မြစ်ကြီးနားမြို့တွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သင်ဖြူးဖျာရောင်းသော လူငယ်တစ်ဦးသေဆုံး

994

NP News - သြဂုတ် ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် သင်ဖြူးဖျာရောင်းသော လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၃ဝ ရက်၊ နံနက် ၁၁ နာရီတွင် မြို့သစ်ကြီးရပ်ကွက်နေ ကိုမင်းထက်အောင်(၁၉)နှစ်သည် သင်ဖြူးဖျာနှင့် ခေါင်းအုံးများရောင်းချရန် ဆိုင်ကယ်ဖြင့်နေအိမ်မှ ထွက်ခွာလာချိန် နောင်နန်းကျေးရွာအုပ်စု၊ ယိမ်းခေါ်ရွာအဝင်လမ်းအရောက်တွင် အ ကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
အဆိုပါပစ်ခတ်မှုကြောင့် ကိုမင်းထက်အောင်သည် ယိမ်းခေါ်ရွာအဝင်လမ်းဘေးတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
အလားတူ ည ၈ နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်နေ ဦးအားဆီ (၆၅)နှစ်သည် မြဝတီမြို့မှ ၎င်း၏နေအိမ်သို့ ပြန်လာချိန်တွင် နေအိမ်ခြံတံခါးဝအရောက်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား (၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
၎င်းပစ်ခတ်မှုကြောင့် ဦးအားဆီမှာ သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရန် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။

zawgyi version
ျမစ္ႀကီးနားၿမိဳ႕တြင္ ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ သင္ျဖဴးဖ်ာေရာင္းေသာ လူငယ္တစ္ဦးေသဆုံး
NP News - ၾသဂုတ္ ၁
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားတြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ သင္ျဖဴးဖ်ာေရာင္းေသာ လူငယ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွသတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇူလိုင္လ ၃ဝ ရက္၊ နံနက္ ၁၁ နာရီတြင္ ၿမိဳ႕သစ္ႀကီးရပ္ကြက္ေန ကိုမင္းထက္ေအာင္(၁၉)ႏွစ္သည္ သင္ျဖဴးဖ်ာႏွင့္ ေခါင္းအုံးမ်ားေရာင္းခ်ရန္ ဆိုင္ကယ္ျဖင့္ေနအိမ္မွ ထြက္ခြာလာခ်ိန္ ေနာင္နန္းေက်း႐ြာအုပ္စု၊ ယိမ္းေခၚ႐ြာအဝင္လမ္းအေရာက္တြင္ အ ၾကမ္းဖက္သမားက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
အဆိုပါပစ္ခတ္မႈေၾကာင့္ ကိုမင္းထက္ေအာင္သည္ ယိမ္းေခၚ႐ြာအဝင္လမ္းေဘးတြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ားရရွိ၍ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။
အလားတူ ည ၈ နာရီအခ်ိန္ခန႔္တြင္ ျမစ္ႀကီးနားၿမိဳ႕၊ ေျမျမင့္ရပ္ကြက္ေန ဦးအားဆီ (၆၅)ႏွစ္သည္ ျမဝတီၿမိဳ႕မွ ၎၏ေနအိမ္သို႔ ျပန္လာခ်ိန္တြင္ ေနအိမ္ၿခံတံခါးဝအေရာက္တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသား (၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
၎ပစ္ခတ္မႈေၾကာင့္ ဦးအားဆီမွာ ေသနတ္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့၍ ေဆးကုသႏိုင္ရန္ ျမစ္ႀကီးနားၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထား သည္။