးတီးအသင်းအတွက် အင်္ဂလန်ပြည်တွင်းပွဲစဉ်အဖြစ် ပထမဆုံးပွဲဦးထွက်ကစားခဲ့သော ဟာလန်းသည် လီဗာပူးအသင်းနှင့်ကစားသည့် ကွန်မြူနတီဒိုင်းလုပွဲတွင် မျှော်လင့်သလောက် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးရမည့်အခွင့်အရေးတွေ လွဲချော်ခဲ့ရကာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်၊၊
နည်းပြပက်ဂွါဒီယိုလာက “ဟာလန်းဟာ ကြံခိုင်တောင့်တင်းနေပါတယ်။ နောက်တစ်ကြိမ်ကျရင် သူဂိုးသွင်းယူနိုင်ပါလိမ့်မယ်၊၊ ဟာလန်းဟာ ဂိုးသွင်းနိုင်မယ့်အခွင့်အရေးရရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ သူ့မှာ အရည်အချင်းတွေနဲ့ ကြိုးစားချင်စိတ်တွေရှိပါတယ်၊၊ ဟာလန်းဟာ ကစားပွဲတစ်ပွဲလုံးမှာ အခွင့် အရေးတွေ အများကြီးရခဲ့ပါတယ်၊၊ ဟာလန်းဟာ နိုင်ငံအသစ်နဲ့ လိဂ်အသစ်မှာ ခြေစွမ်းပြကစားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးအသင်းနဲ့ပွဲမှာ သူဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာမယုံကြည်စရာကောင်းလောက်တဲ့အရည်အချင်းတွေ ရှိနေပါတယ်၊၊ ကျွန်တော်ဟာလန်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ဖြစ်နေမှာမဟုတ်ပါဘူး၊၊ ဟာလန်းဂိုးသွင်းမှုနဲ့အတူ ကျွန်တော်တို့အနိုင်ရမယ်ဆိုရင် ကျွန်တော်ပျော်ရွှင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးပြိုင်ပွဲက ၁၁ လကြာ ကစားရမှာဖြစ်တယ်။ ဟာလန်း ဟာ ကျွန်တော်တို့မန်စီးတီးအသင်းကို ကူညီပေးနိုင်မှာဖြစ်တယ်။ မန်စီးတီးအသင်းသည် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိသော်လည်း ဟာလန်း၏ကစားပုံနှင့်ပတ်သက်ပြီး အသင်းကစားဟန်ကိုလိုက်လျောညီထွေဖြစ်အောင် လုပ်စရာမလိုကြောင်း နည်းပြပက်ဂွါဒီယိုလာက ပြောကြားခဲ့သည်၊၊
နည်းပြပက်ဂွါဒီယိုလာက “ဟာလန်းဟာ ကျွန်တော်တို့ကို ကူညီပါလိမ့်မယ်၊၊ ဟာလန်းခြေစမ်းပွဲမှာ ဂိုးသွင်းယူခဲ့တုန်းက လူတိုင်းက သူဘယ်လောက် အထင်ကြီးစရာကောင်းကြောင်း ပြောခဲ့ကြပါတယ်၊၊ သူဟာ ယနေ့ဒီမှာရှိနေပြီး အခွင့်အရေးတွေလည်း များစွာရှိပါတယ်။ဘာမှမပြောင်းလဲပါဘူး” ဟု ပြောကြားခဲ့သည်၊၊
https://www.theguardian.com/football/2022/jul/30/guardiola-not-concerned-after-haaland-fails-to-fire-on-manchester-city-debut

Zawgyi Version;
ဂိုးသြင္းခြင့္မ်ား လြဲေခ်ာ္ခဲ့ရသည့္တိုက္စစ္မႉး ဟာလန္းႏွင့္ပတ္သက္ၿပီး မန္စီးတီးနည္းျပ ဂြါဒီယိုလာ ထုတ္ေဖာ္ေျပာဆို
ၿဖိဳးခန႔္ (NP News) - ဇူလိုင္ ၃၁
လီဗာပူးလ္အသင္းကို(၃)ဂိုး (၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ေသာ ကြန္ျမဴနတီဒိုင္းပြဲစဥ္တြင္ တိုက္စစ္မႉး ဟာလန္း အနီးကပ္ ကန္သြင္းခြင့္မ်ားအပါအဝင္ အခြင့္အေရးမ်ားစြာကိုဆုံးရႈံးခဲ့ရမႈအေပၚ စိုးရိမ္မႈမရွိေၾကာင္း
မန္စီးတီးနည္းျပ ဂြါဒီယိုလာက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
မန္စီးတီးအသင္းအတြက္ အဂၤလန္ျပည္တြင္းပြဲစဥ္အျဖစ္ ပထမဆုံးပြဲဦးထြက္ကစားခဲ့ေသာ ဟာလန္းသည္ လီဗာပူးအသင္းႏွင့္ကစားသည့္ ကြန္ျမဴနတီဒိုင္းလုပြဲတြင္ ေမွ်ာ္လင့္သေလာက္ ေျခစြမ္းျပကစားႏိုင္ခဲ့ျခင္းမရွိဘဲ ဂိုးရမည့္အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့ရကာ ဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ေၾကာင္းသိရသည္၊၊
နည္းျပပက္ဂြါဒီယိုလာက “ဟာလန္းဟာ ႀကံခိုင္ေတာင့္တင္းေနပါတယ္။ ေနာက္တစ္ႀကိမ္က်ရင္ သူဂိုးသြင္းယူႏိုင္ပါလိမ့္မယ္၊၊ ဟာလန္းဟာ ဂိုးသြင္းႏိုင္မယ့္အခြင့္အေရးရရွိခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့ဘူး။ သူ႔မွာ အရည္အခ်င္းေတြနဲ႔ ႀကိဳးစားခ်င္စိတ္ေတြရွိပါတယ္၊၊ ဟာလန္းဟာ ကစားပြဲတစ္ပြဲလုံးမွာ အခြင့္ အေရးေတြ အမ်ားႀကီးရခဲ့ပါတယ္၊၊ ဟာလန္းဟာ ႏိုင္ငံအသစ္နဲ႔ လိဂ္အသစ္မွာ ေျခစြမ္းျပကစားႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ လီဗာပူးအသင္းနဲ႔ပြဲမွာ သူဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ သူ႔မွာမယုံၾကည္စရာေကာင္းေလာက္တဲ့အရည္အခ်င္းေတြ ရွိေနပါတယ္၊၊ ကြၽန္ေတာ္ဟာလန္းရဲ႕ေျခစြမ္းနဲ႔ပတ္သက္ၿပီး စိုးရိမ္စိတ္ေတြ ျဖစ္ေနမွာမဟုတ္ပါဘူး၊၊ ဟာလန္းဂိုးသြင္းမႈနဲ႔အတူ ကြၽန္ေတာ္တို႔အႏိုင္ရမယ္ဆိုရင္ ကြၽန္ေတာ္ေပ်ာ္႐ႊင္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ေဘာလုံးၿပိဳင္ပြဲက ၁၁ လၾကာ ကစားရမွာျဖစ္တယ္။ ဟာလန္း ဟာ ကြၽန္ေတာ္တို႔မန္စီးတီးအသင္းကို ကူညီေပးႏိုင္မွာျဖစ္တယ္။ မန္စီးတီးအသင္းသည္ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ျခင္းမရွိေသာ္လည္း ဟာလန္း၏ကစားပုံႏွင့္ပတ္သက္ၿပီး အသင္းကစားဟန္ကိုလိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္စရာမလိုေၾကာင္း နည္းျပပက္ဂြါဒီယိုလာက ေျပာၾကားခဲ့သည္၊၊
နည္းျပပက္ဂြါဒီယိုလာက “ဟာလန္းဟာ ကြၽန္ေတာ္တို႔ကို ကူညီပါလိမ့္မယ္၊၊ ဟာလန္းေျခစမ္းပြဲမွာ ဂိုးသြင္းယူခဲ့တုန္းက လူတိုင္းက သူဘယ္ေလာက္ အထင္ႀကီးစရာေကာင္းေၾကာင္း ေျပာခဲ့ၾကပါတယ္၊၊ သူဟာ ယေန႔ဒီမွာရွိေနၿပီး အခြင့္အေရးေတြလည္း မ်ားစြာရွိပါတယ္။ဘာမွမေျပာင္းလဲပါဘူး” ဟု ေျပာၾကားခဲ့သည္၊၊
https://www.theguardian.com/football/2022/jul/30/guardiola-not-concerned-after-haaland-fails-to-fire-on-manchester-city-debut