ဒီနှစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးတိုက်စစ်အတွဲများ

 511

ရဲပြည့် (NP News) - ဩဂုတ် ၁
ဥရောပထိပ်သီးလိဂ်တွေထဲက အကောင်းဆုံးတိုက်စစ်အတွဲတွေကို ဆက်လက်တင်ဆက်ပေးချင်ပါတယ်။

(၁)ပထမဆုံးအနေနဲ့ကတော့ ရီးရဲလ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ဘန်ဇီမာ၊ ဗီနီဇီးယက်၊ ရိုဒရိုတို့ရဲ့တိုက်စစ်အတွဲပဲဖြစ်ပါတယ်။

ဒီတိုက်စစ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကနေရာကနေ ပါဝင်ထားနိုင်ခဲ့တာကို သိရပါတယ်။ ထင်သလောက်ခရီးရောက်မယ်မထင်ခဲ့ပေမယ့် လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ချန်ပီယံလိဂ်ကိုပါ ရယူထားနိုင်ခဲ့တဲ့အထိ အောင် မြင်ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ဘန်ဇီမားရဲ့ မနှစ်က စွမ်းဆောင်ရည်တွေဟာ တော်တော်လေးအထင်ကြီးစရာကောင်းခဲ့ပြီးတော့ အဆုံးအဖြတ်ဂိုးတွေကို သွေးအေးအေးနဲ့သွင်းယူပြနေပြီး ရောနယ်ဒိုမရှိတဲ့ကွက်လပ်ကို အကောင်းဆုံးဖြည့်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘလွန်းဒီအော်ဆုကတော့ သူ့အတွက် ပဲဖြစ်သင့်တာ အမှန်ပါ။

နောက်ထပ်တစ်ယောက်ကတော့ ဘရားဇီးလ်သားပီပီ စကေးပိုင်းကြွယ်ဝပြီး အတိုးအလှုပ်တွေနဲ့ လျင်လျင်မြန်မြန်ကစားတတ်တဲ့ ဗီနီဇီးယက်ရဲ့မနှစ်က စွမ်းဆောင်ရည်တွေဟာ ဘန်ဇီမာလိုပဲ အရေးပါခဲ့တာဖြစ်ပါတယ်။ ခြေစွမ်းပိုင်းသိသိသာသာတိုးတက်လာခဲ့တဲ့ ဗီနီဇီးယက်ဟာ ဒီနှစ်မှာရော ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရဖို့ရှိနေပါတယ်။

(၂) နောက်ထပ်တိုက်စစ်အတွဲကတော့ စီရီးအေ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့ ဗလာဟိုဗစ်၊ ထရီရောဆာ၊ ဒီမာရီယာဆိုတဲ့ တိုက်စစ်အတွဲပဲဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ အခုနောက်ပိုင်းမှာ ခြေစွမ်းပိုင်းအရရော ဥရောပအောင်မြင်မှုတွေကိုပါ ရယူထားနိုင်ခြင်းမရှိတောတာဖြစ်ပါတယ်။ ရောနယ်ဒိုရောက်ရှိလာခဲ့ချိန်က မျှော်လင့်ချက်ကြီးမားခဲ့တဲ့ သူတို့အသင်းဟာ စီးအေးဖလားတစ်လုံးသာ လောက်လောက်လားလားစွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဗလာဟိုဗစ်ကတော့ ပြီးခဲ့တဲ့ရာသီမှာမှ အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ထင်ထားသလို အောင်မြင်မှုတွေ မရရှိခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် တစ်ရာသီလုံးမှာ (၂၁)ပွဲသာ ကစားပေးထားပြီး (၉) ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက လိုချင်တဲ့ကစားသမားဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဂျူဗင်တပ်အသင်းမှာ ခြေစွမ်းပိုင်အရ အားရစရာမကောင်းတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတာပါ။ ထရီရေဆာကတော့ ဂျူဗင်တပ်အသင်းရဲ့အထောင်တိုက်စစ်မှာ အကောင်းဆုံးခြေစွမ်းပြကစားနေပြီးတော့ ဥရောပမှာဆိုရင်လည်း အောင်မြင်မှုတွေရယူထားခဲ့တဲ့ကစားသမားကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီမာရီယာကတော့ PSG အသင်းကနေ ဒီနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီးတော့ ခြေစမ်းပွဲတွေမှာ အထင်ကြီးစရာ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ဒီတိုက်စစ်အတွဲကရော ဘယ် လောက်အထိ စွမ်းဆောင်ပြနိုင်မလဲဆိုကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။

(၃) နောက်ဆုံးအနေနဲ့ကတော့ စပိန်ဘီလူးကြီး ဘာစီလိုနာရဲ့ တိုက်စစ်အတွဲဖြစ်တဲ့ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ဒမ်ဘီလီတို့ရဲ့တိုက်စစ်အတွဲပဲဖြစ်ပါတယ်။

ဒီတိုက်စစ်အတွဲကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ လီဝန်ဒေါစကီးနဲ့ ရာဖင်ဟာဆို့ရောက်ရှိလာမှုက ဘာစီတို့ရဲ့မှေးမှိန်နေခဲ့တဲ့ တိုက်စစ်ကို အသက်သွင်းဖို့အတွက် အကောင်းဆုံးအခြေအနေတွေလည်းဖြစ်ပါတယ်။ ခြေစမ်းပွဲတွေမှာလည်း အကောင်းဆုံးခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ ရာဖင်ဟာရဲ့ဘယ်ခြေတစ်ပေါက်ကလည်း သွားနောက်လို့မရသလို ရီးရဲလ်မက်ဒရစ်နဲ့ခြေစမ်းပွဲမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး ဂလက်ဆီကိုပွဲပထမဆုံးမှာတင် (၂)ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံအုပ်ကြီး ဒမ်ဘီလီဟာဆိုရင်လည်း ဒီနှစ်မှာ ပြန်လည်တောက်ပလာခဲ့ပြီးဖြစ်တာကြောင့် ဘာစီလိုနာတို့ လာလီဂါမှာရော ဥရောပမှာပါ အောင် မြင်မှုတွေ ပြန်လည်ရယူနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေသလို မဟာပြိုင်ဘက်အသင်းကြီးဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်အသင်းကိုလည်း လာမယ့်ရာသီမှာ အကောင်းဆုံးဖိအားပေးနိုင်ဦးမလားဆိုတာကို ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရဖို့ရှိနေပါတယ်။

မကြာခင်မှာလည်း ဥရောပထိပ်သီးအသင်းတွေရဲ့ ရာသီအဖွင့်ပွဲစဉ်တွေကို စတင်ယှဉ် ပြိုင်ဖို့ရှိနေတာကြောင့် အပြောင်းအရွှေ့ကာလ လူခေါ်မှုတွေနဲ့အတူ အဆုံးသတ်မှာ ဘယ်အသင်းက အောင်မြင်မှုတစ်ခုကို တည်ဆောက်ပြသွားနိုင်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

zawgyi version
ဒီႏွစ္အတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာ အေကာင္းဆုံးတိုက္စစ္အတြဲမ်ား
ရဲျပည့္ (NP News) - ဩဂုတ္ ၁

ဥေရာပထိပ္သီးလိဂ္ေတြထဲက အေကာင္းဆုံးတိုက္စစ္အတြဲေတြကို ဆက္လက္တင္ဆက္ေပးခ်င္ပါတယ္။

(၁)ပထမဆုံးအေနနဲ႔ကေတာ့ ရီးရဲလ္အသင္းနဲ႔အတူ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့ ဘန္ဇီမာ၊ ဗီနီဇီးယက္၊ ႐ိုဒ႐ိုတို႔ရဲ႕တိုက္စစ္အတြဲပဲျဖစ္ပါတယ္။

ဒီတိုက္စစ္ဟာ ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေအာင္ျမင္မႈေတြမွာ အဓိကေနရာကေန ပါဝင္ထားႏိုင္ခဲ့တာကို သိရပါတယ္။ ထင္သေလာက္ခရီးေရာက္မယ္မထင္ခဲ့ေပမယ့္ လာလီဂါ၊ စပိန္ဘုရင့္ဖလားနဲ႔ခ်န္ပီယံလိဂ္ကိုပါ ရယူထားႏိုင္ခဲ့တဲ့အထိ ေအာင္ ျမင္ခဲ့တာျဖစ္ပါတယ္။

အထူးသျဖင့္ ဘန္ဇီမားရဲ႕ မႏွစ္က စြမ္းေဆာင္ရည္ေတြဟာ ေတာ္ေတာ္ေလးအထင္ႀကီးစရာေကာင္းခဲ့ၿပီးေတာ့ အဆုံးအျဖတ္ဂိုးေတြကို ေသြးေအးေအးနဲ႔သြင္းယူျပေနၿပီး ေရာနယ္ဒိုမရွိတဲ့ကြက္လပ္ကို အေကာင္းဆုံးျဖည့္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘလြန္းဒီေအာ္ဆုကေတာ့ သူ႔အတြက္ ပဲျဖစ္သင့္တာ အမွန္ပါ။

ေနာက္ထပ္တစ္ေယာက္ကေတာ့ ဘရားဇီးလ္သားပီပီ စေကးပိုင္းႂကြယ္ဝၿပီး အတိုးအလႈပ္ေတြနဲ႔ လ်င္လ်င္ျမန္ျမန္ကစားတတ္တဲ့ ဗီနီဇီးယက္ရဲ႕မႏွစ္က စြမ္းေဆာင္ရည္ေတြဟာ ဘန္ဇီမာလိုပဲ အေရးပါခဲ့တာျဖစ္ပါတယ္။ ေျခစြမ္းပိုင္းသိသိသာသာတိုးတက္လာခဲ့တဲ့ ဗီနီဇီးယက္ဟာ ဒီႏွစ္မွာေရာ ဘယ္ေလာက္အထိ စြမ္းေဆာင္ျပႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။

(၂) ေနာက္ထပ္တိုက္စစ္အတြဲကေတာ့ စီရီးေအ ထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းရဲ႕တိုက္စစ္အတြဲျဖစ္တဲ့ ဗလာဟိုဗစ္၊ ထရီေရာဆာ၊ ဒီမာရီယာဆိုတဲ့ တိုက္စစ္အတြဲပဲျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ အခုေနာက္ပိုင္းမွာ ေျခစြမ္းပိုင္းအရေရာ ဥေရာပေအာင္ျမင္မႈေတြကိုပါ ရယူထားႏိုင္ျခင္းမရွိေတာတာျဖစ္ပါတယ္။ ေရာနယ္ဒိုေရာက္ရွိလာခဲ့ခ်ိန္က ေမွ်ာ္လင့္ခ်က္ႀကီးမားခဲ့တဲ့ သူတို႔အသင္းဟာ စီးေအးဖလားတစ္လုံးသာ ေလာက္ေလာက္လားလားစြမ္းေဆာင္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။

ဗလာဟိုဗစ္ကေတာ့ ၿပီးခဲ့တဲ့ရာသီမွာမွ အသင္းကိုေရာက္ရွိလာခဲ့တာျဖစ္ၿပီးေတာ့ ထင္ထားသလို ေအာင္ျမင္မႈေတြ မရရွိခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းအတြက္ တစ္ရာသီလုံးမွာ (၂၁)ပြဲသာ ကစားေပးထားၿပီး (၉) ဂိုးသာ သြင္းယူေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းက လိုခ်င္တဲ့ကစားသမားျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဂ်ဴဗင္တပ္အသင္းမွာ ေျခစြမ္းပိုင္အရ အားရစရာမေကာင္းတဲ့အေျခအေနေတြနဲ႔ရင္ဆိုင္ေနရတာပါ။ ထရီေရဆာကေတာ့ ဂ်ဴဗင္တပ္အသင္းရဲ႕အေထာင္တိုက္စစ္မွာ အေကာင္းဆုံးေျခစြမ္းျပကစားေနၿပီးေတာ့ ဥေရာပမွာဆိုရင္လည္း ေအာင္ျမင္မႈေတြရယူထားခဲ့တဲ့ကစားသမားေကာင္းတစ္ေယာက္ပဲျဖစ္ပါတယ္။ ဒီမာရီယာကေတာ့ PSG အသင္းကေန ဒီႏွစ္မွာ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေတာ့ ေျခစမ္းပြဲေတြမွာ အထင္ႀကီးစရာ စြမ္းေဆာင္ရည္ေတြကို ျပသထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီေတာ့ ဒီတိုက္စစ္အတြဲကေရာ ဘယ္ ေလာက္အထိ စြမ္းေဆာင္ျပႏိုင္မလဲဆိုကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။

(၃) ေနာက္ဆုံးအေနနဲ႔ကေတာ့ စပိန္ဘီလူးႀကီး ဘာစီလိုနာရဲ႕ တိုက္စစ္အတြဲျဖစ္တဲ့ လီဝန္ေဒါစကီး၊ ရာဖင္ဟာ၊ ဒမ္ဘီလီတို႔ရဲ႕တိုက္စစ္အတြဲပဲျဖစ္ပါတယ္။

ဒီတိုက္စစ္အတြဲကေတာ့ ေတာ္ေတာ္ေလး စိတ္ဝင္စားစရာေကာင္းပါတယ္။ ဘာလို႔လည္းဆိုေတာ့ လီဝန္ေဒါစကီးနဲ႔ ရာဖင္ဟာဆို႔ေရာက္ရွိလာမႈက ဘာစီတို႔ရဲ႕ေမွးမွိန္ေနခဲ့တဲ့ တိုက္စစ္ကို အသက္သြင္းဖို႔အတြက္ အေကာင္းဆုံးအေျခအေနေတြလည္းျဖစ္ပါတယ္။ ေျခစမ္းပြဲေတြမွာလည္း အေကာင္းဆုံးေျခစြမ္းေတြကို ျပသထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ရာဖင္ဟာရဲ႕ဘယ္ေျခတစ္ေပါက္ကလည္း သြားေနာက္လို႔မရသလို ရီးရဲလ္မက္ဒရစ္နဲ႔ေျခစမ္းပြဲမွာ ႏွစ္ဂိုးသြင္းယူခဲ့ၿပီး ဂလက္ဆီကိုပြဲပထမဆုံးမွာတင္ (၂)ဂိုးသြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ေဆး႐ုံအုပ္ႀကီး ဒမ္ဘီလီဟာဆိုရင္လည္း ဒီႏွစ္မွာ ျပန္လည္ေတာက္ပလာခဲ့ၿပီးျဖစ္တာေၾကာင့္ ဘာစီလိုနာတို႔ လာလီဂါမွာေရာ ဥေရာပမွာပါ ေအာင္ ျမင္မႈေတြ ျပန္လည္ရယူႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနသလို မဟာၿပိဳင္ဘက္အသင္းႀကီးျဖစ္တဲ့ ရီးရဲယ္မက္ဒရစ္အသင္းကိုလည္း လာမယ့္ရာသီမွာ အေကာင္းဆုံးဖိအားေပးႏိုင္ဦးမလားဆိုတာကို ကြၽန္ေတာ္တို႔ဆက္လက္ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။

မၾကာခင္မွာလည္း ဥေရာပထိပ္သီးအသင္းေတြရဲ႕ ရာသီအဖြင့္ပြဲစဥ္ေတြကို စတင္ယွဥ္ ၿပိဳင္ဖို႔ရွိေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ကာလ လူေခၚမႈေတြနဲ႔အတူ အဆုံးသတ္မွာ ဘယ္အသင္းက ေအာင္ျမင္မႈတစ္ခုကို တည္ေဆာက္ျပသြားႏိုင္မလဲဆိုတာကို ရင္ခုန္စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

Related news

© 2021. All rights reserved.